Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့နိုင်ငံ၏ ပြည်တွင်းရေး အကျပ်တည်းများတွင် နိုင်ငံတကာ အသိုင်းအိုင်းက ပါင် ပတ်သက်မှုကြောင့် လက်ရှိ ဖြစ်ပေါ်နေသော တိုင်းရင်းသား လူမျိုးစု ပဋိပက္ခများ ဖြေရှင်းရေးတွင် အကျိုးသက်ရောက်မှု အနည်းငယ် ရှိလာကြောင်း ဗြိတိန်နိုင်ငံမှ သြဇာကြီးမားသော Think Tank ကြီး တစ်ခုက သုံးသပ်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား နယ်စပ်ဒေသစောင့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းလဲရန် စစ်အစိုးရက ဖိအား ပေးလာခြင်းကြောင့်  မြန်မာနိုင်ငံတွင်း မတည်မငြိမ်သည့် ဖြစ်ရပ်သစ်များ ထွက်ပေါ်လာနိုင်ကြောင်း Chatham House မှ Associated Fellow တစ်ဦးဖြစ်သူ Marie Lall က အစီရင်ခံစာတစ်ရပ်ထုတ်ပြန်ပါသည်။

အမေရိကန် အစိုးရသည် မြန်မာနိုင်ငံအား နှစ်ကာလ ကြာရှည်စွာ နိုင်ငံတကာ အသိုင်းအိုင်းတွင် အထီးကျန်ဖြစ်စေရန် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒိုင်ယာလော့ခ်နည်းဖြင့် စေ့စပ်ညှိနှိုင်း သွားမည်ဟု မကြာသေးခင်က မူါဒသစ်ကို ထုတ်ပြန် ကြေညာသည်။ အမေရိကန် အစိုးရက မြန်မာစစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမည်ဟု ထုတ်ပြန် ကြေညာချိန်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကမူ စစ်အစိုးရနှင့် နှစ်ပေါင်းများစွာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

မြန်မာစစ်တပ်နှင့် များစွာသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပေါ်နေသော ပဋိပက္ခကို ပိတ်ဆို့ အရေးယူခြင်းဖြင့် ဖြေရှင်း၍ မရနိုင်သလို စေ့စပ် ညှိနှိုင်းခြင်းဖြင့် လည်း ရမည်မဟုတ်ဟု မစ္စ Marie Lall ကပြောသည်။

"မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတေကြားမှာရှိတဲ့ အပြစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ထင်ရှားမှုတွေ၊ စီးပွားရေးနဲ့ နိုင်ငံရေး အတက်အကျ အခြေအနေတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးကို နားလည်နိုင်ဖို့ အဓိက လိုအပ်တဲ့ အကြောင်းအရာတွေပါပဲ" ဟု Marie Lall ကဆိုသည်။

မစ္စ Marie Lall ၏ အစီရင်ခံချက်သည် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စေ့စပ်ညိနှိုင်းမည် ဟူသော မူါဒသစ် ထုတ်ပြန်ပြီးခါစ အချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံရေး အကဲခတ် လေ့လာသူများက အမေရိကန် ပြည်ထောင်စု အပါအင် နိုင်ငံတကာ အသိုင်းအိုင်းသည် မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသားလူမျိုးစု စုစုပေါင်း ၁၃၅စု ၏ အကျပ်အတည်း ဒုက္ခများကို လိုသလောက် အရုံစိုက် အလေးပေးခြင်း မရှိသေးကြောင်း ဖေန်သုံးသပ်ကြသည်။

"ကျွန်တော့် အထင်ပြောရရင် နိုင်ငံတကာ အသိုင်းအိုင်းဟာ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ တိုင်းရင်းသား လူမျိုးစု ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း သိရှိနားလည်ထားပုံ မရဘူး။ မြန်မာနိုင်ငံရဲ့ အခြေခံ ပြဿနာဟာ တိုင်းရင်းသား အရေးကိစ္စ ဖြစ်နေတယ် ဆိုတာကို သိပုံမရကြဘူး။ တကယ်တော့ မြန်မာ့အရေးကိစ္စဟာ ဒီမိုကရေစီ အရေး မဟုတ်သလို၊ စစ်အုပ်ချုပ်ရေး စနစ် ဆန့်ကျင်ရေး လည်းမဟုတ်ပါဘူး" ဟု တိုင်းရင်းသား လူမျိုးစုများ ကောင်စီမှ စီနီယာ အကြံပေးပုဂ္ဂိုလ် ဦးဟန်ညောင်ရွှေက ပြောကြားသည်။

"တကယ်လို့ ခင်ဗျားက တိုင်းရင်းသား လူမျိုးစုတွေရဲ့ ပြဿနာကို မဖြေရှင်း နိုင်ဘူးဆိုရင် တခြားကြီးမားကျယ်ပြန့်တဲ့ ပြဿနာတွေ ကိုလည်း ဖြေရှင်းလို့ ရမှာ မဟုတ်ပါဘူး"

မည်သို့ဆိုစေ အမေရိကန် ပြည်ထောင်စုသည် တိုင်းရင်းသား လူမျိုးစုများ၏  အခန်းကဏ္ဍက မည်မျှ အတိုင်းအတာအထိ အရေးကြီးသည် ဟူသော အချက်ကို အသိအမှတ်ပြု နားလည်သည့် အရိပ်လက္ခဏာများ စတင် ပြသနေပြီ ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

"အမေရိကန်ကို ကြည့်ရတာ တိုင်းရင်းသား အရေးကိစ္စကို ကိုယ်ဘာသာကိုယ် ဖြေရှင်းဖို့ လိုမယ်လို့ မြန်မာနိုင်ငံကို ပြောနေသလိုပါပဲ။ ကျွန်တော်ထင်ပါတယ် ..  ဒါဟာ မှန်ကန်တဲ့ အဆင့်တစ်ဆင့်ကို ရောက်နေပါပြီ"

ကရင် အမျိုးသားသမဂ္ဂ (KNU) နှင့် မြန်မာစစ်အစိုးရ အကြား ပဋိပက္ခသည် ဆယ်စုနှစ် ခြောက်ခုတာမျှ ကြာရှည်ခဲ့ပြီး ကမ္ဘာ့အရှည်ဆုံး ပြည်တွင်းရေး ပဋိပက္ခတစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှင့် မြန်မာ စစ်တပ်အကြား အပြန်အလှန် တိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်းကို ကြည့်ပါက မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၈ ဖွဲ့ အကြား ရရှိထားသော အပြစ်အခတ် ရပ်စဲရေး သဘောတူညီမှု များသည် ခိုင်မာမှု မရှိကြောင်း ပြသနေသလို ဖြစ်သည်ဟု Marie Lall က ဥပမာပေး ပြောဆိုသည်။

 

DVB သတင်းဌာန၏ Ethnic conflict in Burma demands renewed focus ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

guardian.co.uk, 25 Nov 20009(By Andrew Heyn)
ယခုအချိန်သည် မြန်မာ့အရေး စောင့်ကြည့်နေသူများအတွက် အထူး
စိတ်ဝင်စားစရာကောင်းသော အချိန် ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သော
အဖြစ်အပျက်များသည် တစ်ခုပြီး တစ်ခု ပြည်တွင်းမှာရော၊ ပြည်ပမှာပါ
ထွက်ပေါ်လျက်ရှိရာ အကောင်းဘက်သို့ ဦးတည်သော ရွှေ့လျားမှုများ
စတင်တော့မည်လောဟု မျှော်လင့်ချက်များ ပေါက်ဖွားလာပါသည်။ သို့သော် အထက်ပါ
အကောင်းမြင် မှုများကို စိုးရိမ်စိတ်များက နေရာယူသွားပါသည်။ အဘယ်ကြောင့်
ဆိုသော် စစ်တပ်အနေဖြင့် အများ ရှေ့တွင် အပြကောင်းရုံ လုပ်ပြပြီး၊
နောက်ကွယ်တွင် ထုံးစံအတိုင်း ၎င်းတို့ လုပ်နေကျ ကိစ္စများကို လုပ်သွားမှာကို
စိုးရိမ်ရသောကြောင့် ဖြစ်ပါသည်။
အကောင်းမြင် ဝါဒသမားများကမူ ပြီးခဲ့သည့် အမေရိကန်နှင့်
စကားပြောခဲ့မှုများ၊ ဖြစ်ပေါ်လာတော့မည့် ဒေါ်အောင်ဆန်းစုကြည်နှင့်
မြန်မာအစိုးရကြား တွေ့ဆုံဆွေးနွေးမှုများကို ညွှန်ပြကြပါသည်။ မကြာသေးမီက
ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာရေး၍
မြန်မာပြည်သူများ အကျိုးရှိမည့် ကိစ္စရပ်များကို ပူးတွဲ
လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးနှင့်
တွေ့လိုကြောင်း အဆိုပြုခဲ့ပါသည်။
ယခုကိစ္စတွင် ထပ်မံ၍ ခါးသီးသော အတွေ့အကြုံတစ်ခု ဖြစ်မလာခဲ့ဘူးဆိုပါလျှင်
ပြည်သူများသည် အောင်ပွဲခံရန် အဆင်သင့်ရှိကြပြီး၊ ပါဝင်သင့်သူများ
ပါဝင်သော နိုင်ငံရေး ပုံစံသစ်အတွက် ရင်ခုန်နေကြမည် ဖြစ်ပါသည်။ သို့သော်
ပြည်သူများအနေဖြင့် မှားယွင်းမှုများကိုသာ ကြုံတွေ့ခဲ့ရသောကြောင့်
မည်သူမျှ စိတ်လှုပ်ရှားမှု မဖြစ်ကြတော့ပါ။
ထိုသို့ စိတ်လှုပ်ရှားမှု မဖြစ်စေသည့် အကြောင်းအချက်မှန်များကလည်း
ရှိနေပါသည်။ လွန်ခဲ့ သည့် လအနည်းငယ်ခန့်က ကျွန်ုပ်သည်
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထပ်မံ တိုးမြှင့်သော
တရားခွင်တွင် ထိုင်နေခဲ့ဖူးပါသည်။ လူ ၂၁၀၀ ထက် ပိုသော နိုင်ငံရေး
အကျဉ်းသားများ သည် ထောင်ထဲတွင် ရှိနေဆဲဖြစ်ပါသည်။ လာမည့်နှစ်တွင် အခြေခံ
ဥပဒေသစ်ကို အခြေပြု၍ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ရာ ဖြစ်ပေါ်လာမည့်
ပါလီမန်သစ်တွင် ၂၅ % သော နေရာသည် မဲတစ်ချပ်မှ မပေးမီကပင် စစ်တပ်အတွက်
နေရာပေးပြီ ဖြစ်နေပေသည်။ ပြီးခဲ့သည့် အပတ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ
ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ၏ စံချိန်တင် လူ့အခွင့်အရေး
ချိုးဖောက်မှုများ၊ ကျယ်ပြန့်သော နိုင်ငံရေး လွတ်လပ်ခွင့် ရရှိရေးတို့မှာ
ကြောက်စရာကောင်းသော အခြေအနေတွင် ရှိနေဆဲ ဖြစ်ပါသည်။ စီးပွားရေးမှာလည်း
တိုးတက်မှု ရပ်တန့်လျက် ရှိနေပါသည်။
ယခု လတ်တလော တိုးတက်မှုများအတွက် အများ၏ တုံ့ပြန်မှုမှာ
"စောင့်ကြည့်ကြရုံသာ ရှိသည်" ဟူ၍ ဖြစ်ပါသည်။ အမေရိကန်နှင့်
ဥရောပသမဂ္ဂတို့၏ ကြိုးပမ်းမှု အသစ်များ(ကုလသမဂ္ဂနှင့် အာဆီယံကလည်း
ပါဝင်လာပါသည်) သည် မည်မျှ အောင်မြင်မှုရှိမည်ကို ပြောရန် စောသေးကြောင်း
မြန်မာပြည်သူများက သဘောပေါက်ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပူးပေါင်း
ဆောင်ရွက်ရန် အဆိုပြုမှုအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် အပြုသဘော
ဆောင်သော တုန့်ပြန်မှုများ ပြုလုပ်မည်လား ဆိုသည်ကိုမူ မည်သူမျှ
မသိနိုင်ပေ။
တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂအနေဖြင့် ခိုင်မာသော တိုးတက်မှုများ
မရှိမချင်း၊ အစိုးရနှင့် သူ၏ အပေါင်းအပါများ၏ စီးပွားရေးဆိုရာ
ကိစ္စများအပေါ် ပစ်မှတ်ထားသော အရေးယူမှုများကို ဆက်လက် ထားရှိမည်
ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး ဖြစ်ပါသည်။ အမေရိကန်၏
ချဉ်းကပ်မှုသည်လည်း ဤနည်းအတိုင်းပင် ဖြစ်ပေလိမ့်မည်။ သို့သော်
သာမန်ပြည်သူများအတွက် အကူအညီများကိုမူ လူသားချင်း စာနာ ထောက်ထားသော
အကူအညီ အစီအစဉ်များမှ တစ်ဆင့် ပိုမို ပေးအပ်သွားမည် ဖြစ်ပါသည်။ ဝေးလံသော
ဒေသများမှ မိသားစုများအတွက် လိုအပ်ချက်များ၊ အခြေခံ ကျန်းမာရေး
စောင့်ရှောက်မှုအတွက် လိုအပ်ချက်များ ပါဝင်သော အရေးကြီးသည့် အကူအညီများ
ပါဝင်ပါသည်။
အကောင်းမြင် ဝါဒရှိသူများ၏ အမြင်များ၊ မျှော်လင့်ချက်များ မှန်ကန်ပါစေဟု
လူတိုင်းက ဆုတောင်း မျှော်လင့်နေကြပါသည်။ အမှန်တကယ် ပြောင်းလဲမှု
ဖြစ်ပေါ်လာမှသာလျှင် မြန်မာပြည်သားများ၏ ဘဝများကို ပြောင်းလဲပေးနိုင်မည်
ဖြစ်ပါသည်။ ပြည်သူအများ ဆင်းရဲတွင်း နက်နေသည်မှ လွတ်မြောက်စေရန်သာမက
နေ့စဉ် နေထိုင်မှုဘဝတွင် သံသယများ၊ အကြောက်တရားများ လျော့ပါးသော
ပတ်ဝန်းကျင် ဖြစ်ပေါ်လာရေးသည် အရေးကြီးပါသည်။
ပြည်သူအများ အထူးသဖြင့် နိုင်ငံရေး ပြောင်းလဲမှုအတွက်
လုပ်ကိုင်နေကြသူများမှာ အစိုးရ၏ နောက်မှ လိုက်လံ ကြည့်ရှုခြင်းကို
ခံနေရခြင်း၊ နေအိမ်များသို့ ဗြောင်ကျကျ စီးနင်း ရှာဖွေခံရခြင်းစသော
ကိစ္စများကို ဆိုးဆိုးဝါးဝါး ခံစားနေရခြင်းမျိုးကို မဖြစ်စေလိုကြောင်း
သံတမန်များက ဆိုပါသည်။ နေရာတကာတွင် လူတွေကို သံသယဖြင့် လိုက်ကြည့်သည့်
ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် အပတ်က အဖြစ်အပျက်လေးတစ်ခု
ပြောပြချင်ပါသည်။ ရန်ကုန်မြို့ တောင်ဖက် မိုင် ၂၀ ခန့်အကွာတွင် ရှိသော
ဘုရားတစ်ဆူသို့ သွားရောက် လည်ပတ်စဉ်က ကျွန်ုပ်တို့ ကားပါကင်တွင်
ကားရပ်ပြီးသည်နှင့် မည်သည့် အရပ်မှ ပေါ်လာမှန်းမသိသော SB
အရာရှိတစ်ဦးဆိုသူသည် မိမိတို့ ကားမောင်းသူ မြန်မာလူမျိုးအား
အသေးစိတ်မေးခွန်းများ မေးမြန်းခဲ့ပါသည်။
မြန်မာလူမျိုးများဆိုလျှင် ထိုကိစ္စမျိုးမည်မျှ ရှိမည်နည်းဟု
ထင်မြင်မိပါသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ထားသော အစိုးရနှင့်
အဖွဲ့အစည်းများကသာလျှင် အဆိုပါ အဖြစ်ဆိုးမျိုးများကို မဖြစ်နိုင်အောင်
အကူအညီ ပေးနိုင်လိမ့်မည် ဖြစ်ပါသည်။
ကြောက်ရွံ့ရခြင်းများ၊ သံသယ ရှိနေရခြင်းများ ကဲ့သို့သော အခြေအနေမျိုးသည်
အမြစ်တွယ်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင်
အကောင်းမြင်ဝါဒရှိသူ လူဦးရေထက် အစိုးရ၏ ရည်ရွယ်ချက်များကို
မယုံကြည်သူဦးရေက သိသိသာသာ ပိုမိုများပြားပါသည်။ မြန်မာပြည်သူများသည်
အမှန်တကယ် ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း ရှိမရှိမှာ၊ အပြောနှင့် မဟုတ်ဘဲ၊
အစိုးရ ဘာတွေ လုပ်သည်ဆိုသည်ကို ကြည့်၍ အကဲဖြတ်တတ်ကြပါသည်။
(မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Andrew Heyn ရေးသည်)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Agence France – Presse, 25 - Nov - 2009

        ဗီယက်နမ် ကွန်မြူနစ်ပါတီ ပါလီမန်သည် ဗီယက်နမ်၏ ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကို တည်ဆောက်လျက် ရှိကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြု ပြောကြားလိုက်ပါသည်။ ၎င်းစက်ရုံမှာ ဝေဖန်မှုများကို ငြင်းပယ်၍ တည်ဆောက်ခြင်း ဖြစ်ပြီး၊ ကျွမ်းကျင်သော နိုင်ငံခြားသား ပါတနာ (Partners) များက အဆိုပါ စီမံကိန်းကို အထူး စောင့်ကြည့် ကြီးကြပ်နေကြောင်း ပြောပါသည်။

          ဥပဒေပြု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ (၇၇ %) က နျူကလီးယား လျှပ်စစ်စွမ်းအင်ဆိုင်ရာ ဥပဒေမူကြမ်းကို အတည်ပြုခဲ့ကြသည်ဟု စီမံကိန်းကို သဘောမတူသူ ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ငုရင်မင်သူယက် က ပြောကြားပါသည်။

          နောက်ဆုံး အတည်ပြုလိုက်သည့် နျူကလီးယား ဓာတ်ပေါင်းဖို () ခုကို နှစ်နေရာ ခွဲ၍ တည်ဆောက်မည့် အစီအစဉ်ထက် အချို့ကိုယ်စားလှယ်များ ရည်ညွန်းသည့် နျူကလီးယား ဓာတ်အားပေးစက်ရုံ တစ်ခုတည်း တည်ဆောက်မည့် အစီအစဉ်ကို ပိုမို နှစ်သက်ကြောင်း ၎င်းက အစည်းအဝေးတွင် ဆွေးနွေး တင်ပြခဲ့ပါသည်။

          အစိုးရ၏ စီမံကိန်းအရ ၂၀၂၀ ခုနှစ်တွင် အနည်းဆုံး နျူကလီးယား ဓာတ်ပေါင်းဖို () လုံး လည်ပတ်နိုင်ရမည် ဖြစ်၍ ဓာတ်ပေါင်းဖို () လုံး၏ စုစုပေါင်း ထုတ်လုပ်နိုင်မည့် စွမ်းအားမှာ (၄၀၀၀) မဂ္ဂါဝပ် ဖြစ်သည်။

          အနာဂါတ်တွင် စွမ်းအင် မလုံလောက်မှု ပြဿနာ ပေါ်ပေါက်မည်ကို စိုးရိမ်ကြသောကြောင့် ယခု စီမံကိန်းအား ထောက်ခံခဲ့ကြခြင်း ဖြစ်သည်ဟု ငုရင်မင်သူယက်က ယူဆပါသည်။

          စီးပွားရေး ဖွံ့ဖြိုးလာမှုကြောင့် ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်မှာ တစ်နှစ်လျှင် (၁၅%) ခန့် ပျမ်းမျှ မြင့်တက်နေပါသည်။ ဆောက်လုပ်ရေးကဏ္ဍ ကဲ့သို့သော အကြီးစားလုပ်ငန်း နယ်ပယ်များသည် စွမ်းအင် ပမာဏ ကြီးမားစွာ သုံးစွဲသူများ ဖြစ်သည်။

          အစပိုင်းတွင် ဗီယက်နမ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ( %) ခန့်ကို နျူကလီးယား စွမ်းအင်ကဏ္ဍမှ ဖြည့်ဆည်းရန် ရည်ရွယ်ထားပြီး ၂၀၅၀ ခုနှစ်တွင် နိုင်ငံစွမ်းအင် လိုအပ်ချက်၏ (၃၀%) ကို ဖြည့်ဆည်းရန် အစိုးရက စီမံကိန်း ရေးဆွဲထားပါသည်။

          ဝေဖန်သူများက အငြင်းပွားနေသည့် အချက်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုများတွင် လုပ်ကိုင်မည့် အရည်အချင်းပြည့် လုပ်သားများ ရှားပါးမှုကြောင့် စီမံကိန်းကို အပြည့်အဝ ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ အာမခံထားသော စွမ်းအင် ဖူလုံရေး အစီအစဉ်တွင် ယိုပေါက်များ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာပင် ဖြစ်ပါသည်။ နျူကလီးယား စွန့်ပစ်ပစ္စည်းများ ကိစ္စနှင့် မသက်ဆိုင်ပါ။

          အချို့ ကိုယ်စားလှယ်များကမူ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြခြင်း ဖြစ်ပြီး၊ ဓာတ်ပေါင်းဖို တည်ဆောက်ရန် အဆိုပြုထားသော နေရာဖြစ်သည့် ဗီယက်နမ် တောင်ပိုင်း နင်သွမ်ပြည်နယ်သည် ပင်လယ်လိပ်များနှင့် ပတ်သက်၍ နာမည်ကြီးသည့် သဘာဝ ထိန်းသိမ်းရေး နယ်မြေဖြစ်နေခြင်းပင် ဖြစ်သည်။

          သိသာထင်ရှားသော အန္တရာယ်များ ဖြစ်ပေးလာနိုင်မှုနှင့် စီးပွားရေး အကြောင်းရင်းခံများ အားနည်းမှုကြောင့် ဗီယက်နမ်သည် အဆင်သင့် မဖြစ်သေးပါဟု ငုရင်မင်သူယက် က ဆိုပါသည်။

          ကိုယ်စားလှယ်များသည် နျူကလီးယား စီမံကိန်းအတွက် ကနဦး ဘတ်ဂျက် ဒေါ်လာ (၁၁) ဘီလျံကို အတည်ြပုပေးခဲ့သည်ဟု အွန်လိုင်း နေ့စဉ် VN Express က ဖေါ်ပြပါသည်။

          ဂျပန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ် စသော နိုင်ငံများက ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ပြသခဲ့ကြပြီး၊ တောင်ကိုရီးယားနှင့် အမေရိကန်ကမူ အနည်းငယ်သာ စိတ်ဝင်စားသည်ဟု ဆိုပါသည်။

          လွန်ခဲ့သော ()ပတ်က ပြင်သစ် ဝန်ကြီးချုပ် ဖရန်ကွိုက်ဖီလွန် နှင့် ဗီယက်နမ် ဝန်ကြီးချုပ် ငုရင်တန်ဒေါင်းတို့ နျူကလီးယား ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ သို့ရာတွင် ဗီယက်နမ်၏ နျူကလီးယား မိတ်ဖက်အဖြစ် ရွေးချယ်ထားသော နိုင်ငံကို ပြောကြားရန် ငုရင်တန်ဒေါင်းက င်းန်ခဲ့ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် အပါအင် အနောက်ကမ္ဘာက ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားရေးထက် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပရန် လျာထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ အထမြောက် အောင်မြင်နိုင်ရေးကို မြန်မာစစ်အစိုးရက အဓိက ဦးစားပေးလျက် ရှိကြောင်း၊ သို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ပေးပို့လိုက်သည့် တွေ့ဆုံဆွေးနွေးရေး အဆိုပြုလွှာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အသိအမှတ်ပြု လက်ခံလာရေးမှာ အခွင့်အလမ်း နည်းပါးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ စီနီယာ အဖွဲ့င်တစ်ဦးက ပြောကြားသည်။

မြန်မာစစ်အုပ်စုကို ကြည့်ရသည်မှာ ၎င်းတို့ အစီအစဉ် ချမှတ်ထားသော ရွေးကောက်ပွဲ အကောင်အထည် ဖော်နိုင်ရေးကို အဓိက အာရုံစိုက်နေသည် ဖြစ်ရာ မကြာသေးခင် ကာလအတွင်း တွေ့ဆုံ ဆွေးနွေးရေးအတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အဆိုပြု ရေးသား ပေးပို့ခဲ့သောစာကို ဗိုလ်ချုပ်မှူးကြီးက အရေးတယူ တုံ့ပြန်မည့် အခွင့်အရေး မရှိသလောက် နည်းပါးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးင်းတင်က မဇ္စျိမ သတင်းဌာနသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုင်ဘာလ ၁၁ ရက်နေ့က အမျိုးသား ဒီမိုကရေစီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်င်းမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါစာတွင် ဒေါ်အောင်ဆန်းစုကြည်က အနောက်ကမ္ဘာက ချမှတ်ထားသော မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူသည့် မူါဒများ ဖယ်ရှားနိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးလိုပါသည် ဟုအဆိုပြု ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်၏ စာကို တုံ့ပြန်မှု တစ်စုံတရာ မပြုလုပ်ကြောင်း ဦးဉာဏ်င်းက မဇ္ဈိမ သတင်းဌာနသို့ ပြောကြားသည်။ ဒေါ်အောင်ဆန်း စုကြည်က သူမ၏ ပါတီမှ သက်ကြီးပိုင်း ခေါင်းဆောင်များအား သွားရောက် တွေ့ဆုံ ဂါရ ပြုခွင့် ပေးလိုကြောင်း၊ ထို့အတူ ပါတီမှ ဗဟို အလုပ်အမှုဆောင်များနှင့်လည်း သူမ၏ နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးရန် ခွင့်ပြုစေလိုကြောင်း အဆိုပါစာတွင် ထည့်သွင်း ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဖမ်းဆီး ထိန်းသိမ်းခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စာကို အရေးတယူပြု တုံ့ပြန်လာဖွယ် မရှိကြောင်း၊ အကြောင်းမှာ စစ်အစိုးရ၏ ဦးစားပေးမှုမှာ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးထက် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးပင် ဖြစ်ကြောင်း ဦးင်းတင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည် စစ်အုပ်စု၏ နံပါတ်-၁ အစီအစဉ် ဖြစ်နေသောကြောင့် ဒေါ်စု၏ အဆိုပြုလွှာကို စစ်အစိုးရက တုံ့ပြန်မှု ပြုနိုင်စရာ လမ်းမမြင်ကြောင်း ဦးင်းတင်က သုံးသပ်သည်။

"စီးပွားရေး ပိတ်ဆို့မှုတွေဟာ စစ်အစိုးရကို သိပ်ပြီး ထိခိုက်မှု မရှိဘူး၊ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ နေရာမှာပဲ အခက်အခဲလေးတွေ နည်းနည်းပါးပါး ဖြစ်စေတာပါ။ အဲဒါကြောင့် ပိတ်ဆို့မှုဟာ သူတို့အတွက် အဓိကပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲကတော့ သူတို့အတွက် အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုပါ" ဟု ဦးင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးထံသို့ စာတစ်စောင် ရေးသားပေးပို့ပြီး ပိတ်ဆို့မှုများ ဖယ်ရှားနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လိုပါသည်ဟု အဆိုပြုခဲ့သည်။ ထိုစဉ်က စစ်အစိုးရက သူမ၏ စာကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်၊ သြစတြေးလျ၊ အီးယူတို့မှ ထိပ်တန်း သံတမန်များနှင့် တွေ့ဆုံခွင့် ပြုခဲ့သည်။

ထို့အတူ စစ်အစိုးရ၏ ဆက်ဆံရေးန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံခွင့် ပြုခဲ့သလို မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်ပြည်ထောင်စု၏ အာရှပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးန်ကြီး ကတ်ကမ်းဘဲလ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်လည်း တွေ့ဆုံခွင့် ပြုခဲ့သည်။

အဆိုပါ အဆိုပြုစာ ပေးပို့မှုနှင့် တွေ့ဆုံ ဆွေးနွေးမှုများသည် အမေရိကန်အစိုးရက  မြန်မာစစ်အစိုးရအပေါ် တစ်ဖက်တွင် ပိတ်ဆို့ အရေးယူမှုများကို ဆက်လက် ပြုလုပ်ပြီး အခြားတစ်ဖက်တွင် တိုက်ရိုက် စေ့စပ် ညှိနှိုင်းမည်ဟု မူဝါဒသစ်တစ်ရပ် ထုတ်ပြန်လိုက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဦးဉာဏ်င်းက ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ စာကို တုံ့ပြန်ခြင်း မရှိသေးသော်လည်း အပြုသဘောဆောင်သော ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်မြင်မိကြောင်း ပြောဆိုသည်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းက ယခုလို ဆိုသည်။

"ဒီရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးစနစ် ခိုင်မြဲဖို့ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင်းပမှာ ဖြစ်လို့ပါ။ အသစ် ထွက်ပေါ်လာမယ့် ပါလီမန် လွှတ်တော်နဲ့ အစိုးရဆိုတာကလည်း အဲဒီ မြန်မာပြည်ကို နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ စစ်အုပ်ချုပ်ရေးစနစ်ကို ခိုင်မာအောင် လုပ်ထားတဲ့ အခြေခံဥပဒေရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေမှာပါ။"

 

Mizzima သတင်းဌာန၏ Junta's priority is elections, not easing sanctions: Win Tin ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.