Transparency Myanmar

transparency.myanmar@gmail.com

www.gasandoil.com, 5th January 2010

          လာမည့် ဆယ်စုနှစ် အပြီးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းသုံး သဘာဝ ဓာတ်ငွေ့ ဖြည့်ဆည်းမှုသည် ၃ ဆ တက်လာမည်ဟု မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း MOGE သတင်းရပ်ကွက်မှ သိရှိရပါ သည်။

          ကမ်းလွန် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုတွင် ဦးဆောင်နေသော ရွှေနှင့် ဇောတိက အဓိက စီမံကိန်း ၂ ခုမှ ပြည်တွင်း သုံးရန် ဓာတ်ငွေ့များ ရရှိမည် ဖြစ်၍ ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်းနှင့် မြို့တော် ရန်ကုန်ကိုလည်း ပိုက်လိုင်း အသစ် တည်ဆောက် သွယ်တန်းနေပါသည်။

          အထက်ပါ အချိန် ကာလအတွင်း ပြည်ပသို့ ဓာတ်ငွေ့ တင်ပို့မှုကိုလည်း ၂ ဆ မြင့်တင်သွားမည် ဟု MOGE ၏ ယာယီ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ယခုလ အစောပိုင်းတွင် ပြောကြားခဲ့ပါ သည်။

          ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်တွင် ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၂.၃၈ ဘီလျံ ရရှိခဲ့သည်ဟု မြန်မာအစိုးရ စာရင်းဇယား များအရ သိရပါသည်။

          သဘာဝ ဓာတ်ငွေ့မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုမှာ ၂၀၀၅ တွင် ၃၉.၈ % ရှိရာမှ ၂၀၃၀ တွင် ၄၃ % အထိ လျှော့ချ နိုင်မည် ဖြစ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၉၅ % ခန့်ကို ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိလာမည် ဖြစ်သည်။

0 comments:

Post a Comment