Transparency Myanmar

transparency.myanmar@gmail.com

Mizzima, By Myint Maung, 2nd April 2010

ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပြည်သူများနှင့် ပိုမို ထိတွေ့ ဆက်ဆံရေး အတွက် နည်းလမ်းများ ရှာဖွေသွားမည် ဖြစ်ပြီး ပါတီ၏ အနာဂတ် လုပ်ငန်းစဉ်များတွင် လူမှုရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်သွားရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

''ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ဆက်လုပ်သွားမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာ ပြည်သူတွေ အတွက် အလုပ်လုပ်သွားပါမယ်။ ပြည်သူတွေ အကျိုးပြုမယ့် လုပ်ငန်းတွေနဲ့ အတူ အလုပ်အကျွေးပြုသွားပါမယ်'' ဟု NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိမသို့ ပြောလိုက်သည်။

ဥပမာအားဖြင့် NLD သည် HIV နှင့် AIDS ဝေဒနာရှင်များအတွက် အလုပ်လုပ်ပေးမည် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများကို ထောက်ပံ့ ကူညီပေးသွားမည် ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) သည် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့ အစည်းအဝေး ပြုလုပ်ခဲ့ရာ NLD ပါတီ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် အခြား မဟာမိတ်များနှင့် အတူ လူမှုရေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။

အစိုးရ၏ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်သော အားဖြင့် NLD သည် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် မှတ်ပုံတင်ရန် နောက်ဆုံးရက် ကျော်လွန်သွားပါက NLD သည် တရားဝင် ပါတီ အဖြစ်မှ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံရေး ရုပ်ပုံကားချပ်မှ ၎င်း၏ ကံကြမ္မာ မည်သို့ မည်ပုံ ရှိလာမည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

''ကျွန်တော်တို့ဟာ NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ အနာဂတ်မှာ တိုင်းရင်းသား နိုင်ငံရေး ပါတီများနဲ့ ဘယ်လို ပူးပေါင်း လုပ်ဆောင်နိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်'' ဟု CRPP မှ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

CRPP အစည်းအဝေးသို့ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟို အလုပ် အမှုဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ဦးအေးသာအောင်၊ ဦး PuCing Tsian Thang၊ ဦး Thaug Ko Thaug နှင့် အခြား CRPP အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

''ကျွန်တော်တို့ အားလုံးက NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို လေးစားပါတယ်။ ပါတီ အတွက် ဂုဏ်ယူပါတယ်။ NLD နဲ့ CRPP ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်'' ဟု ဦးအေးသာအောင် က ပြောကြားခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များက ပါတီ ဖျက်သိမ်းခံရသော်လည်း နိုင်ငံရေး ပါတီအဖြစ် ဆက်လက် လည်ပတ် ရပ်တည်ရေး အတွက် အမြင်ချင်း ဆွေးနွေး ဖလှယ်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment