Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 13th March 2010

          မြန်မာနိုင်ငံတွင် သြစတြေးလျ ကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်သည့် ဥပဒေ ထုတ်ပြန်ရန် သြစတြေးလျ လွှတ်တော်အမတ်များက ဖက်ဒရယ်ပါလီမန်ကို တောင်းဆိုလျက် ရှိသည်။

          သြစတြေးလျ အစိုးရသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရှုပ်ထွေး ရောထွေးနေသော အချက်ပြမှုများကိုသာ ကုမ္ပဏီများထံ ပေးပို့နေကြောင်း ဆီနိတ်တာ Scotf Ludlam က Radio Australia သို့ ယခုအပတ် ပြောကြားခဲ့သည်။

          "သြစတြေးလျ ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒီမှာ အခြေအနေတွေတိုးတက်လာတဲ့အထိ ခိုင်မာ ဖြောင့်မတ်တဲ့ စည်းတစ်ခုကို ကုမ္ပဏီတွေအနေနဲ့ ထား ထားသင့်တယ်" ဟု ၎င်းက ဆိုသည်။

          ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံသို့ လူသားချင်း စာနာ ထောက်ထားသော အကူအညီများကို သြစတြေးလျ အစိုးရက တိုးမြှင့် ကူညီနေသော်လည်း စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကိုမူ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားသင့်သည်ဟု Ludlan က ပြောကြားသည်။

          သြစတြေးလျ ကုမ္ပဏီများစွာသည် မြန်မာနိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍတွင် ဆွေးနွေးညှိနှိုင်းလျက် ရှိကြသည်။

          သြစတြေးလျ Qantas လေကြောင်းလိုင်းသည် ၎င်း၏ လုပ်ငန်းခွဲတစ်ခု ဖြစ်သော Jet Star မှတစ်ဆင့် စင်္ကာပူနှင့် ရန်ကုန်ကြား ကုန်တင်လေယာဉ်များ ပြေးဆွဲနေခြင်းကို မြန်မာအစိုးရ ဆန့်ကျင်သူများက ပြစ်တင် ဝေဖန်ခဲ့ကြသည်။

          သို့ရာတွင် ဖေဖော်ဝါရီလက မြန်မာနိုင်ငံရှိ လူသားချင်း စာနာ ထောက်ထားသော အကူအညီများကို ၄၀ % မြှင့်တင်ကာ လာမည့် ၃ နှစ်အတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၄၅ သန်းအထိ သုံးစွဲ ထောက်ပံ့သွားမည်ဟု သြစတြေးလျ အစိုးရက ကြေညာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment