Transparency Myanmar

transparency.myanmar@gmail.com

26 Nov 2009,From CNN News

          လာမည့်လ၌ ကိုပင်ဟေဂင်တွင် ပြုလုပ်မည့် ရာသီဥတုဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကြားပေါင် တက်ရောက်မည် ဖြစ်ကြောင်း တရုတ်က ဆိုပါသည်။

          တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Qin Gang က ကြာသပတေးနေ့က ပြောကြားရာတွင် ဝမ်ကြားပေါင်သည် ဒီဇင်ဘာ ၇ ရက်မှ ၁၈ ရက်ထိ ပြုလုပ်မည့် ကွန်ဖရင့်သို့ တက် ရောက်မည်ဖြစ်ပြီး သဘောတူညီချက် ထွက်ပေါ်ရန် မရှိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ကွန်ဖရင့်၏ မူလ ရည်မှန်းချက်မှာ ၁၉၉၇ Kyoto Protocol ကို အစားထိုးမည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရန် ဖြစ်ပါသည်။ သို့သော် ပြီးခဲ့သည့် အပတ်များ အတွင်းက  ထွက်ပေါ်လာသော သတင်းများအရ လာမည့်နှစ် နှောင်းပိုင်းတွင် သဘောတူစာချုပ် ထွက်ပေါ်လာမည် ဖြစ်ကြောင်း သိရှိရပါသည်။

          သတင်းစာရှင်းလင်းပွဲတွင် Qin Gang က မျှတပြီး ဖြစ်နိုင်မည့် အစီအစဉ်များကို  ကိုပင်ဟေဂင်တွင် ရှာဖွေနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုသွားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.