Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Kyaw Thein Kha, 13th March 2010

          အနည်းဆုံး နိုင်ငံရေးအဖွဲ့ ခုနှစ်ဖွဲ့ခန့်သည် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ပါတီအဖြစ် မှတ်ပုံတင်ရေးကို ပြင်ဆင်လျက် ရှိကြောင်း၊ ထိုအထဲတွင် ဖွဲ့စည်းထားပြီးသော အစိုးရ လိုလားသော ပါတီတစ်ခုလည်း ပါဝင်ကြောင်း အဆိုပါ အဖွဲ့များ၏ ခေါင်းဆောင်များ၏ အဆိုအရ သိရှိရသည်။

          "ကျွန်တော်သိရသလောက် နိုင်ငံရေးပါတီ ခုနှစ်ခုဟာ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ဖို့ လုပ်နေကြပါတယ်" ဟု အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ (National Political Alliance) မှ ခေါင်းဆောင် ဦးကြည်ဝင်းက ပြောကြားခဲ့သည်။ ၎င်းပါတီသည် အစိုးရ လိုလားသော အဖွဲ့ငယ် ကိုးဖွဲ့ကို စုပေါင်းထားသော ရန်ကုန်အခြေစိုက်ပါတီ ဖြစ်သည်။

          တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (National Unity Party)၊ ဒီမိုကရက်တစ် ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစု (Union of Myanmar National Political Force)၊ ပြည်ထောင်စု မြန်မာနိုင်ငံ ၈၈ မျိုးဆက်ကျောင်းသားများ (88 Generation Students Union of Myanmar) တို့သည် ရက်ပိုင်းအတွင်း မှတ်ပုံတင်ကြတော့မည် ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောကြားခဲ့သည်။

          NUP သည် ယခင်က အာဏာရှင် ဦးနေဝင်း လက်ထက်ကတည်းက ဖွဲ့စည်းထားခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲက တပ်မတော်အစိုးရ ထောက်ခံခဲ့သည့် ပါတီဖြစ်သည်။

          ထို့အပြင် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA)၊ ရှမ်းခေါင်းဆောင် ဦးရွှေအုန်းနှင့် အမျိုးသား နိုင်ငံရေး မဟာမိတ် တို့သည်လည်း မှတ်ပုံတင်မည် ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

          ရန်ကုန်မှ လာသော သတင်းများအရ USDA သည် ပါတီသုံးဖွဲ့ခန့် ခွဲ၍ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

          "ကျွန်တော်တို့ ကြားတာက USDA ဟာ ပါတီသုံးခု ဖွဲ့စည်းမယ်လို့ ကြားပါတယ်။ အခုထိတော့ NUP လို မဲဆွယ်တာတော့ မတွေ့ရသေးပါဘူး။ NUP ကတော့ လွန်ခဲ့တဲ့ လကတည်းက လှည်းကူးဘက်မှာ စပြီး မဲဆွယ်နေပါတယ်" ဟု သတင်းတစ်ရပ်က ဧရာဝတီသို့ သောကြာနေ့က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment