Transparency Myanmar

transparency.myanmar@gmail.com


New Kerala, 20th April 2010
    ကုန်သွယ်ရေး၊ အတားအဆီးများကို လျော့ချမည့် လုပ်ဆောင်ချက် အဆင့်များစွာကို အိန္ဒိယ ဗဟိုအစိုးရက စတင်နေသည့် အချိန်တွင် အိန္ဒိယ အရှေ့မြောက် ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နိုင်ငံများ အကြား ကုန်သွယ်မှု ပမာဏမှာ ပြီးခဲ့သော ဘဏ္ဍာရေးနှစ်အတွင်း လွန်စွာ တိုးတက်ခဲ့သည်။
    တရားဝင် သတင်းရပ်ကွက်များ၏ အဆိုအရ တောင်အာရှ လွတ်လပ်သော ကုန်သွယ်ရေး၊ သဘောတူညီချက် SAFTA ၏ နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့အား အပြန်အလှန် ကုန်သွယ်ရေး အထူးအခွင့်အရေး ပေးအပ်ခဲ့ပြီး အကောက် အခွန်လွတ် အထူး ကုန်သွယ်ရေး အစီအစဉ် (DFTP) အရ အာရှ၊ ပစိဖိတ် ကုန်သွယ်ရေး သဘော တူညီချက် APTA ကိုလည်း လက်မှတ် ရေးထိုးခဲ့သည်ဟု သိရှိရသည်။
    ပြီးခဲ့သော ဘဏ္ဍာရေးနှစ်၏ ပထမနှစ်ဝက်တွင် အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန် တန်ဖိုးမှာ ရူပီ ၅၁၀၅.၈၁ သန်းနှင့် သွင်းကုန် တန်ဖိုး ရူပီ ၅၂၁.၇ သန်း ရှိခဲ့ပြီး ၂၀၀၈-၀၉ တစ်နှစ်လုံးတွင် ပို့ကုန် တန်ဖိုးမှာ ရူပီ ၁၁၃၁၇.၂၁ သန်းနှင့် သွင်းကုန်တန်ဖိုး ရူပီ ၁၄၁၈.၄၆ သန်း ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံသို့ ပို့ကုန်တန်ဖိုးမှာ ရူပီ ၄၅၈.၀၅ သန်းနှင့် သွင်းကုန်တန်ဖိုး ရူပီ ၂၈၇၂.၀၂ သန်း ရှိခဲ့ကြောင်း အစိုးရ အရာရှိများက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment