Transparency Myanmar

transparency.myanmar@gmail.com

AP, 1st March 2010

          ရန်ကုန်မြို့တော်ရှိ ပြင်သစ် သံရုံးတွင် ဒုက္ခသည် အဖြစ် ခိုလှုံရန် ကြိုးစားခဲ့သော ကင်မရွန်း ဘောလုံးသမား တစ်ဦးမှာ ငွေစက္ကူ အတု ကိုင်ဆောင်မှုဖြင့် တရားစွဲဆိုခြင်း ခံရပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကျနိုင်သည်ဟု တနင်္လာနေ့ သတင်းစာတွင် ဖော်ပြထားသည်။

အမည်မသိ ကင်မရွန်း လူမျိုးသည် ပြီးခဲ့သည့် အင်္ဂါနေ့က ရဲများ၏ ဖမ်းဆီးမှုမှ ထွက်ပြေးကာ ရန်ကုန်မြို့ ပြင်သစ်သံရုံးတွင် ယာယီ ခိုလှုံခဲ့ခြင်း ဖြစ်သည်။ သို့သော် အချိန်တို အတွင်းမှာပင် ၎င်းက ရဲများထံ အဖမ်းခံခဲ့သည်။

အဆိုပါ ကင်မရွန်းလူမျိုးနှင့် ၎င်း၏ မိတ်ဆွေသည် ငွေစက္ကူ အတု ပြုလုပ်မှုဖြင့် တရားစွဲဆိုခြင်း ခံရပြီး ယင်း အမှုမျိုးသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျနိုင်သည်ဟု ပြည်တွင်းထုတ် သတင်းဂျာနယ်က ဆိုသည်။

၎င်းတို့နှစ်ဦးသည် ပြည်တွင်း ဘောလုံးကလပ်များတွင် ကစားရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သို့ရာတွင် ကန်ထရိုက် စာချုပ် မအောင်မြင်သည့် အတွက် မြို့လယ် ဟိုတယ် တစ်လုံးတွင် နေထိုင်နေစဉ် အမေရိကန် ဒေါ်လာ အတု ပြုလုပ်သည်ဟု စွပ်စွဲခံရခြင်းသည်ဟု သိရှိရသည်။

၎င်းတို့နှစ်ဦးမှာ ဟိုတယ် မန်နေဂျာ၏ သတင်းပေးမှုကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment