Transparency Myanmar

transparency.myanmar@gmail.com

http://national-leader-su.blogspot.com မှကူးယူ ဖော်ပြသည်။

 

"ဘယ်လိုပဲဖြစ်ဖြစ်ပေါ့အန်တီစုရယ် ကျွန်တော်တို့ရဲ့ နိုင်ငံရေးဘယ်တော့မှမသေဘူးလို့ ကျွန်တော်

တော့ အသေအချာယုံကြည်တာပဲ။"

ရှေ့နေကြီးဦး ဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်ကိုမကြည့်ဘဲ ခေါင်းငိုက်စိုက်ချရင်း

ညည်းပြော ပြောလိုက်သည်။

"နိုင်ငံရေးက အခုမှစမှာ ဦးဉာဏ်ဝင်းရဲ့"

"ဗျာ"

ဒေါ်အောင်ဆန်းစုကြည် က ရုတ်တရက်နိုင်ငံရေးက အခုမှစမှာဟု ပြောလိုက်သဖြင့် ဦးဉာဏ်ဝင်းမှာ

ဗျာကနဲ ဖြစ်သွားသည်။

ဒေါ်အောင်ဆန်းစုကြည် ဟုတ်တယ်လေ ဦးဉာဏ်ဝင်းရဲ့ ကျွန်မနဲ့ NLD တွဲရက်အနေအထားကို ဗိုလ်ချုပ်ကြီးက ဘယ်တော့ မှ မဆွေးနွေးဘူးဆိုတာရှင်းနေတာဘဲ။ ကျွန်မတို့ နိုင်ငံရေးအသစ် တစ်ရပ်စရမယ်လေ

ဦးဉာဏ်ဝင်း။ နိုင်ငံရေးအသစ်၊ ဟုတ်လား ဒေါ်စု

ဒေါ်အောင်ဆန်းစုကြည်  ဟုတ်တယ်လေ အဲဒီနိုင်ငံရေး အသစ်မှာ ကျွန်မနဲ NLD ကို ခွဲထုတ် ထားတာ တွေ့ရမယ်။ အဓိက ဆုံးဖြတ်ချက်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကြောင့်ပါ။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အတွက် စစ်အစိုးရကို ထွက်ပေါက်ပေးရမယ်။ ဒါပေမဲ့ အဲဒီလိုထွက်ပေါက် ပေးတဲ့ အတွက် ကျွန်မတို့လည်း သိက္ခာမကျရဘူး။ စစ်အစိုးရလည်း သိက္ခာမကျရဘူး။

ဦးဉာဏ်ဝင်း။ ကျွန်တော်တို့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မေ့လိုက်ပါတော့မယ်လို့ ပြောတာနဲ့ ဘာများ ကွာလို့လဲ ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုလုပ်ရင် ကျွန်မတို့သိက္ခာကျတယ်။ အထူးသဖြင့် မဲပေးထားတဲ့ ပြည်သူလူထု သိက္ခာကျတယ်။ နောက်ပြီး အဲဒီလို အလျှော့ပေးတာဟာ စစ်သားကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး တို့လည်း သိက္ခာကျတယ်။ အခုလိုပါတီ ဖျက်ပေးလိုက်တော့ နှစ်ဖက်စလုံး အဆင်ပြေ သွားတာပေါ့။

ဦးဉာဏ်ဝင်း။ အဲဒီစစ်ဗိုလ်တွေက နှစ်ဖက်သိက္ခာမကျအောင် ရက်လွန်နေတဲ့ ရွေးကောက်ပွဲရလဒ်ကို သွယ်ကာဝိုက်ကာ ဖျက်ပေးလိုက်တယ်လို့ မြင်နိုင်ပါ့မလား။ သူတို့က အဲဒီလိုမမြင်ရင် ကျေးဇူးလည်း

ဘယ်တင်ပါ့မလဲ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မသူတို့ကျေးဇူးတင်တာမခံချင်ပါဘူး။ ကိုယ့်စေတနာနဲ့ကိုယ် အကျိုးပေးမှာပဲ။

ဦးဉာဏ်ဝင်း။ ဒါလည်းဟုတ်ပါတယ်ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် နောက်တစ်ခုရှိသေးတယ်။ ဒါကတော့ မဟာဗျူဟာအပိုင်းပေါ့လေ။ သူတို့အပေါ် ညစ်ပတ်တဲ့ မဟာဗျူဟာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မမြင်ချင်တဲ့ အကွက်တစ်ကွက်ကိုလည်း ရွှေ့လိုက်တာ။

ဦးဉာဏ်ဝင်း။ ကျွန်တော် နားမလည်ဘူးခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ဦးဉာဏ်ဝင်းရဲ့ ရှင်ကလည်း အရန်ကော။ စစ်တပ်ဆိုတာ သူတို့မှာ ရန်သူရှိဖို့လိုတယ်လေ။ ကျွန်မက ဗိုလ်ချုပ်ကြီးဘာလုပ်မလဲ သိချင်လို့-သူပြောပြောနေတဲ့ရန်သူ ကိုလိုနီနယ်ချဲ့လက်ထက် လက်ဝေခံ အဖွဲ့ကြီးကိုဖျက်ပေးလိုက်တာလေ။

ဒေါ်အောင်ဆန်းစုကြည် ဦးဉာဏ်ဝင်းက တယ် ရိုးတာကိုး။ ကျွန်မက ဗိုလ်ချုပ်မှူးကြီးကို surprise လုပ်တာဟာ မှန်ပေမယ့် ကျွန်မတို့ဟာ သူထင်သလို ရန်သူမဟုတ်ဘူး ဆိုတာသာပြလိုက်တာလေ။

သူထင်သလို ကျွန်မတို့ဟာ ရန်သူ မဟုတ်ဘူးလို့ သူသိသွားမယ်။ ဒါပေမဲ့ လက်ညှိုးထိုးစရာ ရန်သူလည်း မရှိတော့ဘူး ဖြစ်သွားမယ်။

ဦးဉာဏ်ဝင်း။ ဒေါ်စုရယ် အဲဒီဟာကတော့ သိပ်မြင့်တာပဲ။ ကျွန်တော် မနည်း စဉ်းစားယူ ရတယ်။ ဒါပေမဲ့ ပါတီကြီး ပျက်သွားတာတော့ အဖတ်တင်နေမှာပေါ့ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် အဲဒါကြောင့် ဦးဉာဏ်ဝင်းတယ်ရိုးတာကိုးလို့ ကျွန်မပြောတာလေ။ ပါတီဆိုတာ ဗိုလ်ချုပ်မှူးကြီးနဲ့ ကျွန်မ ဆွေးနွေးတာ အဆင်ပြေသွားရင် အချိန်မရွေး ပြန်ထောင်လို့ ရတယ်လေ။ Dialogueဖြစ်သွားရင် ပါတီတင် အဆင်ပြေသွားတာ မဟုတ်ဘူး။ တစ်မျိုးသားလုံး ဖြစ်နေတဲ့ us & them ပါ ပျောက်သွားမှာလေ။

ဦးဉာဏ်ဝင်း။ ဒီလိုဆိုတော့လည်း ဟုတ်သားပဲနော်။ ၀မ်းသာလိုက်တာဒေါ်စုရယ်။ ကျွန်တော် ဦးဝင်းတင်တို့ကို ပြောလိုက်မယ်။

ဒေါ်အောင်ဆန်းစုကြည် မပြောနဲ့ဦး။ Dialogue ဖြစ်၊ မဖြစ်က မသေချာသေးဘူးလေ။ နောက်တခု ကျမ ပြောချင်သေးတယ်။ NLD ခေါင်းဆောင်တွေဟာ ကျမကို မှီခိုလွန်းတယ် လို့ထင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အန်ကယ်ဦးဝင်းတင် တို့ကိုလည်း ကျမ မထိန်းနိုင်ဘူး။ ICC ကိစ္စလို ဟာမျိုးပေါ့။ ကျမ အဲဒါသဘောမတူဘူး။ ကျမ ပြည်သူတွေကိုလည်း ကျမက သူတို့ကို ပါတီထက်ပိုပြီး အလေးထားတာကို သိစေချင်တယ်။ ဒီအခြေအနေ ဟာ ပြည်သူတွေ မြင်ချင်တဲ့ အောင်ဆန်းစုကြည် ဖြစ်ဖို့ဖန်လာတာဘဲလို့ သဘောထားတယ်။

ဦးဉာဏ်ဝင်း။ ဒေါ်စုဟာ NLD နောက်တွဲကြီးမပါရင် တိုင်းပြည် အတွက် ပိုအလုပ်လုပ်နိုင်လိမ့်မယ်လို့  နိုင်ငံခြားသားတွေ ပြောတာ ခဏခဏ ကြားဘူးတယ်။ ဒါပေမဲ့ အဲဒီ အခြေအနေဖြစ်လိမ့်မယ်လို့ ကျွန်တော် တခါမှ မတွေးဘူးဘူး။

ဒေါ်အောင်ဆန်းစုကြည် မပူပါနဲ့ ဦးဉာဏ်ဝင်းရယ်။ ပါတီကိုကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်ကျမ လုပ်ပေးဦးမှာပါ။

ဦးဉာဏ်ဝင်း။ Dialogue မဖြစ်ရင် ဘယ်လိုလုပ်မလဲဒေါ်စု။

ဒေါ်အောင်ဆန်းစုကြည် ဒါဆိုလည်း ကျွန်မတို့က တပ်မတော်ကိုဂုဏ်သိက္ခာရှိရှိ ထွက်ပေါက် ပေးလိုက်ခြင်းရဲ့ ရလဒ် ကိုတော့ မြင်ရမှာပေါ့။ သူတို့ မသိလည်း ကိစ္စမရှိဘူးလေ။ ရန်သူမရှိတော့တဲ့အတွက် ရွေးကောက်ပွဲကိုတော့ သူတို့ စိတ်ချလက်ချ လုပ်ရဲသွားမယ်။ ရလဒ်ကိုအသိအမှတ်ပြုရလိမ့်မယ်။ ကျွန်မ တစ်ခါတည်း ပြောလိုက်မယ်။ ဒီရွေးကောက်ပွဲကနေ ဗိုလ်ချုပ်မှူးကြီးရချင်တဲ့ ရလဒ် ရမှာ မဟုတ်ဘူး ။

ဦးဉာဏ်ဝင်း။ ဒါပေမဲ့ ကျွန်တော်တို့တော့  ဒီရွေးကောက်ပွဲမှာ ဘေးရောက်သွားပြီပေါ့။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ ဟာ ဗိုလ်ချုပ်မှူးကြီးပြောပြောနေတဲ့ အာဏာကို ဖြတ်လမ်းက လိုချင်နေတဲ့သူ မဟုတ်ဘူးလေ။ ဒီတော့ ရွေးကောက်ပွဲက အရေးမကြီးပါဘူး။ ဗိုလ်ချုပ်မှူးကြီးဘာကြောင့်ကျွန်မကို စကားမပြောတာလဲ သိလား။ သူ့မှာ မသိကိန်းငါးခုရှိနေလို့။

ဦးဉာဏ်ဝင်း။ ဘယ်လို မသိကိန်းများလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်

၁။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကနေ ကျွန်မ ဘာလိုချင်သလဲ။

၂။ ဒီပဲရင်းကို ကျွန်မ တကယ်မေ့လိုက်ပြီလား။

၃။ သူ့ရဲ့လမ်းညွှန်မြေပုံကို ကျွန်မ လက်ခံသလား။

၎။ ၂၀၀၈ အခြေခံဥပဒေကို ကျွန်မ ပြန်ပြင်ချင်နေသေးလား။

၅။ ရွေးကောက်ပွဲမှာ NLD ဘယ်လောက်နိုင်မလဲဆိုတဲ့ ငါးခုပေါ့။

အခု ကျွန်မက အဲဒီငါးခုထဲမှ တိုင်းပြည်အတွက် ရေရှည်လိုအပ်တဲ့ ၂၀၀၈ အခြေခံဥပဒေကိစ္စကိုပဲ

သူတို့နဲ့ ဆွေးနွေးချင်လို့ ပါတီကို ဖျက်ပေး လိုက်တာလေ။ ဗိုလ်ချုပ်မှူးကြီးဟာ ကျွန်မ တစ်ယောက်တည်းမှန်း သေချာရင်တော့ စကားပြောဖို့ သတ္တိရှိမယ်ထင်ပါတယ်။

ဦးဉာဏ်ဝင်း။ အဲဒါတော့ အန်တီစု ဗိုလ်ချုပ်မှူးကြီးကို အထင်ကြီး လွန်သွားပြီ ထင်တယ်ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်  ကျွန်မသူ့ကို စစ်သားကြီးတစ်ယောက် အဖြစ် မြင်ချင်ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment