Transparency Myanmar

transparency.myanmar@gmail.com

         မြန်မာနိုင်ငံသို့ ဒီဇယ် တင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို လက်ဝါးကြီး အုပ်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက်က နိုင်ငံကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဒီဇယ် အုပ်စုကြီး တစ်ခု ဖွဲ့စည်းတည်ထောင်ရန် ပြင်ဆင်နေကြောင်း စုံစမ်း သိရှိရသည်။

ဦးပိုင် အနေဖြင့် ၎င်းတို့ အုပ်စုတွင် ပါဝင်မည့် ကုမ္ပဏီများကို ကြိုက်နှစ်သက်ရာ ဒီဇယ်ဆိုင်၊ ဓါတ်ဆီဆိုင် ကို လုပ်ကိုင်ခွင့် ရရှိမည်ဟု အာမခံလျက် ရှိပြီး ဆိုင် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို ဦးပိုင်မှ ရယူထားသည်။

၂၀၁၀ နိုင်ငံရေး အကူးအပြောင်း ကာလ မတိုင်ခင် စီးပွားရေး ပြုပြင် ပြောင်းလဲမှု အနေဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်လျက် ရှိသော်လည်း အဓိက ဝင်ငွေ ရရှိနိုင်မည့် လုပ်ငန်းများနှင့် စစ်တပ် အတွက် စီးပွားရေး ကျောထောက်နောက်ခံ လုပ်ငန်းများကို MEC နှင့် ဦးပိုင်တို့ကသာ လက်ဦးမှု ရယူထားကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး၏ စီးပွားရေုးု လူယုံ ဦးတေဇသည်ပင်လျှင် ဦးပိုင်မှ မလုပ်လိုသည့် လုပ်ငန်းကြီးတချို့ကို လွှဲပြောင်းရာ၌ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် နီးစပ်သူများသာ အဓိက ရရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment