Transparency Myanmar

transparency.myanmar@gmail.com

 

CNN News, 3th April 2010

စနေနေ့၌ ဘန်ကောက်မြို့ လမ်းများပေါ်တွင် ပြည်သူ ထောင်ပေါင်း များစွာ ချီတက်ကာ ၇ ရက် သီတင်းပတ် အတန်ကြာနေပြီ ဖြစ်သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို တိုးချဲ့ ပြုလုပ်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ခန့်မှန်းချက် အရ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး အဖွဲ့ဝင် တစ်သောင်းကျော်သည် ဘန်ကောက် မြို့လယ်ခေါင်ရှိ အဆင့်မြင့် ဈေးဝယ် ကုန်တိုက်ကြီးများ အနီးမှ လမ်းဆုံ လမ်းခွများကို ပိတ်ဆို့ကာ ဆုတောင်း ရွတ်ဖတ် ခဲ့ကြသည်ဟု ဆိုသည်။

ရှပ်နီများဟု လူသိများသည့် အတိုက်အခံ အုပ်စုက လွှတ်တော်ကို အမြန်ဆုံး ဖျက်သိမ်းပေးရန် ထိုင်းဝန်ကြီးချုပ်ကို တောင်းဆိုနေသည်။

ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား နှင့် အတိုက်အခံ အုပ်စု ခေါင်းဆောင်များ  တွေ့ဆုံခဲ့ပြီးနောက် စနေနေ့တွင် ဆန္ဒပြပွဲများ ထပ်မံ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့တွင် ကျင်းပခဲ့သော တွေ့ဆုံမှုများမှာ သောင်မတင် ရေမကျ ဖြင့်သာ အဆုံးသတ်ခဲ့သည်။

ဆုတောင်း မေတ္တာပို့ ကခုန်နေသည့် ရှပ်နီ ဆန္ဒပြပွဲများ

ဆန္ဒပြသူများသည် မတ်လ ၁၄ ရက်က စတင်ခဲ့သော ဆန္ဒပြပွဲများကို ဆက်လက် ပြုလုပ်နေခြင်း ဖြစ်သည်။ မိမိတို့ ရည်မှန်းချက်များ ပြည့်ဝသည် အထိ ဆန္ဒပြပွဲများကို ဆက်လက် ပြုလုပ် သွားမည်ဟု ရှပ်နီ အဖွဲ့ဝင် တစ်ဦးက CNN သို့ ပြောကြားလိုက်သည်။

ဆန္ဒပြသူများသည် ၂၀၀၆ ခုနှစ် သွေးမြေ မကျ စစ်တပ် အာဏာသိမ်းမှုတွင် ပြည်ပသို့ တိမ်းရှောင်ခဲ့ရသော ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူများ ဖြစ်သည်။ သက်ဆင်သည် သက်တမ်းပြည့် တာဝန် ထမ်းဆောင်ဖူးသည့် တစ်ဦးတည်းသော ဝန်ကြီးချုပ် ဖြစ်ပြီး ယခုတိုင် အကြီးအကျယ် လူကြိုက်များနေဆဲ ဖြစ်သည်။

၎င်းအား အကျင့်ပျက် ခြစားသည်ဟု ဆိုကာ ခုံရုံးတင် စစ်ဆေးခဲ့ခြင်းကြောင့် ပြည်ပတွင် တိမ်းရှောင်နေရသော သက်ဆင်က နိုင်ငံရေး မနာလိုမှုကြောင့် စွပ်စွဲ ခံရခြင်းသာ ဖြစ်သည်ဟု ရှင်းလင်း ပြောကြားထားသည်။ လက်ရှိ ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားသည် ဒီမိုကရေစီ နည်းကျ တင်မြှောက်ခံရသူ မဟုတ်ဟု ဆန္ဒပြသူများက ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ အသစ် ပြန်လည် ကျင်းပရန် တောင်းဆို နေကြခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment