Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By William Boot, 3rd April 2010

တရုတ် အင်ဂျင်နီယာများသည် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းသို့ ရောက်ရှိလာကြပြီး၊ မြန်မာနိုင်ငံ ကို ဖြတ်၍ ဆောက်လုပ်မည့် သဘာဝဓာတ်ငွေ့ နှင့် ရေနံ ပိုက်လိုင်း အတွက် ပြင်ဆင်ရေး လုပ်ငန်း များ စတင် ဆောင်ရွက်နေပြီး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင် သတင်း ဌာန ဖြစ်သော Narinjara က ပြောကြားရာတွင် တရုတ်နိုင်ငံ China National Petroleum Corporation (CNPC) မှ တရုတ် အင်ဂျင်နီယာ ၅၀ ကျော်သည် ကျွန်းပေါ်တွင် မြေပြင်ဆင်မှု လုပ်ငန်းများ၊ စက်ယန္တရားကြီးများ ရောက်ရှိလာခြင်းများ၊ ဆိပ်ကမ်း ဆောက်လုပ်မှုများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

တရုတ်များသည် ကျောက်တောင်များကို ဖြို၍ လမ်းဖောက်ရန် နှင့် ဆိပ်ကမ်း အခြေခံများ ပြုလုပ်ရန် ကျောက်များ စုဆောင်းလျက် ရှိကြောင်း ဒေသခံများက ပြောကြသည်။

ပိုက်လိုင်း တစ်ခုသည် ရွှေသဘာဝ ဓာတ်ငွေ့မှ ဝယ်ယူထားသော သဘာဝဓာတ်ငွေ့များကို သယ်ယူမည် ဖြစ်ပြီး၊ နောက်ပိုက်လိုင်း တစ်ခုသည် အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ သယ်ယူလာသော ရေနံများကို ပိုက်လိုင်းထဲသို့ မောင်းထည့်ကာ တရုတ်ပြည်သို့ ပို့ဆောင်မည် ဖြစ်သည်။

CNPC သည် အဆိုပါ ပိုက်လိုင်းများနှင့် ရမ်းဗြဲဆီ ဆိပ်ကမ်း အတွက် ဒေါ်လာ ၂ ဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်း၊ စက်မှု ရပ်ကွက်မှ လာသော သတင်းများအရ သိရှိရသည်။

ရမ်းဗြဲမှ အချို့သော မြေများကို သိမ်းယူခဲ့သော်လည်း ဘာကိုမျှ အစားပေးခဲ့ခြင်း မရှိကြောင်း Narinjara သတင်းဌာနက ပြောသည်။

ရွှေ သဘာဝဓာတ်ငွေ့ကို ဦးဆောင် တူးဖော်သော တောင်ကိုရီးယား နိုင်ငံမှ ဒေဝူး အင်ဂျင်နီယာ လုပ်ငန်းမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ Asia World ကုမ္ပဏီမှ ပုဂ္ဂိုလ်များကိုလည်း အဆိုပါ လုပ်ငန်း ဒေသတွင် တွေ့ရကြောင်း Narinjara သတင်းက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment