Transparency Myanmar

transparency.myanmar@gmail.com

The Nation, By Petchanet Pratruangkrai, 21st January 2010

          အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူညီချက် Asean Free Trade Agreement (AFTA) သည် နယ်စပ် ကုန်သွယ်ရေးတွင် တိုးတက် သက်ရောက်လာမည် ဖြစ်ရာ ထိုင်းနိုင်ငံသည် ၎င်း၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနှင့် မြန်မာတို့ဖြင့် ကုန်သွယ်ရေးသည် ယခု လက်ရှိ ဘတ် (၈) ဘီလီယံမှ ၂၀၁၃ တွင် ဘတ် (၁) ထရီလီယံ အထိ တိုးမြှင့်ရန် မျှော်မှန်း ထားပါသည်။

ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Porntiva Nakasai သည် ယမန်နေ့က တာဝန်ရှိသူများနှင့် မီဒီယာများကို ဇန်နဝါရီလ တစ်ရက်နေ့တွင် စတင်ခဲ့သည့် AFTA အတွက် ဖြစ်လာနိုင်သည့် ပြဿနာများကို လေ့လာနိုင်ရန် Aranyaprathet ရှိ နယ်စပ် ကုန်သွယ်ရေးတွင် တိုင်းတာမှုများ ပြုလုပ်နိုင်ရန် စီစဉ် ပေးခဲ့ပါသည်။

အဆိုပါ ဒေသရှိ ကုန်သည်များက ပြောကြားရာတွင် အဆိုပါ ဒေသတွင် AFTA ၏ အကောက်ခွန်မဲ့ စီမံချက်နှင့် ပတ်သက်၍ မည်သည့် မကောင်းသည့် အကျိုးဆက်များ မတွေ့ရသေးကြောင်း ပြောကြား ခဲ့ပါသည်။ တိတိကျကျ ဆိုရလျှင် ကမ္ဘောဒီးယားမှ လယ်ယာ ထွက်ကုန်များ ပိုမို တိုးတက်ပြီး ရောင်းချလာသည်ကို မတွေ့ရသေးကြောင်း ဆိုပါသည်။

အစိုးရသည် ကမ္ဘောဒီယားနှင့် နယ်စပ် တလျှောက် အမြဲတမ်း စစ်ဆေးရေး စခန်းများ တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိပြီး၊ ကမ္ဘောဒီးယားနှင့် ကူးသန်း ရောင်းဝယ်မှု ပိုမို တိုးတက် လာစေရန် ရည်ရွယ်ခဲ့ပါသည်။

ယခု လက်ရှိအားဖြင့် နယ်စပ် စစ်ဆေးရေး စခန်းများမှ ထိုင်း ပို့ကုန်များသည် သွင်းကုန် လက်မှတ် ထုတ်ပေးမှု လိုအပ်ချက်ကြောင့် တိုးတက်မှု အတွက် အဟန့်အတား ဖြစ်လျက် ရှိပါသည်။ ထို့ကြောင့် ကမ္ဘောဒီးယား အစိုးရအား နယ်စပ် အာဏာပိုင်များကို သွင်းကုန် လက်မှတ်များ ထုတ်ပေးရန် ညွှန်ကြားရေး အတွက် တောင်းဆိုခဲ့ပါသည်။

ယခု လက်ရှိအားဖြင့် ထိုင်း နှင့် ကမ္ဘောဒီးယား နယ်စပ်တွင် အမြဲတမ်း စခန်း (၂) ခု နှင့် ယာယီ စခန်း (၃) ခု ရှိပါသည်။

ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Porntiva ကိုယ်တိုင် Sa Kaew နယ်ရှိ Klong Luk ရှိ နယ်စပ် စစ်ဆေးရေး စခန်းတွင် AFTA အကောင်အထည် ဖော်မှုကို ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

အခြား အမြဲတမ်း နယ်စပ် စစ်ဆေးရေး စခန်းတစ်ခုမှာ Si Sa Ket နယ်ရှိ Chong Sra – njam တွင် ရှိပါသည်။

အခြား ယာယီ စစ်ဆေးရေး စခန်းများမှာ Sa Kaew နယ်ရှိ Ta Phraya ၊ Baan Nong Prue နှင့် Baan Khao Din တို့တွင် ရှိပါသည်။

ထိုင်း - ကမ္ဘောဒီးယား နှစ်နိုင်ငံ ကုန်သွယ်ရေး၏ (၅၀%) သည် နယ်စပ် ကုန်သွယ်ရေးမှ ဖြစ်ရာ ကမ္ဘောဒီးယားနှင့် နယ်စပ် ကုန်သွယ်ရေး စီးဆင်းမှု ချောမွေ့ရေးကို ထိုင်း အစိုးရက အလေးထား ပါသည်။

နယ်စပ် စစ်ဆေးရေး စခန်းများ တိုးချဲ့ ဖွင့်လှစ်ခြင်းသည် ကုန်သွယ်မှုကို တိုးတက်စေရုံ သာမက၊ ရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားလာမှုကိုလည်း တိုးတက်စေပါသည်။

နိုင်ငံခြား ကုန်သွယ်ရေး ဌာန၏ အဆိုအရ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ် ကူးသန်း ရောင်းဝယ်ရေးသည် မနှစ်က ဘတ် (၂၉.၆၉) ဘီလီယံ ရှိခဲ့ရာ၊ ထိုင်းနိုင်ငံ ပို့ကုန်သည် ဘတ် (၂၆.၆၅) ဘီလီယံ ရှိပြီး၊ သွင်းကုန်သည် ဘတ် (၃.၀၄) ဘီလီယံသာ ရှိပါသည်။

ကမ္ဘောဒီးယားသို့ ထိုင်းနိုင်ငံ၏ နယ်စပ် အဓိက ပို့ကုန်မှာ ဝက်များ၊ စားသောက်ကုန်များ၊ ဘိလပ်မြေ၊ ရာဘာတာယာများ နှင့် မော်တော်ဆိုင်ကယ်များ ဖြစ်ပြီး အဓိက နယ်စပ် သွင်းကုန်မှာ ပဲပိစပ်၊ ပီလောပီနံဥ နှင့် သံထည် အဟောင်းများ (Scrap Metal) ဖြစ်ပါသည်။

ထိုင်း နှင့် ကမ္ဘောဒီးယား၏ ကုန်သွယ်မှု တစ်ခုလုံးသည် ယမန်နှစ်က ဘတ် (၅၆.၅၇) ဘီလီယံ ရှိခဲ့ပြီး၊ ထိုင်း ပို့ကုန်သည် (၁၉.၅၆ %) ကျဆင်းပြီး ဘတ် (၅၃.၉၁) ဘီလီယံ ရှိကာ၊ သွင်းကုန်မှာလည်း (၁၁.၅၅ %) လျော့သွားကာ ဘတ် (၂.၆၆) ဘီလီယံ ရှိခဲ့သဖြင့်၊ ကုန်သွယ်ရေး ပိုငွေ ဘတ် (၅၁.၂၅) ဘီလီယံ ရှိခဲ့ပါသည်။

ကမ္ဘောဒီးယားသို့ ထိုင်းနိုင်ငံ၏ အဓိက ပို့ကုန်များမှာ လောင်စာဆီ၊ သကြား၊ ဘိလပ်မြေ၊ ဖျော်ရည်များနှင့် ဓာတုပစ္စည်းများ ဖြစ်ပြီး၊ အဓိက သွင်းကုန်များမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ သံရိုင်းများနှင့် သံထည်ဟောင်းများ၊ သံ၊ စတီး နှင့် ပျော့ဖတ်များ ဖြစ်ပါသည်။

ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားရာတွင် AFTA ကြောင့် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ထိုင်း ရင်းနှီးမြှုပ်နှံသူများက တိုးတက် စိတ်ဝင်စား နေသည်ဟု ဆိုပါသည်။

ယခု လက်ရှိအားဖြင့် ကမ္ဘောဒီးယားတွင် အချို့ ထိုင်း ကုန်ပစ္စည်းများသည် ထုတ်လုပ်မှု စရိတ် မြင့်မားမှုကြောင့် တရုတ် ပစ္စည်းများနှင့် ယှဉ်ပြိုင်ရာတွင် အခက်အခဲ တွေ့လျက် ရှိပါသည်။ ထို့ကြောင့် အဆိုပါ ပစ္စည်းများကို လုပ်အားခ သက်သာပြီး၊ ကုန်ကြမ်းရသော ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံ ထုတ်လုပ်ရန် စဉ်းစားသင့်ကြောင်း ဝန်ကြီးဌာနက အကြံပြုလျက် ရှိပါသည်။

ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံသင့်သော ကဏ္ဍများမှာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုများ၊ အဝတ်အထည် နှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ စာရင်းများအရ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယား၌ ရင်းနှီးမြှုပ်နှံသူများတွင် နံပါတ် (၅) နေရာ၌ ရှိပြီး တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း (၃၀၀) (ဘတ် ၉.၈၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံ ထားပါသည်။

ထိပ်ဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ လေးဦးမှာ မလေးရှား၊ တရုတ်၊ ထိုင်ဝမ် နှင့် အမေရိကန် ပြည်ထောင်စုတို့ ဖြစ်ပြီး၊ မလေးရှားက ဒေါ်လာ (၂.၁) ဘီလီယံ၊ တရုတ်က ဒေါ်လာ (၈၀၁) မီလီယံ၊ ထိုင်ဝမ်က ဒေါ်လာ (၈၇) မီလီယံ နှင့် အမေရိကန်က ဒေါ်လာ (၃၃၆) မီလီယံ ရင်းနှီးမြှုပ်နှံ ထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment