Transparency Myanmar

transparency.myanmar@gmail.com

Inter-American Development Bank (IADB) ၏ သုတေသန ပြုလုပ်ချက်အရ ဟေတီ ငလျင်သည် မျက်မှောက်ခေတ် သမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝ ဘေးအန္တရာယ်ကြီး တစ်ခု ဖြစ်ကြောင်း သိရသည်။

၇ ဒဿမ ၀ မဂ္ဂနီကျု အင်အား ရှိသော ငလျင်ကြောင့် လူပေါင်း ၂၅၀၀၀၀ (နှစ်သိန်းငါး သောင်း) ခန့် သေဆုံးပြီး ပျက်စီး ဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ခန့် ရှိကြောင်း IADB က ဆိုသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ ဦးရေသည် ၂၀၀၄ ခုနှစ်က အင်ဒိုးနီးရှား နိုင်ငံတွင် ဖြစ်ပွားသော ဆူနာမီ ငလျင်ကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ ဦးရေနှင့် ထပ်တူ ထပ်မျှခန့် ရှိကြောင်း၊ သို့သော် ဟေတီနိုင်ငံ လူဦးရေသည် အနည်းငယ်မျှသာ ရှိရာ ဆူနာမီ ငလျင်ထက် ပိုမို ထိခိုက်ဆုံးရှုံးသည်ဟု သတ်မှတ်ကြောင်း IADB က ဖော်ပြသည်။

"နိုင်ငံ လူဦးရေနဲ့ သေဆုံး ပျောက်ဆုံးတဲ့သူ စာရင်းကို ကြည့်ရင် ဟေတီငလျင်က ပိုပြီး ထိခိုက် ပျက်စီးမှု များလှပါတယ်။ မြို့တော်ဟာ ငလျင်ကြောင့် အစိုးရ ဌာနဆိုင်ရာ တွေ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဆက်သွယ်ရေး စနစ်တွေ အားလုံး ထိခိုက် ပျက်စီးသွားပါပြီ" ဟု IADB မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

"အမှန်စစ်စစ် ဟေတီ ငလျင်ဟာ ၂၀၀၄ ခုနှစ် အင်ဒိုနီးရှား ဆူနာမီ ငလျင်နှင့် ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ နာဂစ် ဆိုင်ကလုန်းတို့ထက် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို ပိုမို ဖြစ်ပေါ်စေခဲ့ပါတယ်။ ၁၉၇၂ ခုနှစ် နီကာရာဂွါမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှင့် နှိုင်းယှဉ် မယ်ဆိုရင်လည်း ဟေတီငလျင်မှာက လူပေါင်း ၅ ဆလောက် ပိုမို ထိခိုက် ပျက်စီးခဲ့တာ  ကို တွေ့ရတယ်" ဟု IADB က ကြေညာချက် ထုတ်ပြန်သည်။

ဟေတီ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။

Indiatalkies ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment