Transparency Myanmar

transparency.myanmar@gmail.com

VOA News, 9th March 2010

          နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာ၏ ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု၌ ဒုတိယအကြီးဆုံး ထုတ်လုပ်သူ ဖြစ်ကြောင်း ဖော်ပြထားသည်။

          ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက စစ်သားများနှင့် အရပ်သားများသည် မြန်မာနိုင်ငံ အရှေ့မြောက် ရှမ်းပြည်နယ်တွင် ဘိန်းပင်များကို ဖျက်ဆီးရာတွင် တုတ်များကို အသုံးပြုခဲ့သည်ဟု ဆိုသည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ဘိန်းတိုက်ဖျက်ရေးနှင့် တောင်ပေါ်ဒေသ ဘိန်းစိုက်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု ကင်းစင်ရေးအတွက် စိုက်ပျိုးမှု လျှော့ချခဲ့ရာ စိတ်ကျေနပ်စရာ ကောင်းခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် ဘိန်းပြန်လည် စိုက်ပျိုးမှုများ ထွက်ပေါ်လာခဲ့ပြီး စိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုတွင် မြင့်တက်လာခဲ့သည်။

          ၁၉၉၆ မှ စ၍ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ကျဆင်းလာခဲ့သောကြောင့် ဘိန်းမှ ထုတ်လုပ်ခြင်း မဟုတ်သော မူးယစ်ဆေးဝါး (Synthetic Drugs) များ ထုတ်လုပ် တင်ပို့မှုများ အရှိန်အဟုန် ကောင်းလာခဲ့သည်။ ဘိန်း၊ ဟီးရိုးအင်းနှင့် အင်ဖက်တမင်း ဆေးဝါးများ ထုတ်လုပ်မှုမှာ ရှမ်းပြည်နယ် နယ်စပ်ဒေသများ၊ တိုင်းရင်းသားများ ချုပ်ကိုင်သော ဒေသများတွင် ထုတ်လုပ်သည်။

          အဆိုပါ အစီရင်ခံစာအရ ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများသည် အောင်မြင်မှုများ ရှိခဲ့ကြောင်း၊ မက်သဖက်တမင်း ဆေးပြားများ၊ မူးယစ်ဆေးဝါးထုတ်သည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုတွင် သိသိသာသာ တိုးတက်ခဲ့သည်။

          ဘိန်းစိုက်ပျိုးမှု အစဉ်တစိုက် လျှော့ချရေးအတွက်မူ ဘိန်းအစားထိုး မဟာဗျူဟာ တစ်ရပ် လိုအပ်ပြီး၊ ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်မှု၊ ဘိန်းစိုက်သော တောင်သူများကို အကူအညီ ပေးနိုင်မှု၊ ပြင်ပ ကူညီထောက်ပံ့မှုများကို လမ်းဖွင့်ပေးမှုတို့ လိုအပ်သည်။

          ၂၀၁၄ ခုနှစ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှု ပပျောက်ရေး ရည်မှန်းချက်ကို အောင်မြင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်သော တိုင်းရင်းသား အဖွဲ့များနှင့်အနီးကပ် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်။

          အဆိုပါ အစီရင်ခံစာတွင် မြန်မာအစိုးရအား တိုင်းရင်းသားအဖွဲ့များနှင့် ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ထိရောက်သော ခြေလှမ်းသစ်များ ချမှတ်၍ မြန်မာ့နယ်မြေမှ အင်ဖက်တမင်း ဆေးပြားများ ထုတ်လုပ်ရောင်းဝယ်ရေး ရပ်ဆိုင်းသွားရေးအတွက် ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

          မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှု လျော့ချရေး ကြိုးပမ်းရာတွင် နိုင်ငံတကာမှ အကူအညီများ ပေးနိုင်သည်။ သို့သော် အမေရိကန် အပါအဝင် အလှူရှင်များသည် မြန်မာနိုင်ငံ အစိုးရသို့ တိုက်ရိုက် အကူအညီပေးမှုများသည် မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ဒီမိုကရေစီ ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအပေါ် မူတည်နေသည်။ အမေရိကန်သည် မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် တိုက်ရိုက် အကူအညီပေးမှုများကို ၁၉၈၈ မှစ၍ ရပ်ဆိုင်းထားသည်။ ယခုအခါ မြန်မာစစ်အစိုးရသည် ပြည်သူများ၏ အသံကို လေးစားပြီး ဒီမိုကရက်တစ် အသွင် ကူးပြောင်းမှုကို စတင်ရန် ခွင့်ပြုသင့်ပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment