Transparency Myanmar

transparency.myanmar@gmail.com

18 Nov 2009, RFA . Home.

          အမေရိကန် ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားက ပြည်ပရောက် တိဘက်အစိုးရနှင့် ဆွေးနွေးမှုများ ပြန်လည် စတင်ရန် ဘီဂျင်းကို တိုက်တွန်းလိုက်ပါသည်။

          သမ္မတ ဘိုဘားမားသည် ၂၀၀၉ နိုဝင်ဘာ ၁၈ က ဘီဂျင်းတွင် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် နှင့် ဆွေးနွေးပွဲ မစမီ လက်ဆွဲ နှုတ်ဆက်လိုက်ပါသည်။

          တရုတ် ကွန်မြူနစ်ပါတီက ခွဲထွက်ရေး ဝါဒီတစ်ဦးအဖြစ် သတ်မှတ် နှင်ထုတ်ထားသူ ပြည်ပရောက် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားနှင့် ဆွေးနွေးမှုများ စတင်ရန် ဘီဂျင်းကို တိုက်တွန်းလိုက်ခြင်းအားဖြင့် သမ္မတ အိုဘားမားသည် ၎င်း၏ ရက်ကြာ တရုတ် ခရီးစဉ်အတွင်း တာဝန်တစ်ခုကို ဆောင်ရွက်လိုက်ပါသည်။

          တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ TAK သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း လက်ခံရန် အမေရိကန်ပြည်ထောင်စုက စဉ်းစားနေစဉ် အတောအတွင်း အိုဘားမားက ဘီဂျင်းအား ဒလိုင်လားမား၏ ကိုယ်စားလှယ်အဖွဲ့နှင့် ရပ်ဆိုင်းထားသော ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

          နှစ်ဖက်စလုံးတွင် ရှိနေသော စိုးရိမ်မှု ပူပန်မှုများ၊ သဘောထား ကွဲလွဲမှုများကို ဖြေရှင်းရန် တရုတ်အစိုးရနှင့် ဒလိုင်လားမား၏ ကိုယ်စားလှယ်များအကြား ရပ်ဆိုင်းနေသော ဆွေးနွေးမှုကို အမြန်ဆုံး ပြန်လည် စတင်နိုင်ရန် အမေရိကန် ပြည်ထောင်စုက ထောက်ခံ အားပေးသွားမည်ဟု အိုဘားမားနှင့် တရုတ်သမ္မတ ဟူကျင်းတောင်တို့ ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပါသည်။

          တရုတ်နိုင်ငံမှ ခွဲထွက်ရန် ရည်ရွယ်သော လုပ်ဆောင်မှု မှန်သမျှကို အမေရိကန်မြေပေါ်တွင် လှုပ်ရှားခွင့် မပြုရန် ဟူကျင်းတောင်က အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းထားပါသည်။

          တရုတ်၏ အုပ်ချုပ်မှုအောက်တွင် ပိုမို လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိမည့် ၎င်း၏ အလယ်အလတ်လမ်းစဉ်အတွက် ထောက်ခံအားပေးမှု ရရှိရန် အီတလီသို့ ရောက်ရှိနေသည့် ဒလိုင်းလားမားကလည်း အိုဘားမား၏ မှတ်ချက်ကို ကြိုဆိုလိုက်ပါသည်။

          ပြဿနာအစစ်မှာ လူမျိုးစု တိုင်းရင်းသားများအပေါ် ထားရှိသည့် တရုတ်၏ မူဝါဒဖြစ်သော တရားမျှတမှု မရှိခြင်း၊ တစ်ဖက်သတ်ဆန်ခြင်း၊ လူမျိုးစုများ၏ ယဉ်ကျေးမှု အမွေအနှစ်၊ လူနေမှု ပုံစံတို့ကို လေးစားရန် ပျက်ကွက်ခြင်းစသည့် အချက်များ ဖြစ်သည်ဟု ဒလိုင်းလားမား၏ ပြောကြားချက်ကို အီတလီသတင်းစာ La Republica က ဖော်ပြပါသည်။

          အိန္ဒိယ အခြေစိုက် ပြည်ပရောက် တိဘက်အစိုးရသည် တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးရန်အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံအမျိုးမျိုးကို လေ့လာနေသည်ဟု သိရပါသည်။ "တရုတ်ပြည်မှာ အာဏာရှင် အစိုးရရှိနေတာ ဒုက္ခတစ်ခုပဲဗျာ" ဟု ၎င်းက ညည်းတွားခဲ့ပါသည်။

          အိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် "ဟူကျင်းတောင်က" သတင်းထောက်များအား "ဘီဂျင်း၏ သဘောထားနှင့် စိုးရိမ်ပူပန်မှုများကို ဝါရှင်တန်က နားလည် သဘောပေါက်၍ ထောက်ခံမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

          "ဟူ" ထိုင်ဝမ်ကိစ္စကို မှန်ကန်စွာ ကိုင်တွယ်ရန်၊ တရုတ်မှ ခွဲထွက်ရန် ကြံစည်သော တိဘက် လွတ်မြောက်ရေး လှုပ်ရှားသူများ၊ အရှေ့ တာကစ္စတန်တပ်ဖွဲ့များ၏ မည်သည့် လှုပ်ရှားမှုကိုမှ အမေရိကန်မြေပေါ်တွင် ခွင့်မပြုရန်၊ အိုဘားမားအစိုးရကို တောင်းဆိုခဲ့ပြီး ဇင်ဂျီယမ်း အူဂါ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသရှိ အစိုးရကို ဆန့်ကျင်သော အူဂါမွတ်စလင် တပ်ဖွဲ့များကို "ဟူ"က ရည်ညွှန်းပြောဆိုခဲ့ ခြင်း ဖြစ်သည်။

လူ့အခွင့်အရေးကိစ္စကို ဖိအားပေးမှာလား။

          ခေါင်းဆောင် ဦး၏ ပူးတွဲကြေညာချက်တွင် ပညာရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဖလှယ်ရေးများကို မြှင့်တင်သွားရန် အလေးပေး ဖော်ပြထားပါသည်။

          အွန်လိုင်း သတင်းအချက်အလက်များ လွတ်လပ်ခွင့်ပေးရန် အသေးစိတ် ရည်ညွှန်းခြင်းမှ လွဲ၍ ဘီဂျင်း၏ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စများကို ဖိအားပေးရေးမှာမူ အခြေအနေအရ အိုဘားမားခရီးစဉ် ဦးစားပေးစာရင်း၏ အောက်ဆုံးသို့ ရောက်ရှိသွားပါသည်ဟု လေ့လာသူများက ဆိုပါသည်။

          အမေရိကန်အခြေစိုက် ပညာရှင်ဇူစူယွမ်က ကမ္ဘာလုံးဆိုင်ရာ ငွေကြေးတန်ဖိုး ကျဆင်းမှုကို ရည်ညွှန်း ကိုးကား၍ "အမေရိကန်သည် သမိုင်းတွင်မည့် အမှားများကို ပြုလုပ်ခဲ့သည်"ဟု ပြောကြားပါသည်။ အမေရိကန်သည် ကြီးမား များပြားသော နိုင်ငံတကာ ကြွေးမြီများထဲတွင် မိမိဘာသာမိမိ နစ်မြုပ်နေမှုကြောင့် စေ့စပ် ညှိနှိုင်းနိုင်သည့် ပါဝါမှာလည်း အနည်းငယ်သာ ရှိတော့ကြောင်း၊ ကြောက်မက်ဖွယ် အနေအထားသို့ ရောက်ရှိနေပြီး လွယ်ကူစွာ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ဇူက ပြောကြားခဲ့ပြီး လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ထိထိရောက်ရောက် ဆွေးနွေးမှုများ စတင်ပြုလုပ်လိုပုံ မရပါဟု ဇူက သုံးသပ်ပါသည်။

          အိုဘားမား အစိုးရသည် ဒီမိုကရေစီရေး ကိစ္စများ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် လူ့အခွင့်အရေး ကိစ္စများကို ကိုင်တွယ် ဆောင်ရွက်ရာတွင် ၎င်း၏ ရှေ့မှ အစိုးရများလောက် ခွန်အား ကောင်းပုံမရဟု သုံးသပ်သူမှာ စီချွမ်အခြေစိုက် အွန်လိုင်းဝေဖန်သုံးသပ်သူ ရမ်ယမ်ဖေးဖြစ်ပါသည်။

          အမေရိကန်တို့သည် ယခင်ကလောက် တောင့်တင်း သန်မာမှု မရှိတော့ပါ။ အိုဘားမား အနေနှင့် ညှိနှိုင်း ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးလာခြင်းမှာ ပိုမို ကောင်းမွန်သင့်တော်သည်ဟု ရမ်ယမ်ဖေးက မှတ်ချက်ပေးပါသည်။

          ထို့အပြင် ယခုကဲ့သို့ တရုတ်ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခြင်းကို ခံစားနေရသော အချိန်တွင် တရုတ်အစိုးရနှင့် ပူပေါင်းဆောင်ရွက်၍ ပိုက်ဆံများ ယူဆောင်သွားခြင်းသည် တရုတ်ပြည်သူများ၏ သွေးကို ယူဆောင်သွားခြင်းပင် ဖြစ်သည်ဟု ၎င်းကပြောပါသည်။

          တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးကိစ္စသည် အိုဘားမား လျစ်လျူမရှုနိုင်သော ကိစ္စ ဖြစ်သော်လည်း ယခုအချိန်ထိ ကောင်းမွန်စွာ ဆောင်ရွက်ခဲ့ခြင်း မရှိပါဟု ရမ်က သုံးသပ် ပြောကြားခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

          ဂျပန်၊ စင်ကာပူ၊ တရုတ်နှင့် တောင်ကိုရီးယား အစရှိသည့် နိုင်ငံများကို သွားရောက်ခဲ့သော အမေရိကန်သမ္မတ အိုဘားမာ၏ ခရီးစဉ်နှင့် ပတ်သက်သော သတင်းများကို ဖတ်ကြည့်ပါက အိုဘားမားသည် ခရီးစဉ်အတွင်း အောင်မြင်သော အရေးကိစမြောက်မြားစွာ အကောင်အထည် ဖော်နိုင်ခဲ့သည်ဟု ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။

          တစ်ချိန်တည်းမှာပင် အမေရိကန် အစိုးရမှ အရေးကြီး ပုဂ္ဂိုလ်များနှင့် ကမ္ဘာ့ နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များ နိုင်ငံအသီးသီးတွင် လက်ခံတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ကြသည့် သတင်းများမှာ အမေရိကန် ပြည်ထောင်စုအတွက် အလွန်အမင်း အရေးပါသော ကိစ္စတစ်ခု ဖြစ်လာသည်။

          သမ္မတ အိုဘားမား၏ အာရှပစိဖိတ် ခရီးစဉ်တွင် လွန်စွာ အရေးပါခဲ့သည်မှာ ဂျပန် ခရီးစဉ် ဖြစ်သည်။ ဂျပန်နိုင်ငံသည် န်ကြီးချုပ်သစ် ယူကီယိုဟာတိုယားမား ဦးဆောင်သော အစိုးရအဖွဲ့သစ်၏ အုပ်ချုပ်မှု လက်အောက်တွင် စတင်ရောက်ရှိ နေပြီဖြစ်သည်။ အဆိုပါ အစိုးရသစ်သည် အမေရိကန် ပြည်ထောင်စု၏ ကာလကြာရှည်သော မဟာမိတ် အစိုးရအဖွဲ့ နေရာတွင် အစားထိုး င်ရောက်လာသူ ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေး၊စီပွားရေး အစရှိသည့် အခန်း ကဏ္ဍသစ်များကို ဖော်ဆောင်နေသူ လည်းဖြစ်သည်။ သမ္မတ အိုဘားမား၏ ဂျပန်ခရီးစဉ်သည် ဂျပန်နိုင်ငံတွင် ရှိနေခဲ့သော အမေရိကန် ဆန့်ကျင်ရေး သဘောထားများကို နူးညံ့ ပျော့ပျောင်း လာအောင် လုပ်နိုင်ခဲ့သည် ဟုယူဆရသည်။

          ထို့အတူ တရုတ်ပြည် ခရီးစဉ်သည်လည်း သမ္မတအိုဘားမားအတွက် အလွန်တရာပင် အရေးကြီးခဲ့ပါသည်။ အိုဘားမားက တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းများ၏ တင်းမာသော သဘောထားများကို ပြင်းပြင်းထန်ထန် သော်လည်းကောင်း၊ သိသိသာသာ သော်လည်းကောင်း ဖေန်မှု မပြုလုပ်ခဲ့သည်မှာ ထင်သာပါသည်။ ဥပမာ ပြောရလျှင် တရုတ် ကွန်မြူနစ် အစိုးရ၏ နိမ့်ကျသော လူ့အခွင့်အရေး မှတ်တမ်းများ ဖြစ်သည့် နိုင်ငံရေး တင်းကြပ်မှု၊ ဘာသာရေးချုပ်ခြယ်မှု၊ တိဘက်ကိစအပါအင် တရုတ် မွတ်စလင် လူမျိုးများ ဖြစ်သည့်ီဂါလူမျိုးစု များအပေါ် ခွဲခြား ဆက်ဆံမှုများ ကို ထုတ်ဖော် သတိပေးခဲ့ခြင်းမျိုး မပြုလုပ်ခဲ့ပေ။

          အိုဘားမားက တရုတ်၏ တင်းမာမှု များအပေါ် ပျော့ပျောင်းစွာ သဘောထားခဲ့သည်မှာ တရုတ်က အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာကို ပိုင်ဆိုင်ထား သောကြောင့် ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ အမေရိကန်၏ ငွေတိုက် စာချုပ်များကိုလည်း တရုတ်ပြည်က ပိုင်ဆိုင် ထားသည်။ အကယ်အနာဂတ် ကာလတွင် အမေရိကန် ဘဏ္ဍာရေးမှာ အကျပ်အတည်းမှ ပြန်လည် မလွတ်မြောက် နိုင်သေးပါက အိုဘားမား အနေဖြင့် တရုတ်ပြည်ကို ယင်းသို့ပင် ဆက်ဆံရမည့် သဘောတွင် ရှိသည်။

          ပိုတိတိကျကျ ပြောရလျှင် အိုဘားမားသည် ယခင်သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် လက်ထက်က ကျင့်သုံးခဲ့သည် သံတမန် နည်းလမ်းနှင့် မတူသော ချဉ်းကပ်မှု သစ်ကို ကျင်သုံးကောင်း ကျင့်သုံးနေသည် လည်းဖြစ်နိုင်ပါသည်။ သမ္မတဘွတ်ရှ် လက်ထက်က ကျင့်သုံးခဲ့သော နည်းလမ်းမှာ လူအများရှေ့မှောက်တွင် ကောင်းမွန်စွာ ဆက်ဆံပြောဆိုပြီး ကွယ်ရာရောက်မှ ဖိနှိပ်သည့် ဆက်ဆံရေးမျိုး ဖြစ်သည်။ အကယ်အိုဘားမားသာ ယင်းသို့ သံတမန် နည်းလမ်းသစ်ကို ကျင့်သုံးခဲ့ရိုး မှန်ကန်ပါက သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ် လာမည်သာ ဖြစ်သည်။

          တရုတ်နှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ပြုမည်ဟု နှစ်ဦးနှစ်ဖက် အပြန်အလှန် သဘောတူညီခဲ့သည့် ကိစ္စမှာ အောင်မြင်မှုရှိသော ကိစ္စဟု ဆိုရပါမည်။ တရုတ်နှင့် ရာသီဥတု ပြောင်းလဲမှုကို ပူးပေါင်း ဖြေရှင်းမည်ဟူသော သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်ပြည်ထောင်စု အနေဖြင့် သဘာပတ်န်းကျင် ထိန်းသိမ်းရေးကို တစ်ကိုယ်တော်  ဆောင်ရွက်ရန် လွယ်ကူမည် မဟုတ်ပေ။ အမှန်ပြောရလျှင် အဆိုပါ သဘော တူညီချက်သည် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်ပြည် အတွက်သာမက ဥရောပ၊ အာရှ အပါအင် တစ်ကမ္ဘာလုံး အတွက် အရေးကြီးသော ကိစ္စဖြစ်ပါသည်။ လာမည့် ဒီဇင်ဘာလ ကိုပင်ဟေဂင်တွင် ကျင်းပ ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲတွင် အဆိုပါ သဘောတူညီချက်မျိုး ရရှိရန် လွယ်ကူမည် မဟုတ်ပေ။ အမေရိကန်နှင့် တရုတ် သမ္မတနှစ်ဦးသည် အခြားသော အရေးပါသည့် ကိစ္စများကိုလည်း ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ကြေညာခဲ့သည်။

          ယေဘုယျကျကျ ပြောပါက အိုဘားမားသည် အာရှခရီးစဉ်တွင် အချိန်အတော်ယူကာ မစ်ရှင်များကို အကောင်အထည် ဖော်ခဲ့ရသည်။ ဖြစ်နိုင်ခြေ ရှိသည်မှာ ထိုခရီးစဉ်မှ ရရှိလာမည့် အကျိုးအမြတ် စေုမှာ အချိန်ကာလ ကြာမြင့်လာပါမှ ရရှိ လာပေလိမ့်မည်။ ရလဒ်မှာ သီးသန့်သဘောမျိုး ဆောင်နေမည့် သဘောတွင် ရှိသည်။ အကြောင်းမှာ အိုဘားမား အကောင်အထည် ဖော်နေသော သံတမန် နည်းလမ်းမှာ သူမတူအောင် နူးညံ့သိမ်မွေ့ သောကြောင့်ပင်။

Pittsburgh Post Gazette သတင်းစာ၏ ခေါင်းကြီးပိုင်းဖြစ်သော Obama's Asian trip may produce benefits later ကိုဆီလျော်အောင် ဘာသာပြန်ပါ သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---