Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာနိုင်ငံ တဝှမ်းရှိ ပြည်ထောင်စု လမ်းမကြီးများကို ဆောက်လုပ်ရေး ဝန်ကြီးဋ္ဌာန ပုဂ္ဂလိကများသို့ အလျှင်အမြန် လွှဲပြောင်းပေးလျှက် ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

အကြံပိုင်သော စီးပွားရေးသမားတစ်ဦးက မန္တလေးမြို့မှ သန်းကြွယ်သူဋ္ဌေး၊ ရေနံနှင့် သကြား လုပ်ငန်းရှင် ဦးတင်မောင်၏ သကြားစက် လမ်းဘေး ဝဲယာရှစ်မိုင်စီ (၁၆ မိုင်) ကိုသာ ရယူ၍ လမ်းကြေး ကောက်ခံခွင့် လျှောက်ထားခဲ့ရာ ချက်ချင်းလိုလို ခွင့်ပြုချက် ရရှိကြောင်း သကြားစက် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ပုဂ္ဂလိကပိုင် ပြုလုပ်လျက် ရှိသော လုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အလျင်အမြန် ခွင့်ပြုချက်များ ထုတ်ပေးနေသည်ဟု ဆိုသော်လည်း စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူများသာ အများဆုံး ရရှိနေကြောင်း သတင်း ရရှိသည်။

ပြည်ထောင်စု လမ်းမကြီးများကို BOT စနစ်ဖြင့် လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုနေရာမှ ယခု ပုဂ္ဂလိကပိုင် ခွင့်ပြုလာကြောင်း အခြေခံ အဆောက်အအုံ ဖြစ်သည့် ပြည်ထောင်စု လမ်းမကြီးများကို လမ်းကြေး ကောက်စားခွင့်ရရုံ သက်သက်ဖြင့် လွှဲပြောင်းပေးမည့် အစား ADB ကမ္ဘာ့ဘဏ်တို့မှ ချေးငွေများ ရရှိရေး အတွက် အစိုးရ အနေဖြင့် စီမံ ဆောင်ရွက် သင့်ကြောင်း၊ သို့မှသာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းပြီး ခေတ်မီသည့် နိုင်ငံတကာ အဆင့်မီ အဝေးပြေး လမ်းမကြီးများ အချိန်တိုအတွင်း ပေါ်ပေါက်လာမည်ဟု စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment