Transparency Myanmar

transparency.myanmar@gmail.com

Monstersandcritics.com, 1st March 2010

          ဆယ်စုနှစ် တစ်စုကျော် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားခြင်း ခံနေရသော မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် "အပြင်းအထန် တောင်းဆိုချက်" ကို အီးယူ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Catherine Aston က တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သည်။

          ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် သူမ ပါဝင်နိုင်ခြင်း မရှိစေရန် မြန်မာနိုင်ငံ ဗဟို တရားရုံးက သူမ၏ ပြစ်ဒဏ်မှ လွတ်မြောက်ရေး အယူခံလွှာကို သောကြာနေ့က ပယ်ချခဲ့ပြီးနောက် Aston က ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

          နောက်ဆုံး အယူခံလွှာ၏ ဥပဒေကြောင်းအရ အကျုံးဝင်နေမှုကြောင့် ယခု ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်သည့် အခွင့်အရေး မြန်မာ အာဏာပိုင်များတွင် ရှိနေသေးသည်ဟု Aston ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Lutz Gullner က ကြေညာချက်တွင် ဖော်ပြသည်။

          မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အနာဂတ် အကျိုးစီးပွားအတွက်  ယခု အခွင့်အလမ်းကို ဆုပ်ကိုင်ရန် Aston က မြန်မာ အာဏာပိုင်များထံ အပြင်းအထန် တောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

          Gullner ၏ ပြောကြားမှုအရ ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်သည် တရားမျှတမှု မရှိဟု သိရှိရပြီး နိုင်ငံ ရေရှည် တည်ငြိမ်ရေး၊ အမျိုးသား ပြန်လည် ပေါင်းစည်းမှု တိုးတက် အောင်မြင်ရေး တို့အတွက် အရေးတကြီး လိုအပ်နေသော အစိုးရနှင့် အတိုက်အခံ ပါတီများ၏ မျက်နှာစုံညီ အစည်းအဝေး ဖြစ်မြောက်ရေး အလားအလာများကိုလည်း ထိခိုက်စေခဲ့သည် ဟုလည်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment