Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Saw Yan Naing, 1st February 2010

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် သောကြာနေ့က ပြုလုပ်သော စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အကြား နယ်ခြားစောင့်တပ်နှင့် ပတ်သက်သော ဆွေးနွေးပွဲတွင် အဖြေမထွက်ဘဲ ပြီးဆုံးသွားခဲ့သည်ဟု တရုတ် - မြန်မာ နယ်စပ်ရှိ ကချင် သတင်းများအရ သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် KIO ခေါင်းဆောင်များသည် ပင်လုံစာချုပ် စိတ်ဓာတ် အရေးကြီးပုံကို ဆွေးနွေးခဲ့ပြီး အစိုးရ လက်အောက်တွင် နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေး ကိစ္စကို တိုက်ရိုက် ဆွေးနွေးခြင်းကို ရှောင်ရှားခဲ့သည်ဟု သတင်းများ အဆိုအရ သိရှိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က KIO ခေါင်းဆောင်များသို့ ပြောကြားရာတွင် KIO ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းသင့်ကြောင်း၊ အခြား အဆိုပြု တင်ပြချက်များ မလိုအပ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။

မြစ်ကြီးနားရှိ KIO ခေါင်းဆောင်များနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ ဧရာဝတီသို့ တနင်္လာနေ့က ပြောကြားရာတွင် အဆိုပါ ကိစ္စ အတွက် အစည်းအဝေးများ ထပ်မံ ပြုလုပ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး KIO ဘက်မှ KIO ဥက္ကဋ္ဌ Lanyaw Zawng Hra ဒု ဥက္ကဋ္ဌ(၁) ဒု ဗိုလ်ချုပ်ကြီး Gauri Zau Seng နှင့် ဗိုလ်မှူးချုပ် Sumlut Gun Maw တို့ တက်ရောက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment