Transparency Myanmar

transparency.myanmar@gmail.com

www.hinduatantimes.com, 10th March 2010

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ကန့်သတ်ထားသော မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ မျှော်လင့်သည်များ ဖြစ်မလာဘဲ စိတ်ပျက်ရကြောင်း အမေရိကန် ကိုယ်စားလှယ် Kurt Cambell က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

''ယခု အထိ တွေ့ရသမျှ မျှော်လင့်တာတွေ ဖြစ်မလာလို့ စိတ်ပျက်ရတယ်လို့ ပြောရမှာ တရားမျှတတယ်လို့ ထင်ပါတယ်'' ဟု Campbell က မလေးရှားသို့ ရောက်ရှိစဉ် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Campbell က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အလေးအနက်ထား ထပ်မံ တောင်းဆိုခဲ့သည်။

သူမအား လွှဲပေးရန်နှင့် နိုင်ငံတွင်း တက်ကြွစွာ နှင့် အပြည့်အဝ လှုပ်ရှား ခွင့်ပြုရန်နှင့် ပတ်သက်၍ မိမိတို့၏ ကြေညာချက်ပေါ်တွင် မိမိတို့ ရပ်တည်နေမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျွန်ုပ်တို့ အနေဖြင့် တိုင်းပြည်၏ ရှေ့ဆက်မည့် နိုင်ငံရေးတွင် သူမအား တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်ရန် လိုလားကြောင်း Campbell က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မတိုင်မီ ပြည်တွင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရန် အစိုးရအား မိမိတို့ တိုက်တွန်းလိုကြောင်းလည်း ပြောသည်။

သို့သော် ယခု ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေသည် နှစ်ပေါင်း ငါးဆယ် အုပ်ချုပ်လာသော စစ်တပ်၏ အာဏာ အမြစ်တွယ်ရေးနှင့် တရားဝင်ရေးအတွက် အလေးပေးထားသည်ကို တွေ့ရသည်။

ဥပဒေ၏ အချက်တစ်ခုအရ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ရရှိမည် မဟုတ်သည့်ပြင် သူမအနေနှင့် ပါတီမှ နုတ်ထွက်ပေးရဖွယ် ရှိနေကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment