Transparency Myanmar

transparency.myanmar@gmail.com

CNN News, 7th April 2010

ထိုင်း အစိုးရ ဆန္ဒပြသူများသည် နိုင်ငံ၏ ပါလီမန် လွှတ်တော် အဆောက်အဦးကို ဗုဒ္ဓဟူးနေ့က အတင်းဝင်ရောက် သိမ်းပိုက်ကာ ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား လွှတ်တော် ဖျက်သိမ်းခြင်း မပြုသရွေ့ ဆန္ဒပြပွဲများ တိုးမြှင့် ပြုလုပ်သွားရန် သတိပေးထားခြင်းကို ဆက်လက် ထိန်းသိမ်းခဲ့ကြသည်။

ထို့နောက် များမကြာမီမှာပင် ရှပ်နီများက ပြန်လည် ဆုတ်ခွာပေးခဲ့သော်လည်း ၎င်းတို့၏ ဆုံရပ် ဖန်ဖား တံတားသို့ မပြန်မီ ပါလီမန် ခြံဝင်းကို ဝိုင်းထားခဲ့သည်။

ဆန္ဒပြသူများ ဝင်ရောက်လာမှုကြောင့် လွှတ်တော်တွင်းရှိ အမတ်များ အမြန်ဆုံး ထွက်ပြေး သွားကြပြီး အချို့မှာ ခြံစည်းရိုးကို ကျော်တက်၍ ထွက်ပြေးခဲ့ကြသည်။

ဆန္ဒပြသူများက အလျှော့ပေးမည့် လက္ခဏာ မရှိသဖြင့် မြို့တော်၏ နေသားကျမှုကို ကူညီ ထိန်းသိမ်းရန် ပြည်တွင်း လုံခြုံရေး အက်ဥပဒေကို နောက်ထပ် ၂ ပတ် ထပ်မံ ကျင့်သုံးရန် ကက်ဘိနက်က စီစဉ်နေသည်။

အဆိုပါ အက်ဥပဒေသည် ဘန်ကောက်တွင် ဆန္ဒပြပွဲများ မစတင်မီ ၂ ရက် အလိုက စတင်၍ အာဏာ သက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အင်္ဂါနေ့ကမူ အဘီဆစ်က ရုပ်မြင်သံကြားမှ တဆင့် "ချီတက်ပွဲများသည် အခြေခံ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း" ပြောကြားခဲ့သေးသည်။

ဘန်ကောက် ကူးသန်း ရောင်းဝယ်ရေး အချက်အချာ နယ်မြေမှ ဖယ်ရှားပေးရန် တောင်းဆိုမှု အားလုံးကိုလည်း ဆန္ဒပြသူများက ဂရုစိုက်ခြင်း မရှိကြပါ။

ဆန္ဒပြပွဲများကြောင့် တိုင်းပြည်၏ ခရီးသွား လုပ်ငန်းကို ၁၀ % ခန့် ထိခိုက် နစ်နာစေခဲ့သည်ဟု အစိုးရ ခရီးသွားလာရေး ဝန်ကြီး ချမ်ပေါဆီလာပါချာက ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment