Transparency Myanmar

transparency.myanmar@gmail.com

Date: 16 - Nov - 2009
ဇင်ဘာဘွေ ဝန်ကြီးချုပ် မော်ဂန်ဆဗန်ဂီရိုင်း သည် တောင်အာဖရိက
ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း၏ ကြားဝင် စေ့စပ်ပေးမှုဖြင့်
ကျင်းပမည်ဖြစ်သော အစိုးရတွင်း ညှိနှိုင်းဆွေးနွေးပွဲအတွက် မူဝါဒ
အကြမ်းထည်ကို ဆွေးနွေးရန် ၎င်း၏ Movement for Democratic Change နှင့်
ZANU-PF မှ စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ပါသည်။
ဆဗန်ဂီရိုင်းနှင့် တွေ့ဆုံခဲ့သူများမှာ တရားရေးဝန်ကြီး Patric
Chinamasa၊ ပို့ဆောင်ရေး ဝန်ကြီး Nicolas Goche (ZANU-PF) နှင့်
ဘဏ္ဍာရေးဝန်ကြီး Tendai Biti (၎င်း၏ ပါတီမှ) တို့ ဖြစ်ပါသည်။
MDC ဘက်မှ စေ့စပ်ရေးမှူးများကို ဦးဆောင်သူ ဒုတိယ ဝန်ကြီးချုပ် Arthur
Mutambara တက်ရောက်ခဲ့ခြင်း မရှိဘဲ ခရီးလွန်နေသည်ဟု သိရှိရပါသည်။
သမ္မတ ရောဘတ်မူဂါဘီ အပါအဝင် ညွန့်ပေါင်းအစိုးရ အကြီးအကဲ (၃) ဦးသည်
သောကြာနေ့က တွေ့ဆုံခဲ့ကြပါသည်။
အထက်ပါ အကြီးအကဲများ၏ သောကြာနေ့ တွေ့ဆုံမှု နောက်ဆက်တွဲအဖြစ် တနင်္လာနေ့
အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆဗန်ဂီရိုင်း၏ ပြောခွင့်ရပုဂ္ဂိုလ်
ဂျိမ်းမာရီဒါဒီက VOA စတူဒီယိုဆဲဗင်း သတင်းထောက်သို့ ပြောကြားခဲ့ပါသည်။
နိုင်ငံရေးလေ့လာသူ အီမင်နျူဝယ် လဘန်ဂါနာ က သတင်းထောက် တန်ဂါမီလီကိုမို
ကို ပြောကြားရာတွင် ကမ္ဘာက သဘောတူထားသော နိုင်ငံရေးလုပ်ငန်းစဉ်ကို
အပြည့်အဝ အကောင်အထည်ဖော်ရန် ZANU-PF က ဆန္ဒအနည်းငယ်သာ ရှိပုံရကြောင်း၊
ယခုအချိန်ထိ အကောင်းဆုံး ဖြေရှင်းနည်းဟု သတ်မှတ်ထားသော ကိစ္စရပ်သည် အစ
ကနဦးကပင် အာဏာခွဲဝေရာတွင် အခက်အခဲများရှိခဲ့ပြီး၊ ယခုတစ်ကြိမ် ရက် (၃၀)
အတွင်း ပါတီများ တွေ့ဆုံ၍ အာဏာ ခွဲဝေရေးမှာလည်း ဖြစ်နိုင်ဖွယ်
မရှိကြောင်း သုံးသပ်ပြခဲ့ပါသည်။
အခြားတနေရာတွင်လည်း ဝန်ကြီးချုပ်၏ MDC အဖွဲ့ ဘဏ္ဍာရေးမှူး ဆီနိတ်တာ Roy
Bennett သည် ၎င်းတာဝန်ယူစဉ်ကာလအတွင်း ပါဝင်ပတ်သက်ခဲ့သော လက်နက်မှုမှ ၎င်းအား
ကယ်ဆယ်ရန် တရားသူကြီးချုပ်က ငြင်းပယ်ခဲ့ပြီးနောက် ယခု တနင်္လာနေ့တွင်
အဆိုပါ အကြမ်းဖက်မှုနှင့် ဆက်စပ်သော လက်နက်များကိစ္စနှင့် ပတ်သက်၍ ၎င်းအား
ကြားနာစစ်ဆေးခြင်း ကို ဟာရာရီ၌ ပြုလုပ်ခဲ့ပါသည်။
ရှေ့နေချုပ် ဂျိုဟန်း တိုမာနာ ဦးဆောင်သော အစိုးရရှေ့နေများက Bennett
သည် ရန်ပုံငွေများကို မိုဇမ်ဘစ်နိုင်ငံမှတဆင့် Peter Hitschman ထံ
လွှဲပြောင်းခဲ့ကြောင်း စွပ်စွဲခဲ့ပါသည်။ Hitschman သည် ယခု
တရားစွဲဆိုမှုတွင် အရေးကြီးသော သက်သေတစ်ဦး ဖြစ်ပြီး၊ လက်နက် ပိုင်ဆိုင်မှု
ဥပဒေအရ ၂၀၀၆ တွင် ထောင်ထဲ ဝင်ခဲ့ရသူ ဖြစ်သည်။
Hitschman အဖမ်းခံရမှုနှင့် ပတ်သက်သော ရဲစုံစမ်းရေး စစ်ဆေးရေးမှူး၏
ထွက်ဆိုချက်ကို Bennett ၏ ရှေ့နေများက စောဒကတက်ခဲ့ပြီးနောက်
ကြားနာစစ်ဆေးမှုကို ရပ်နားခဲ့ပါသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

(From: BBC News),Date: 18 - Nov - 2009
အမေရိကန် သမ္မတ Barack Obama သည် ၎င်း၏ တရုတ်ပြည် ခရီးစဉ်နောက်ဆုံးနေ့တွင်
တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကြားပေါင်နှင့် တွေ့ဆုံမည် ဖြစ်ပါသည်။
အာရှတိုက်၏ တိုးတက်သော ကြယ်ပွင့် တရုတ်နိုင်ငံသို့ လာရောက်သော Obama ၏
ခရီးစဉ်ကို အများစုက ဝိုင်း၍ စောင့်ကြည့်နေခဲ့ကြပါသည်။
တရုတ်နိုင်ငံ တတိယ အဆင့်အမြင့်ဆုံးခေါင်းဆောင်နှင့် Obama က နေ့လည်စာ
စားသုံးမည့် အစီအစဉ်တွင် ကုန်သွယ်ရေးနှင့် ပတ်သက်သော အငြင်းပွားမှုများ
ရှိကောင်းရှိလာနိုင်မည် ဖြစ်ပါသည်။ အဆိုပါ တတိယခေါင်းဆောင်သည်
စီးပွားရေးအတွက် တာဝန်ရှိသူ ဖြစ်ပါသည်။
ထို့နောက် Obama သည် မဟာတံတိုင်းကြီးသို့ ခေတ္တ သွားရောက် လည်ပတ်မည် ဖြစ်ပါသည်။
အင်္ဂါနေ့က Obama သည် ရာသီဥတု ပြောင်းလဲမှုများနှင့် မြောက်ကိုရီးယား
အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် သမ္မတ ဟူကျင်းတောင်နှင့်
သဘောတူညီခဲ့ပါသည်။ အဆိုပါ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုတွင်
တိဗက်ကိစ္စပါဝင်သော လူ့အခွင့်အရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း
Obama က ပြောပါသည်။
တရုတ်သမ္မတက တိဗက်ကိစ္စမျိုးကို ဆွေးနွေးရာတွင် သာတူညီမျှရေးစိတ်ဓာတ်နှင့်
ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေးစိတ်တို့ကို အခြေခံရမည်ဟု
ပြောခဲ့ပါသည်။
သမ္မတ Obama ၏ ခရီးစဉ်တွင် တရုတ်ပြီးလျှင် တောင်ကိုရီးယားနိုင်ငံ
မြို့တော် ဆိုးလ်သို့ ခရီးဆက်မည် ဖြစ်ပြီး၊ ဆွေးနွေးမှုများတွင်
မြောက်ကိုရီးယား၏ နျူကလီးယား ရည်မှန်းချက်များကို အဓိက
ပစ်မှတ်ထားလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပြသခဲ့သည်ဆိုသော်လည်း
သမ္မတ Obama နှင့် ဟူကျင်းတောင်တို့ကြားတွင် ကုန်သွယ်ရေးကိစ္စသည်
ပြဿနာရှိသော ကိစ္စတစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သတင်းထောက်များက
ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံက တရုတ်မှသွင်းသော စတီးနှင့် တာယာများကို
အထူးဈေးနှုန်းဖြင့် အကောက်ခွန်ကောက်သည့် ကိစ္စကို တရုတ်က
ကန့်ကွက်ခဲ့ပါသည်။
ဝါရှင်တန်က နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ဖြစ်ပေါ်လျက်ရှိသော ကြီးမားသော
မညီမျှမှုကို စိုးရိမ်ပြီး၊ တရုတ်နိုင်ငံကို ဒေါ်လာငွေ တန်ဖိုးနည်းအောင်
လုပ်ပြီး၊ ၎င်း၏ ပို့ကုန်အသာစီးရအောင် ပြုလုပ်သည်ဟု စွပ်စွဲခဲ့ပါသည်။
သမ္မတနှစ်ဦး ဆွေးနွေးမှုအပြီးတွင် ဟူကျင်းတောင်က အမေရိကန်အား
ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို စွန့်လွှတ်ရန်နှင့် Obama ကလည်း
တရုတ်ကို ယွမ်ငွေ ထိန်းချုပ်ထားမှုအား ဖြေလျော့ပေးရန် အပြန်အလှန်
တိုက်တွန်းခဲ့ကြပါသည်။
သို့သော် နှစ်ဖက်စလုံးက စီးပွားရေးနှင့် ပတ်သက်သော တင်းမာမှုများ
လျော့ချရန် လိုအပ်သည်ကို သိကြောင်း၊ ယခုထိတော့ Obama ၏ ခရီးစဉ်မှ မည်သည့်
အဓိကအရေးကြီးသည့် အချက်မျှ ပေါ်ထွက်လာခြင်း မရှိကြောင်း ဘီဘီစီ သတင်းထောက်
Chris Hogg က ဘီဂျင်းမှ သတင်းပေးပို့ခဲ့ပါသည်။
စီးပွားရေးကိစ္စကဲ့သို့ပင်၊ မြောက်ကိုရီးယားကိစ္စသည်လည်း
တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံလျှင် ဆွေးနွေးရန် လိုအပ်သည့် အကြောင်းအရာ
ဖြစ်ပါသည်။
အမေရိကန်ရော တရုတ်ကပါ အဆိုပါ အထီးကျန်နိုင်ငံကို နျူကလီးယား
ဆွေးနွေးမှုများသို့ ပြန်လာရန် တိုက်တွန်းခဲ့ကြပါသည်။ ဝမ်ကျားပေါင်သည်
ပြီးခဲ့သည့်လက ပြုံယမ်းတွင် Kim Jong-il နှင့် တွေ့ဆုံခဲ့ပါသည်။
ကြာသပတေးနေ့တွင် အမေရိကန်သမ္မတသည် ဆိုးလ်သို့ ခရီးဆက်မည် ဖြစ်ပါသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

Date: 17 - Nov – 2009, Ashin Mettacara
ကမ္ဘောဒီးယား တာဝန်ရှိ ပုဂ္ဂိုလ်များသည် ထိုင်းပြည်ပြေး
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို စုံစမ်းမှု (စပိုင်) ဖြင့်
အရေးယူထားသော ထိုင်းနိုင်ငံသားတစ်ဦးနှင့် ထိုင်းသံတမန်များကို အင်္ဂါနေ့က
ပထမအကြိမ် တွေ့ဆုံခွင့်ပြုခဲ့ကြောင်း ထိုင်းအာဏာပိုင်များက
ပြောကြားပါသည်။
ဖနွမ်းပင်သို ထိုင်းနိုင်ငံ၏ သြဇာကြီးသော ဝန်ကြီးချုပ်ဟောင်း ယခင်အပတ်က
ရောက်ရှိလာစဉ် ၎င်း၏ လေကြောင်းခရီးစဉ် အသေးစိတ်ကို ထိုင်းနိုင်ငံ သံရုံးသို့
သတင်းပေးမှုဖြင့် ကမ္ဘောဒီးယား လေကြောင်းဌာနမှ အလုပ်သမား
စီဝါရမ်ချိုသီပေါင် (၃၁ နှစ်) ကို ကြာသပတေးနေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သက်ဆင်အား စီးပွားရေးအကြံပေးအဖြစ် ကမ္ဘောဒီးယားက ခန့်အပ်ခဲ့ခြင်းနှင့်
ဘန်ကောက်သို့ ပြန်လည်ပေးပို့ရန် ငြင်းဆန်ခဲ့မှုကြောင့် ဖြစ်ပွားခဲ့သော
အိမ်နီးချင်း (၂) နိုင်ငံကြား သံတမန် အငြင်းပွားမှုသည်
ယခုဖမ်းဆီးမှုကြောင့် ပိုမို နက်ရှိုင်းလာပါသည်။
ထိုင်းနိုင်ငံ သံရုံးအရာရှိများသည် အကျဉ်းထောင်တွင် စီဝါရမ်အား
သွားရောက် တွေ့ဆုံခဲ့ကြပြီး၊ အခြေအနေအားလုံး ကောင်းမွန်ကြောင်း
အစီရင်ခံခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၏ အတွင်းရေးမှူး Chavanond
Intarakomatyasut က ပြောပါသည်။
အကျဉ်းထောင်တွင် ၎င်းအား ကောင်းမွန်စွာ ဆက်ဆံပါသည်။ ၎င်းအား ကာကွယ်ပေးရန်၊
ရှေ့နေငှားပေးရန် ကိစ္စများနှင့်တကွ အမှုအကြောင်း အသေးစိတ်
မေးမြန်းခဲ့ကြသည်ဟု Chavanond က သတင်းထောက်များအား ပြောကြားပါသည်။
စီဝါရပ် သည် ထိုင်းနိုင်ငံရှိ ၎င်း၏ မိခင်နှင့် တယ်လီဖုန်းနှင့်
ဆက်သွယ်ခွင့် ရခဲ့ကြောင်း သိရပါသည်။
သတင်းအချက်အလက်များ ပေးပို့မှုဖြင့် ကြာသပတေးနေ့တွင် စီဝါရပ်အား
ဖမ်းဆီးခဲ့ပြီးနောက် ထိုင်းသံရုံး ပထမအတွင်းဝန်ကို ကမ္ဘောဒီးယားက
နှင်ထုတ်ခဲ့ပြီး၊ နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံကလည်း အပြန်အလှန်
ဆောင်ရွက်ခဲ့သည်။
၂၀၀၆ တွင် စစ်တပ်မှ အာဏာသိမ်း ဖြုတ်ချခံရပြီးနောက် ၎င်း၏ မျက်ကွယ်တွင်
ချမှတ်ခဲ့သော ထောင်ဒဏ်ကို ရှောင်ရှားရန် ပြည်ပတွင် တိမ်းရှောင်နေခဲ့သော
သက်ဆင်သည် လက်ရှိ ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားအောင်
လှုံ့ဆော်ခဲ့သူဖြစ်သည်။
သက်ဆင်အား လက်ခံခဲ့သည့် ကမ္ဘောဒီးယားကို စိတ်ဆိုးသွားသည့်
ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် ပြုလုပ်ဆဲ ပူးပေါင်းဆောင်ရွက်မှုများ
စကားဝိုင်းများကို ရပ်ဆိုင်းလိုက်ပြီး၊ သက်ဆင်လက်ထက်က
သဘောတူစာချုပ်ခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်း များကို
ရုတ်သိမ်းလိုက်ပါသည်။
အိမ်နီးချင်း နှစ်နိုင်ငံ၏ နယ်ခြားဒေသရှိ (၁၁) ရာစု ပရီဗီဟာ
ဘုရားကျောင်း အနီးတဝိုက်တွင် ပိုင်နက် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီး၊
နှစ်ဖက်စစ်တပ်၏ ပစ်ခတ်မှုများတွင် အသေအပျောက်ရှိခဲ့သောကြောင့် အခြေအနေများ
တင်းမာနေခဲ့ပြီး ဖြစ်ပါသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

Editorial from The Bangkok Post,18-Nov-2009
အကယ်၍ မြန်မာအစိုးရသည် လာမည့်နှစ် ရွေးကောက်ပွဲအား အမှန်တကယ်
အရေးကြီးသည်ဟု ယူဆပါက အမေရိကန် သမ္မတ အိုဘားမား၏ ပြောခဲ့သော စကားများနှင့်
လုပ်ရပ်များအား လေးလေးနက်နက် ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။
၄၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ခေါင်းဆောင်နှင့်
မြန်မာအစိုးရ၏ အာဏာပိုင်တို့ တွေ့ဆုံမှုတွင် အိုဘားမားသည် သတင်းစကားနှစ်ခု
မြန်မာအစိုးရကို ပြောကြားခဲ့ပါသည်။
နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်၊ ပထမဆုံး
ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အိုဘားမားက မြန်မာဗိုလ်ချုပ်များအား
တောင်းဆိုခဲ့ပါသည်။ ဒုတိယတစ်ချက် Obama ရှင်းရှင်းလင်းလင်း
ပြောကြားခဲ့သော အချက်မှာ အမေရိကန်သည် နည်းလမ်းအသစ်ဖြင့် မြန်မာကို
ချဉ်းကပ်နေသော်လည်း၊ တပ်မတော်အစိုးရအပေါ် ချမှတ်ထားသော အရေးယူ
ပိတ်ဆို့မှုများကို ဆက်လက်ထားရှိမည် ဆိုသော အချက်ဖြစ်ပါသည်။
အိုဘားမားနှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့၏ တွေ့ဆုံမှုမှာ
ထူးထူးခြားခြား အံ့သြစရာ မကောင်းလှပေ။ ပထမအချက်မှာ စင်ကာပူ၌ ကျင်းပသော
APEC ထိပ်သီး ညီလာခံတွင် တံခါးပိတ်ထားသော အခန်းတွင်း၌ တွေ့ဆုံကြခြင်း
ဖြစ်ပြီး ဒုတိယအချက်မှာ နှစ်ယောက်တည်း မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း
မဟုတ်ခဲ့ခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ရည်ညွှန်း
ပြောဆိုမှုများမှာလည်း အခြား အာဆီယံ ခေါင်းဆောင်များအပေါ် အထွေထွေ
တင်ပြချက်များ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။
သို့သော် Obama ၏ မြန်မာနိုင်ငံကို ရည်ညွှန်း ပြောဆိုမှုများသည် ၎င်း၏
အာဆီယံသို့ ပေးသော မှတ်ချက်၊ အပြင်လူများကို ပေးသော မှတ်ချက်များအနက်
အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ထွက်ပေါ်လာပါ သည်။
အမေရိကန် သမ္မတနှင့် တွေ့ဆုံပြီးသောအခါ အာဆီယံသည် ထုံးစံအတိုင်း ၎င်း၏
အေးစက်စက် သဘောထားကို ပြပါသည်။ အမေရိကန် - အာဆီယံ ပူးတွဲကြေညာချက်
ထုတ်ပြန်ရာတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ ဖော်ပြထားခြင်း
မရှိပေ။ အာဆီယံအနေဖြင့် စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲမရှိဟု
ခန့်မှန်းရနိုင်ပြီး မြန်မာနိုင်ငံကို လွတ်လပ်သော ရွေးကောက်ပွဲ
ဖြစ်စေရေးအတွက်သာ ကြေညာချက်တွင် ဖော်ပြထားပါသည်။ တည့်တည့်တွေးရလျှင်
ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို ရှောင်ရှားလိုက်ခြင်းပင် ဖြစ်ပါသည်။
အကယ်၍ မြန်မာအစိုးရအနေဖြင့် လွတ်လပ်သော ရွေးကောက်ပွဲအဖြစ် အားလုံးကို
ယုံကြည်စေလိုလျှင် သွားရမည့် ခြေလှမ်းများမှာ ရှင်းရှင်းလေး ဖြစ်ပါသည်။
ပထမအဆင့်အနေဖြင့် အိုဘားမားပြောခဲ့သော နိုင်ငံရေးအကျဉ်းသားများကို
လွှတ်ပေးရန် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ ၁၉၆၂ ကတည်းက မြန်မာပြည်သူများအပေါ်
သွေးထွက် သံယိုစေမှုများ၊ ဖိနှိပ်မှုများ၏ ပြယုဂ်ပင် ဖြစ်ပါသည်။ ယခု
ဖမ်းဆီးထားသော ထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများသည်
တပ်မတော်အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင်ရုံထက် ပိုသော အန္တရာယ်ကို
ပေးခဲ့ကြသူများ မဟုတ်ပါ။ ထို့ကြောင့် ထိုသူများ တစ်ဦးတစ်ယောက်
ထောင်ထဲတွင် ကျန်နေလျှင်ပင်၊ စီစဉ်ထားသော ရွေးကောက်ပွဲသည်
လွတ်လပ်လိမ့်မည် မဟုတ်ပေ။
ဒေါ်အောင်ဆန်းစုကြည်သည် အချိန် အတော်များများ ထိန်းသိမ်းခံနေရပြီး
မြန်မာနိုင်ငံ၏ ရှင်းလင်း ပြတ်သားစွာ ထွက်ပေါ်လာသော တစ်ဦးတည်းသော
အတိုက်အခံခေါင်းဆောင် ဖြစ်ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း သူမ၏ ပင်ကို
ရဲရင့်မှုကြောင့်ပင် ဖြစ်ပါသည်။ သို့သော် တပ်မတော်အစိုးရကို ရဲရဲဝံ့ဝံ့
ဝေဖန်သူ၊ ငြိမ်းချမ်းစွာ အတိုက်အခံပြုသူများကို ဗိုလ်ချုပ်များသည်
နှိပ်စက်ခြင်း၊ ထောင်ချခြင်း၊ ကြောက်ရွံ့ သွားအောင် ပြုလုပ်ခြင်း၊
အဝေးသို့ ထွက်ပြေးရစေခြင်းများကို ပြုလုပ်လျက် ရှိပါသည်။
အကယ်၍ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးခြင်း၊
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် လွတ်လပ်စွာ စကားပြောခွင့်
ပေးခြင်းတို့ကို ခွင့်ပြုခဲ့မည်ဆိုလျှင် တပ်မတော်အစိုးရအတွက်
အဓိကခြေလှမ်း ဖြစ်ပေလိမ့်မည်။
သို့မဟုတ်လျှင် Asean က ဝေဝေဝါးဝါး ရည်ညွှန်းခဲ့သော လွတ်လပ်သော
ရွေးကောက်ပွဲအဖြစ် အာမခံနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍
တပ်မတော်အစိုးရအနေဖြင့် ကမ္ဘာကို ၎င်း၏ ရွေးကောက်ပွဲအား လက်ခံစေလိုပါက
နိုင်ငံခြားသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့များ ကဲ့သို့သော
နိုင်ငံခြားသား လေ့လာသူများကို ခွင့်ပြုရမည် ဖြစ်ပါသည်။ သို့မဟုတ်ပါက
ကုလသမဂ္ဂ လေ့လာသူများကို ခွင့်ပြုရမည် ဖြစ်ပါသည်။ မဲပေးမှုများသည်
ကြောက်ရွံ့ခြင်း ကင်းရမည် ဖြစ်ပါသည်။
အလားတူ အရေးကြီးသော အချက်တစ်ခုမှာ မဲဆန္ဒရှင်လူထု၏ စိတ်ထဲတွင်
တပ်မတော်အစိုးရ၏ အာဏာ အလွယ်တကူ အမြစ်တွယ်နေမှုကို မုန်းတီးနေမည်မှာ
အသေအချာ ဖြစ်သည်။ ၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ၏
အနိုင်ရမှုအား မျက်ကွယ်ပြု၍ တပ်မတော်မှ အာဏာ ဆက်လက်
ချုပ်ကိုင်ထားခဲ့ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတွင်းရှိ အတိုက်အခံများရော၊ နိုင်ငံတကာရှိ
မြန်မာမိတ်ဆွေများက အာဏာရှင်အစိုးရသည် အာဏာကို ကောင်းစွာ
ချုပ်ကိုင်နိုင်နေပြီ ဖြစ်ကြောင်း ယုံကြည်နေကြပြီ ဖြစ်သည်။
တပ်မတော်အစိုးရသည် ကမ္ဘာကြီးနှင့် ပုံမှန်ကုန်သွယ်ရေး၊ ဆက်ဆံရေးတို့ကို
ဖြတ်တောက်ခဲ့ပါသည်။
အမေရိကန်သမ္မတသည် ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုရော အခြားအာဆီယံ
ခေါင်းဆောင်များ ကို ရှင်းရှင်းလင်းလင်း ပြောကြားထားသည်မှာ
အမေရိကန်ပြည်ထောင်စုသည် တပ်မတော် အစိုးရခေါင်းဆောင်များ ခံယူချက်
ပြောလာရေးကို လမ်းဖွင့်ပေးထားသည်ဟု ဆိုပါသည်။
လာမည့်နှစ် ရွေးကောက်ပွဲသည် နိုင်ငံတကာ၏ လေးစားမှုကို ပြန်လည်
ရယူနိုင်သည့် အခွင့်အရေးဖြစ်သော်လည်း ဗိုလ်ချုပ်များက ၎င်းအခွင့်အရေးကို
အသုံးချနိုင်မှုအပေါ်တွင် မူတည်နေပေသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

17 Nov 2009
နိုင်ငံတကာ အကူအညီများမှ တစ်နှစ်လျှင် ဒေါ်လာဘီလျံပေါင်းများစွာ ရနေသော
ဆိုမာလီယာ နှင့် အာဖဂန်နစ္စတန် နိုင်ငံများသည် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး
အကျင့်ပျက် လာဘ်စားသော နိုင်ငံများ ဖြစ်သည်ဟု နိုင်ငံတကာ စောင့်ကြည့်
လေ့လာရေး အဖွဲ့က ပြောကြားလိုက်သည်။
Transparency International က ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင်
စစ်ကြောင့် ပျက်စီးယိုယွင်းနေသော ဆိုမာလီယာနိုင်ငံက ကမ္ဘာ့အကျင့်ပျက်
လာဘ်စားမှု အများဆုံး အဖြစ် ထိပ်ဆုံးမှ ရပ်တည်နေပြီး ၎င်း၏နောက်တွင်
အာဖဂန်နစ္စတန်၊ မြန်မာ၊ ဆူဒန် စသဖြင့် အစဉ်လိုက် ရပ်တည် နေပါသည်။
ဘာလင် အခြေစိုက် အဖွဲ့အစည်း၏ နောက်ဆုံး ထုတ်ပြန်ချက်အရ
စည်းကမ်းလိုက်နာမှု အရှိဆုံးမှာ နယူးဇီလန်ဖြစ်ပြီး ဒိန်းမတ်၊ စင်ကာပူ၊
ဆွီဒင်စသဖြင့် အစဉ်လိုက် ရှိနေပါသည်။ ကေနဒါက ၾသစေၾတးလ်၊
အိုက်စလန်တို့နှင့်အတူ ပူးတွဲ နံပါတ် ၈ နေရာကို ရရှိခဲ့ပြီး
အမေရိကန်ပြည်ထောင်စု က နံပါတ် ၁၉ ချိတ်ပါသည်။
အကျင့်ပျက်ခြစားမှု အနည်းဆုံး နိုင်ငံများ၏ လေးစားဖွယ်
စွမ်းဆောင်ချက်များမှာ ၎င်းတို့၏ နိုင်ငံရေး တည်ငြိမ်မှု သက်တမ်းရှည်
ခိုင်မာနေသော စည်းမျဉ်းစည်းကမ်းများ၏ ထိန်းချုပ်နိုင်မှု၊ ကျစ်လစ်၍
စွမ်းဆောင်ရည် ပြည့်ဝသော လူထုအဖွဲ့အစည်းများ ရှိနေမှုတို့နှင့်
သက်ဆိုင်သည်ဟု လေ့လာရေး အဖွဲ့က သတ်မှတ်ပါသည်။
နိုင်ငံအစိုးရများ၏ အကျင့်ပျက်ခြစားမှုကို လက်ခံတုန့်ပြန်မှု သဘောထား
အပေါ်တွင် ကျွမ်းကျင်သူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ (ကမ္ဘာ့ဘဏ်၊
ကမ္ဘာ့စီးပွားရေးဖိုရမ်) ၏ တိုင်းထွာ သုံးသပ်ချက်များကို အခြေပြု၍
Transparency International ၏ အဆင့်အတန်း သတ်မှတ်ချက်ကို ထုတ်ပြန်ခြင်း
ဖြစ်သည်။
အကျင့်ပျက် လာဘ်စားမှု အများဆုံး အဖြစ် သတ်မှတ်ခံရသော နိုင်ငံများမှာ
၎င်းတို့ နိုင်ငံတွင်းရှိ ကြာရှည်စွာ အမြစ်တွယ်နေသော ပြဿနာ
အကျပ်အတည်းများကြောင့် ၎င်းတို့၏ အစိုးရအဖွဲ့အစည်းနှင့် အခြေခံအဆောက်အဦများ
ယိုယွင်း ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါ သည်။
Transparency International 2009 အကျင့်ပျက်ခြစားမှု သတ်မှတ်ချက်အညွှန်း
အကျင့်ပျက်ခြစားမှုအများဆုံး ထိပ်ဆုံး ၁၀ နိုင်ငံ
- ဆိုမာလီယာ
- အာဖဂန်နစ္စတန်
- မြန်မာ
- ဆူဒန်
- အီရတ်
- ချဒ်
- ဥစဘတ်ကစ္စတန်
- တပ်စ်မင်နစ္စတန်
- အီရန်
- ဟေတီ
အကျင့်ပျက်ခြစားမှု အနည်းဆုံး ထိပ်ဆုံး ၁၀ နိုင်ငံ
- နယူးဇီလန်
- ဒိန်းမတ်
- စင်ကာပူ
- ဆွီဒင်
- ဆွစ်ဇာလန်
- ဖင်လန်
- နယ်သာလန်
- သြစတြေးလျ၊ ကနေဒါ၊ အိုက်စလန်
- နော်ဝေး
- ဟောင်ကောင်

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသော ပြဿနာကြီးများကို တရုတ်နိုင်ငံနှင့်
အမေရိကန်ပြည်ထောင်စုတို့ အတူပူးပေါင်းကာ တိုက်ဖျက်သွားမည်ဟု နှစ်နိုင်ငံ
သမ္မတကြီးနှစ်ဦး သဘောတူညီ လိုက်ကြပြီဖြစ်ကြောင်း ဘီဘီစီသတင်း
ဌာနကရေးသားဖော်ပြသည်။
တရုတ်ပြည်သည် အမေရိကန်ပြည်ထောင်စု အတွက် အဓိကအရေးပါသော မဟာမိတ်
နိုင်ငံကြီးတစ်ခုဖြစ်ပြီး အမေရိကန်တွင် ဖြစ်ပေါ်ခဲ့သော စီးပွားရေးကျဆင်းမှု
ပြဿနာထဲမှ ရုန်းထွက်နိုင်ရန်လည်း အကူအညီပေးခဲ့ကြောင်း အိုဘားမားက
ထုတ်ဖော်ပြောဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က မြို့တော် ဘေဂျင်းတွင်ပြုလုပ်သော နှစ်နာရီကြာ
တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်သမ္မတ ဟူကျင်တောင်နှင့် အမေရိကန်သမ္မတ ဘားရက်
အိုဘားမားတို့နှစ်ဦး ကမ္ဘာ့ပြဿနာများအတွက် ပူးပေါင်းဆောင်ရွက်ရန်
သဘောတူညီမှု များစွာ ပြုလုပ်နိုင်ခဲ့သည်။ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ
ပူးပေါင်းဖြေရှင်းမည့် အရေးကိစ္စများတွင် ရာသီဥတု ပြောင်းလဲမှု၊
ဖန်လုံအိမ်အာနိသင် လျှော့ချမှုနှင့် နျူကလီးယားလက်နက် ဖြုတ်သိမ်းမှုတို့ က
ထိပ်ဆုံးနေရာတွင် ရှိကြောင်း ဆင်ဟွာနှင့်အေပီသတင်း ဌာနတို့က
တူညီစွာဖော်ပြသည်။
"၂၁ရာစုရဲ့ အရေးကြီးတဲ့ စိန်ခေါ်မှုကြီးတွေ ဖြစ်တဲ့ပြဿနာတွေကို
ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်း ဖြေရှင်းသွားမှာပါ။ ရာသီဥတု
ပြောင်းလဲမှုကနေ နျူကလီးယား မပြန့်ပွားရေးကိစ္စအထိ ပါ ပါဝင်ပါတယ်။
တကယ်ပြောရရင် အဲဒီပြဿနာကြီးတွေကို ကျွန်တော်တို့ တစ်နိုင်ငံတည်း
ဖြေရှင်းလို့မရပါဘူး" ဟု အိုဘားမား ကဆိုသည်။
မစ္စတာအိုဘားမားသည် အမေရိကန် သမ္မတတစ်ဦးအဖြစ် တရုတ်ပြည် အပါအဝင်
အာရှဒေသသို့ ပထမဆုံးခရီးစဉ်အဖြစ် နိုဝင်ဘာလ ၁၂ မှ စတင်ခဲ့သည်။ နိုင်ငံရေး
ကျွမ်းကျင်သူ အတော်များများက သမ္မတ အိုဘားမားသည် အာရှဒေသနှင့်
အရှေ့တောင်အာရှဒေသတွင် တရုတ်ပြည်၏ သြဇာလွှမ်းမိုးမှု အလွန်အမင်း
ဖြစ်ပေါ်နေခြင်းကို ချိန်ခွင်လျှာမျှရန် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
"ကမ္ဘာ့ဇာတ်ခုံမှာ တရုတ်ပြည် အင်မတန် ဖွံ့ဖြိုးတိုးတက်လာတဲ့ ကိစ္စဟာ
တကယ့်ကို ဂုဏ်ယူဝမ်းမြောက်စရာပါပဲ" ဟု အိုဘားမားက တရုတ်ပြည် စန်းထခေါင်း
ထောင်လာမှုနှင့် ပတ်သက်၍ သုံးသပ် ပြောဆိုသည်။
ဘေဂျင်းမြို့တော် တွေ့ဆုံဆွေးနွေးမှုတွင် အိုဘားမားက တရုတ်ပြည်မကြီး
အနေဖြင့် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို လက်ခံတွေ့ဆုံပြီး
ဟိမဝန္တာဒေသ မတူညီမှုများကို ဖြေ ရှင်းသင့်ကြောင်း ထုတ်ဖော်ပြောဆိုရာ သမ္မတ
ဟူဂျင်းတောင်က ဒလိုင်းလားမားသည် တိဘက်ပြည် ခွဲထွက်ရေး အတွက်
ကြိုးပမ်းနေသူတစ်ဦး ဖြစ်ကြောင်း၊ တရုတ်ထိပ်တန်း အရာရှိကြီးများနှင့်
တိဘက်ကိုယ်စားလှယ်များသည် ယခင်က တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်ခဲ့သော်လည်း ရလာဒ်တစ်စုံတရာ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပါကြောင်း
ပြောဆိုသည်။ ဘေးဂျင်း ဆွေးနွေးပွဲတွင် ထူးခြားချက်မှာ သမ္မတ ဟူဂျင်းတောင်က
အမေရိကန်ပြည် ထောင်စုနှင့် ပူးပေါင်းပြီး လူ့အခွင့်အရေးနှင့် ဘာသာရေး
လွတ်လပ်ခွင့် ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ် ကြောင်း ပြောဆိုသည်။

AP သတင်းဌာန၏ Obama, Chinese leader pledge cooperation ကိုဘာသာ
ပြန်ထားခြင်း ဖြစ်သည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

17 Nov 2009, mizzima
မြန်မာပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် ယခု လောလောဆယ်
ဘန်ကောက်တွင် ရောက်ရှိနေပြီး မနက်ဖြန် ရုရှားသို့ ထွက်ခွာမည်ဖြစ်ကြောင်း
ဌာနဆိုင်ရာ သတင်းများအရသိရှိရသည်။
ဗိုလ်ချုပ်မောင်ဦး ခေါင်းဆောင်သည့် အဆင့်မြင့် ရဲအရာရှိကြီးများ
ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်တွင်
ထိုင်းနိုင်ငံမြို့တော်သို့ ရောက်ရှိခဲ့ပြီး ရုရှားခရီးစဉ်အတွက် တစ်ထောက်
နားခဲ့ခြင်း ဖြစ်သည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

17 Nov 2009, mizzima
မြန်မာပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် ယခု လောလောဆယ်
ဘန်ကောက်တွင် ရောက်ရှိနေပြီး မနက်ဖြန် ရုရှားသို့ ထွက်ခွာမည်ဖြစ်ကြောင်း
ဌာနဆိုင်ရာ သတင်းများအရသိရှိရသည်။
ဗိုလ်ချုပ်မောင်ဦး ခေါင်းဆောင်သည့် အဆင့်မြင့် ရဲအရာရှိကြီးများ
ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်တွင်
ထိုင်းနိုင်ငံမြို့တော်သို့ ရောက်ရှိခဲ့ပြီး ရုရှားခရီးစဉ်အတွက် တစ်ထောက်
နားခဲ့ခြင်း ဖြစ်သည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---