Transparency Myanmar

transparency.myanmar@gmail.com

DVB, 10th February 2010

ရှမ်းပြည် တပ်မတော် အနေဖြင့် နယ်ခြား စောင့်တပ်ဖွဲ့ အဖြစ် အသွင် ပြောင်းခြင်းနှင့် မြန်မာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ကို မပြုလုပ်ပါက ပြဿနာနှင့် ရင်ဆိုင် ရလိမ့်မည်ဟု မြန်မာ့ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲက သတိပေးခဲ့ကြောင်း သိရှိရသည်။

အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် ဖေဖော်ဝါရီ လကုန်ကို နောက်ဆုံးရက် အဖြစ် သတ်မှတ်ထားသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ အတွက် နောက်ထပ် ဆွေးနွေးမှု ပြုလုပ်ရန် အတွက် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် နှင့် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် ဥက္ကဋ္ဌတို့ ဖေဖော်ဝါရီ ၆ရက်က တွေ့ဆုံခဲ့ကြသည်ဟု တရုတ် မြန်မာနယ်စပ် အခြေစိုက် စစ်ရေး အကဲခတ် သမား အောင်ကျော်ဇော၏ ပြောကြားချက် အရ သိရသည်။

''အစည်း အဝေး မအောင်မြင်ဘူး၊ နှစ်လ အတွင်းမှာ သဲသဲကွဲကွဲ ဆုံးဖြတ်၊ ဒါမှ မဟုတ်ရင် တိုက်ရလိမ့်မယ်'' ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က သတိပေးခဲ့ကြောင်း ၎င်းက DVB  သို့ ပြောကြားသည်။

ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSA – N) က မြန်မာ စစ်တပ်နှင့် လက်မှတ် ထိုးထားသော အပစ်ရပ် သဘောတူညီချက်ကို ဆက်လက် လိုက်နာမည် ဖြစ်ပြီး နောက်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် ပြောင်းလဲမည် မဟုတ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်အား ပြောကြားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ အနက် နေပြည်တော်၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်တွင် ထားရှိမည့် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရေး အဆိုပြုချက်ကို လက်ခံသည့် အဖွဲ့မှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ဥပဒေဘောင် အတွင်း ပြန်လာရန် နည်းလမ်း တစ်ခု အဖြစ် စစ်ဖက် အုပ်ချုပ်သူများက သတ်မှတ် ပြောဆိုနေသည်။ အမှန်မှာမူ ထိခိုက် ပျက်ပြားလွယ်သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အကြောင်းပြဖုံးအုပ်မှု တစ်ခုသာ ဖြစ်သည်။

မြန်မာ အစိုးရနှင့် ယာယီ စစ်ပြေငြိမ်းမှု မျှသာ ပြုလုပ်ထားကြသော အပစ်ရပ် တပ်ဖွဲ့များနှင့် မြန်မာ စစ်တပ် အကြား ပြဿနာ ဖြေရှင်းရေး ဆောင်ရွက်ချက်မှာ ကြီးမားသော တင်းမာမှုများ ဖြစ်ပွားစေခဲ့ပြီ ဖြစ်သည်။ အသွင်ပြောင်းရေးကို ငြင်းပယ်မှုကြောင့် ပြီးခဲ့သောနှစ်က မြန်မာစစ်တပ်နှင့် ကိုးကန့် တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ယင်း ဖြစ်ရပ်ကို နမူနာ ယူ၍ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ငြင်းပယ်မှု၏ နောက်ဆက်တွဲ လိုက်ပါလာမည့် အစိုးရ ထိုးစစ်ကို ကာကွယ်ရန် ရှမ်းပြည် အခြေစိုက် အကြီးဆုံး အပစ်ရပ် အဖွဲ့ ဖြစ်သော တပ်ဖွဲ့ဝင်  ၃၀,၀၀၀  ရှိ  UWSA  ဝတပ်ဖွဲ့က အရပ်သား ထောင်ပေါင်းများစွာကို စစ်သင်တန်းပေး လေ့ကျင့်ခဲ့ပါသည် ဟု သိရသည်။

မည်သို့ပင် ဖြစ်စေ မြန်မာ စစ်တပ် အရာရှိ နှစ်ဦး ထိပ်ပိုင်း တာဝန် ယူမည့် နယ်ခြား စောင့်တက် ဖွဲ့စည်းရေး ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်း သဘော တူညီမှု ရရှိနိုင်သည်ဟု  UWSA  က ပြီးခဲ့သော ဒီဇင်ဘာတွင် ပြောကြားခဲ့သော်လည်း အမှန်တကယ် ဖြစ်ပေါ်လာရန် ဖြစ်နိုင်ချေ အနည်းငယ်သာ ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment