Transparency Myanmar

transparency.myanmar@gmail.com

AFP, From The Peninsula, 3rd April 2010

အမေရိကန် ပြည်ထောင်စု အနေဖြင့် လာမည့် ရွေးကောက်ပွဲကိုသာ စိုးရိမ်ပူပန်မှုများ တိုးပွား မလာစေလိုဘဲ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမို ကျယ်ပြန့်အောင် ဆောင်ရွက်ရာတွင်၊ လူဦးရေ အတော်များများကို လက်လှမ်းမီအောင် ကြိုးစားသင့်ကြောင်း၊ လေ့လာမှု တစ်ခုက ဆိုသည်။

နယးယောက် အခြေစိုက် Asia Society သည် ပြီးခဲ့သည့်နှစ်က သမ္မတ Obama အစိုးရ အဖွဲ့က မြန်မာအစိုးရနှင့် စတင် စကားပြောရန် ဆုံးဖြတ်ပြီး ကတည်းက အမေရိကန်ပါတီများမှ ခေါင်းဆောင်များ ပါဝင်သော လုပ်ငန်း အဖွဲ့တစ်ခု တည်ထောင်ပြီး ရှေ့ဆက်သွားမည့် လမ်းကြောင်း ရေးဆွဲရန် ပြုလုပ်ခဲ့သည်။

အဆိုပါ လေ့လာမှုသည် Obama ၏ ချဉ်းကပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့သော်လည်း ရှေ့တွင် ကြုံတွေ့ရမည့် အခက်အခဲများ အတွက်မူ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပေ။ မြန်မာ အစိုးရသည် အမေရိကန် ပြည်ထောင်စုနှင့် စကားပြောခြင်း အားဖြင့် လာမည့် ရွေးကောက်ပွဲကို တရားဝင်အောင် လုပ်လိမ့်မည် ဟု သတိပေးထားသည်။

အဆိုပါ လုပ်ငန်း အဖွဲ့က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် တိုးတက်မှုများကို အခြေခံ၍ အရေးယူ ပိတ်ဆို့ထားမှုများကို ပိုမို တင်းကြပ်အောင် သော်လည်းကောင်း၊ ဖယ်ရှားရန် လည်းကောင်း ပြုလုပ်နိုင်ကြောင်း၊ သို့သော် NGO များ၊ လယ်သမားများနှင့် လုပ်ငန်းငယ်လေးများ ကဲ့သို့သော သာမန် ပြည်သူများကို အကူအညီများ ပေးရန် ပေါင်းကူးတံတား လုပ်သင့်ကြောင်း ဖော်ပြခဲ့သည်။

''ဒါကို ကျွန်တော်တို့ လုပ်ပေးနိုင်တယ်လေ။ မြန်မာ ပြည်သူတွေနဲ့ အလုပ်လုပ်နိုင်ပါတယ်'' ဟု ဒီမိုကရက် သမ္မတလောင်း အရွေးခံဖူးသူ လုပ်ငန်း အဖွဲ့တွဲဘက် ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ် Wesley Clark က လုပ်ငန်း အဖွဲ့ အစီရင်ခံစာ အတွက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

''ကျွန်တော်တို့ လုပ်လိုတာကတော့ အပေါင်းလက္ခဏာ ဆောင်တဲ့ ဦးတည်ချက် ချမှတ်ဖို့ပါပဲ။ ဘယ်လို ဦးတည်ချက်လဲ ဆိုတော့ မြန်မာ အစိုးရ ရှေ့ဆက်လှမ်းနိုင်မယ့် လမ်းဖြစ်ရမယ်။ ရှေ့ဆက်သွားရင်း အကျိုးရလဒ်တွေလည်း တွေ့မြင်နိုင်ရမယ် ဆိုတဲ့ လမ်းမျိုးပေါ့'' ဟု Clark က ပြောသည်။

နောက်ထပ် တွဲဖက် ဥက္ကဋ္ဌ တစ်ဦးမှာ ရီပတ်ပလစ်ကင် သမ္မတ George W Bush လက်အောက်မှ နိုင်ငံခြား အကူအညီ ပေးရေး ဒါရိုက်တာ ဖြစ်ခဲ့သူ Henrietta Fore ဖြစ်သည်။ အဆိုပါ လုပ်ငန်း အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် လူတိုင်းအား ငွေကြေး အကူအညီများ ပေးနေသော ဘီလျံနာ George Soros နှင့် နိုဗယ်ဆုရှင် စီးပွားရေး ပညာရှင် Amartya Sen တို့လည်း ပါဝင်သည်။

လာမည့် ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက ပထမဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်ပြီးသည်။ ၁၉၉၀ ခုနှစ်က NLD သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာ လွှဲပေးခြင်း မခံရရုံမက၊ ၎င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ကာလ အတော်များများ အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။ ယခု အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်အား ပါတီတွင် ပါဝင်ခွင့် မရအောင် ပြုလုပ်ထားသည်ဟု တစ်ကမ္ဘာလုံးက ဝေဖန်မှုများနှင့် အတူ NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တနင်္လာနေ့က ဆုံးဖြတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment