Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံမှ ကွန်ပျူတာ ဆော့ဖ်ဝဲ ကုမ္ပဏီများသည် အစိုးရ ဝန်ကြီးဌာနများတွင် e-government စနစ်ကျင့်သုံးရန် စတင် မိတ်ဆက်ပေးနေပြီ ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနပေါင်း ၃၂ ခု ရှိသည့်အနက် ၉ ခုတွင် အဆိုပါစနစ်ကို စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်း (MCA) မှ သတင်းရင်းမြစ်များက ဆိုသည်။

e-government စနစ် စတင် ကျင်သုံးနေပြီ ဖြစ်သော ဝန်ကြီးဌာန ၉ ခုမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနတို့ ဖြစ်ကြသည်။

အဆိုပါ ဝန်ကြီးဌာနများတွင် အသုံးပြုနေသော ဆော့ဖ်ဝဲများမှာ Internal Information System ၊ Employee Bio Data Information System၊ Document Exchange and Management System၊ Industry Reporting System နှင့် Tender Reporting System တို့ ဖြစ်ကြောင်း MCA က ဆိုသည်။

တစ်ချိန်တည်းမှာပင် ဘဏ်လုပ်ငန်း အခန်းကဏ္ဍများတွင်လည်း Banking Network System များကို စတင် အသုံးပြုနေပြီ ဖြစ်သည်။ ဘဏ်စုစုပေါင်း ၆ ခုတွင် ငွေကြေး လွှဲပြောင်းမှုများနှင့် ကုန်သည်ကြီးများ ငွေပေးချေမှုများ ပြုလုပ်ရာတွင် လွယ်ကူ ချောမွေ့စေရန် တပ်ဆင် အသုံးပြုခြင်း ဖြစ်ကြောင်း၊ အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များလည်း လုပ်ငန်းချင်း ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ဖြစ်ကြောင်း MCA က ဆိုသည်။

Banking Network System စတင် အသုံးပြုနေသော ဘဏ်များမှာ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြဝတီဘဏ် နှင့် မြန်မာစက်မှု ဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်ကြသည်။ အဆိုပါဘဏ်များအတွက် ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီများ ဖြစ်သော MIT နှင့် Global Net တို့က တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အီလက်ထရွန်းနစ် ငွေပေးချေစနစ် (e-payment) စနစ်ကို အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း e-government စနစ်နှင့် mobile –(m-) commerce စနစ်များကို စတင် အသုံးပြုနိုင်မည့် အနေအထားတွင် ရှိကြောင်း နည်းပညာ ကျွမ်းကျင်သူများက သုံးသပ် ပြောကြားသည်။

Xinhua သတင်းဌာန သတင်းကိုဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment