Transparency Myanmar

transparency.myanmar@gmail.com

Reuters, 8th February 2010

အစိုးရသည် ကူးသန်း ရောင်းဝယ်ရေး မြို့တော် ရန်ကုန်ရှိ ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်း ၃ ခု ကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းရန် စီစဉ်နေပြီး လတ်တလော ပုဂ္ဂလိကပိုင် ပြုလုပ်ရေး စာရင်းသို့ ထည့်သွင်းထားသည်ဟု သက်ဆိုင်ရာ အရာရှိ တစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။

ရန်ကုန်ရှိ ဆိပ်ကမ်း ၃ ခု အပါအဝင် ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဆိပ်ကမ်းများကို လွှဲပြောင်းရန် စီမံ ခန့်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်သည်ဟု မြန်မာ ကုန်သည်ကြီးများ အသင်းမှ ဝါရင့် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၉၂ ခုနှစ် အာဏာ သိမ်းပြီးချိန်မှ စ၍ သွင်ပြင်ပုံစံ မျိုးစုံဖြင့် အုပ်ချုပ်လာခဲ့သော စစ်တပ်သည် ယခုနှစ်အတွင်း ကျင်းပဖွယ် ရှိသည့် ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အတွက် စီစဉ် စိုင်းပြင်းနေပါသည်။

နိုင်ငံတဝှမ်းရှိ လောင်စာဆီ အရောင်းဆိုင် ၂၅၀ ခန့်ကို ယခင် အပတ်က ပုဂ္ဂလိက လက်သို့ လွှဲပြောင်း ခဲ့ပါသည်။ စက်ရုံများ၊ ဆန်စက်များ၊ ရုပ်ရှင်ရုံများ၊ မြေကွက်များနှင့် လေကြောင်း လိုင်းကိုလည်း လွှဲပြောင်းပေးခဲ့ပြီး အချို့မှာလည်း လွှဲပြောင်းနေဆဲ ဖြစ်ပါသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းမည့် ဆိပ်ကမ်းများမှာ ဗိုလ်တထောင် ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း နှင့် ဆူးလေ ဆိပ်ကမ်းတို့ ဖြစ်၍ မြန်မာ့သွင်းကုန် ထုတ်ကုန် လုပ်ငန်း၏ ၉၀ % ကို ကိုင်တွယ် ဆောင်ရွက်နေသော ဆိပ်ကမ်းများ ဖြစ်သည့် ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခုမှာ ရန်ကုန် ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းကို ယခင်ကပင် လုပ်ကိုင်နှင့်ခဲ့ပြီး ဖြစ်ပါသည်။

ရန်ကုန် အနောက်ပိုင်း အလုံ ဆိပ်ကမ်းကို အေရှားဝေါလ် ကုမ္ပဏီက လုပ်ကိုင်နေပြီး ဟောင်ကောင် အခြေစိုက် Myanmar International Terminals Thilawa (MITT) ကလည်း သီလဝါ ဆိပ်ကမ်းကို လုပ်ကိုင်နေသည်။ အဆိုပါ သီလဝါ ဆိပ်ကမ်းသည် ရန်ကုန် မြစ်ဝရှိ ရေနက် ဆိပ်ကမ်း တစ်ခု ဖြစ်၍ ရန်ကုန်မြို့လယ်မှ ၉ မိုင် (၁၄.၅ ကီလိုမီတာ) ခန့် ဝေးကွာပါသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အရာရှိကြီး တစ်ဦးက အထက်ပါ ကိစ္စနှင့် စပ်လျဉ်း၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment