Transparency Myanmar

transparency.myanmar@gmail.com

Mizzima news, 1st March 2010

မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ထားရှိမည့် နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် ပြောင်းရန် သတ်မှတ်ထားသော နောက်ဆုံးရက်ကို နောက်ထပ် သက်တမ်းတိုးပေးရန် ဝ တပ်ဖွဲ့ UWSA က မြန်မာ စစ်ဖက် အစိုးရ ထံ မေတ္တာ ရပ်ခံထားသည်ဟု သတင်းများ အရ သိရှိရသည်။

နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရေးနှင့် ပတ်သက်၍ နေပြည်တော်သို့ အကြောင်းပြန်ရမည့် သတ်မှတ် နောက်ဆုံးရက်မှာ ဖေဖော်ဝါရီ ၂၈ တွင် ကုန်ဆုံးသွားပြီ ဖြစ်သည်။ သို့ရာတွင် ဝ တပ်ဖွဲ့ UWSA က မနှစ်က နိုဝင်ဘာတွင် အစိုးရထံ တင်ပြခဲ့သော အဆိုပြုချက် ၉ ချက်ကိုသာ ထပ်ဖန်တလဲလဲ တင်ပြနေသည်။

မူးယစ်ဆေးဝါး ကုန်ကူးမှုကြောင့် နာမည်ပျက်ဖြင့် ကျော်ကြားသော UWSA ဝ တပ်ဖွဲ့က တင်ပြထားသော အဆိုပြုချက်များတွင် စစ်တပ် တစ်ခုသာ ထားမည့် မူဝါဒကို လက်ခံသော်လည်း ကိုယ်ပိုင် ဆုံးဖြတ် အုပ်ချုပ်ခွင့်ကို တောင်းဆိုထားသည်။ ထို့အပြင် ရှမ်းပြည် အရှေ့မြောက်ပိုင်းမှ မိုင်းပျံဒေသများကို မိုင်းလားနှင့် ကျိုင်းတုံခရိုင် အတွင်း သွတ်သွင်း သတ်မှတ်သည့် အစိုးရ၏ ဆုံးဖြတ်ချက်ကိုလည်း ရုတ်သိမ်းရန် တောင်းဆိုထားသည်။

အကယ်၍ ခွင့်ပြုခဲ့ပါက ယခင်နှစ် အောက်တိုဘာ ပထမ အကြိမ် နောက်ပိုင်း ၄ ကြိမ်မြောက် သက်တမ်းတိုးခြင်း ဖြစ်ဖွယ် ရှိသည်။ ၎င်းကိစ္စသည် အပစ်ရပ် အဖွဲ့ ၁၇ ဖွဲ့ကို မြန်မာ စစ်တပ်အောက်သို့ သိမ်းသွင်းရန် အစိုးရက စီစဉ်နေခြင်း ဖြစ်သည်။

သို့သော်လည်း နေပြည်တော် အဖွဲ့၏ ညှိနှိုင်းရေးမှူး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ တပ်ဖွဲ့၏ ကိုယ်ပိုင် အုပ်ချုပ်ရေး တောင်းဆိုမှုကို ပယ်ချခဲ့ပြီး ဝ တပ်ရင်းတိုင်းတွင် မြန်မာ စစ်အရာရှိ ၃၀ ပါဝင် အုပ်ချုပ်မည့် အစီအစဉ်ကိုလည်း အလျှော့ပေးမည် မဟုတ်ဟု ပြောကြားထားသည်။

ဝ နယ်မြေသည် နိုင်ငံနှင့် တစ်ဆက်တည်း ဖြစ်သလို အစဉ်အလာ မဟာမိတ်များလည်း ဖြစ်သဖြင့် ကြားဝင် စေ့စပ်ပေးရန် တရုတ် အာဏာပိုင်များအား ဝ တို့က မေတ္တာရပ်ခံထားသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment