Transparency Myanmar

transparency.myanmar@gmail.com

Mizzima, 26th February 2010

          မြန်မာနိုင်ငံရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) သည် အဖွဲ့ဝင် (၁၀၀) ပါဝင်သော ဗဟိုကော်မတီ (CC) အသစ်ကို ယနေ့ အတည်ပြုခဲ့သည်။

          NLD ၏ CEC သည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြည်နယ်တိုင်းများရှိ အဖွဲ့ခွဲများမှ တင်ပြ လာသော အမည်စာရင်းများကို သေချာစွာ စစ်ဆေးလျက် ယနေ့ နောက်ဆုံး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

          ထိုအတည်ပြုထားသော စာရင်းကို ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေထံသို့ အတည်ပြုချက် ရယူနိုင်ရန် မနက်ဖြန်ပို့မည် ဖြစ်ပြီး လာမည့်လ ပထမပတ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း ပါတီ သတင်းထုတ်ပြန်ရေး ဌာနတာဝန်ခံ ဦးခင်မောင်ဆွေက မဇ္စျိမသို့ ပြောသည်။

          NLD ပါတီသည် CEC အဖွဲ့ဝင်အဖြစ် လူ ၂၀ နှင့် ဗဟိုကော်မတီတွင် CC အယောက် ၁၀၀၊ စုစုပေါင်း ၁၂၀ ပါဝင်ရန် သတ်မှတ်ထားသည်။ ပြည်နယ်တိုင်းများမှ ဗဟိုကော်မတီအတွက် လူတစ်ရာကျော် အမည်စာရင်း တင်သွင်းခဲ့ကြသည်။

          NLD မှ ထုတ်ပြန်ကြေညာချက်တွင် ပါတီ၏ အနာဂတ် အစီအစဉ်များကို အကျိုးရှိစွာ ကိုင်တွယ်နိုင်ရန်နှင့် ပါတီစွမ်းအား ရှိနေစေရေးအတွက် ဗဟိုကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

          ပါတီ၏ လုပ်ငန်းအဖွဲ့များက ပြောကြားရာတွင် ၎င်းတို့သည် ဗဟိုကော်မတီအတွက် အမည်စာရင်း တင်သွင်းရာတွင် ပါတီအပေါ် သစ္စာစောင့်သိမှု၊ စွမ်းဆောင်နိုင်ရည်နှင့် လုပ်ရည်ကိုင်ရည်ရှိမှု၊ ပါတီအပေါ် ထမ်းရွက်မှုနှင့် အသင့်ရှိမှု၊ ပါတီ၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသူ၊ စည်းကမ်းပျက်မှုဖြင့် အရေးယူ မခံရသူများကို အခြေခံ၍ ရွေးချယ်ပေးသည်ဟု သိရှိရသည်။

          NLD ကို ၁၉၉၀ ၌ ဖွဲ့စည်းစဉ်က ဗဟိုကော်မတီဝင် ၈၀ ဖြင့် ဖွဲ့စည်းခဲ့ရာ အများစုမှာ အဖမ်းဆီး ခံရခြင်းကြောင့် ပါတီလုပ်ငန်းများ လုပ်ကိုင်ရန် ခါးပြတ်သွားခဲ့ရသည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment