Transparency Myanmar

transparency.myanmar@gmail.com

အကယ်၍ ထိုင်းအစိုးရကသာ နိုင်ငံသား စိစစ်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်လာမည် ဆိုပါက ထိုင်းနိုင်ငံတွင် နေထိုင်လျက် ရှိသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများမှ ရွှေ့ပြောင်းလုပ်သား အများအပြား ပြည်နှင်ဒဏ် ပေးခံရမည့် အနေအထားမျိုးနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင် သူများက သုံးသပ် ပြောဆိုလိုက်သည်။

ထိုင်းအစိုးရ ကက်ဘိနက်သည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံတွင်း လာရောက် နေထိုင် အလုပ်လုပ်ကိုင်လျက် ရှိသော ရွှေ့ပြောင်း လုပ်သားများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံတွင် နေထိုင်သော ရွှေ့ပြောင်း လုပ်သားများ အနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက် မတိုင်မီ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ကိုယ်ရေးရာဇဝင်များ တင်ပြနိုင်ပါက အလုပ် လုပ်ခွင့် ပါမစ် သက်တမ်း ၂ နှစ် တိုးမြှင့်ပေးမည် ဖြစ်သည်

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း လုပ်သား စုစုပေါင်း ၁ ဒသမ ၃ သန်းခန့် နေထိုင်လျက် ရှိသည်ဟု ခန့်မှန်းရသည်။

မည်သို့ပင် ဖြစ်စေ သတ်မှတ်ရက် မတိုင်မီ ကိုယ်ရေး ရာဇဝင် တင်ပြနိုင်ခြင်း မရှိပါက မိမိနိုင်ငံသို့ ပြန်ပို့ခံရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။

ကုလသမဂ္ဂ ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင်သူ Jorge Bustamante က လက်ရှိ အခြေအနေတွင် ရွှေ့ပြောင်း လုပ်သား အားလုံး မှတ်ပုံတင်နိုင်ခြင်း မရှိသေးကြောင်း၊ အကယ်၍ မှတ်ပုံတင်မည် ဆိုပါကလည်း စာရွက်စာတမ်း မြောက်များစွာ လိုအပ်မည် ဖြစ်ရာ ၎င်းတို့ အနေဖြင့် အခက်အခဲ ရှိလိမ့်မည် ဖြစ်ကြောင်း မှတ်ချက်ပေး ပြောဆိုသည်။

"ရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ ဖေဖော်ဝါရီ လကုန်ပြီးတာနဲ့ ပြည်နှင်ဒဏ် ပေးခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ကြရပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ထိုင်းအစိုးရကို ယခင် ပြောခဲ့ဖူးတဲ့ ကိစ္စကို ပြန်ပြောလိုပါတယ်။ အဲဒါကတော့ ရွှေ့ပြောင်း လုပ်သားတွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒကို ပြန်လည် သုံးသပ်ဖို့ပါပဲ။ လောလောဆယ် ကျွန်တော် စိတ်ပျက်မိတာက ထိုင်းအစိုးရက ကျွန်တော်တို့ ပို့ထားတဲ့ စာနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ တုံ့ပြန်မှု မလုပ်သေးတာပါပဲ။ တကယ်လို့ ထိုင်းအစိုးရ အနေနဲ့ အဲဒီမူဝါဒ အတိုင်း ဆက်လုပ်သွားမယ် ဆိုရင် လူမှုရေး ထိခိုက် နစ်နာမှုတွေ ရှိလာမှာ သေချာပါတယ်။ ဒါတင် မကပါဘူး။ နောက်ဆက်တွဲ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိလာနိုင်တယ်" ဟု ၎င်းက ဆိုသည်။

UN News Center မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment