Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားအစိုးရက မိမိတို့နိုင်ငံအတွင်းသို့ တရုတ်နိုင်ငံနယ်စပ်ဒေသမှ တစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား တစ်ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့သည်ဟု သတင်း ထုတ်ပြန်လိုက်သည်။ 

မြောက်ကိုရီးယား အစိုးရပိုင် KCNA ၏ အဆိုအရ ဇန်နဝါရီလ ၂၅ ရက် နေ့တွင် တရုတ်နိုင်ငံ နယ်စပ်ဒေသမှ တစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားတစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ယခုအခါ ၎င်းအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ သို့သော် အဆိုပါ အမေရိကန်နိုင်ငံသားမှာ မည်သူမည်ဝါ ဖြစ်သည်ဟူသော ကိစ္စကို သတင်း ထုတ်ပြန်ခြင်းမရှိပေ။  

လတ်တလော ကာလအတွင်း မြောက်ကိုရီးယား အစိုးရသည် ဒီဇင်ဘာလ ၂၅ ရက်နေ့က တရုတ်နယ်စပ် ဒေသရှိ ရေခဲမြစ်တစ်ခုကို ဖြတ်၍ ဝင်ရောက်လာသော အမေရိကန်နိုင်ငံသား Robert Park ဆိုသူကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားသည်။ Robert Park မှာ မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုများကို ဆန့်ကျင် ဆန္ဒပြရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ 

အမေရိကန်အစိုးရက ပြုံယမ်းတွင် အခြေစိုက်သော ဆွီဒင်နိုင်ငံ သံရုံးမှတစ်ဆင့် Robert Park နှင့် အဆက်အသွယ် ရရှိနိုင်မည့် နည်းလမ်း ရှာဖွေလျက်ရှိသည်။ မြောက်ကိုရီးယား အစိုးရသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်းကလည်း အမေရိကန် အမျိုးသမီးဂျာနယ်လစ် နှစ်ဦးဖြစ်သော Laura Ling နှင့် Euna Lee တို့အား အဆိုပါ တရုတ်နယ်စပ်မှပင် တရားမဝင် ဝင်ရောက်ခဲ့သောကြောင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ 

အဆိုပါ အမျိုးသမီး ဂျာနယ်လစ်နှစ်ဦးကို မြောက်ကိုရီးယား အစိုးရက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သို့သော် လေးလခန့်အကြာတွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်က အထူးသံတမန် မစ်ရှင်ဖြင့် ပြုံယမ်းသို့ ရောက်ရှိလာပြီးနောက် မြောက်ကိုရီးယား အစိုးရက ၎င်းတို့နှစ်ဦးအား လွှတ်ပေးခဲ့သည်။  

BBC သတင်းဌာန၏ US man detained in North Korea ကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment