Transparency Myanmar

transparency.myanmar@gmail.com

Wall Street Journal, 21 Apr 2010

          အိန္ဒိယနိုင်ငံပိုင် MHPC Ltd သည် ရူပီးငွေ ၂၅၀ ဘီလျံ (ဒေါ်လာ ၅.၆ ဘီလျံ) ရင်းနှီးမြှုပ်နှံမည့် ရေအားလျှပ်စစ် စီမံကိန်း၂ ခုကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားနေပြီး အကောင်အထည်ဖော်ရန် ကြိုးစားနေသည်ဟု ကုမ္ပဏီ ဥက္ကဌ က ဗုဒ္ဓဟူးနေ့က ပြောကြားပါသည်။

          "ကျွန်တော်တို့ မြန်မာနိုင်ငံကို ဖြည်းဖြည်းချင်းဝင်နေပါတယ်။ ဒီစီမံကိန်းနှစ်ခုအတွက် တိုင်းတာရေး နဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ကျွန်တော်တို့ အဖွဲ့တွေကို လွှတ်ထားပြီးပါပြီ" ဟု စက်မှု လုပ်ငန်းညီလာခံ အဝန်းအဝိုင်းတွင် S.K Garg က သတင်းထောက်များအား ပြောကြားပါသည်။

          NHPC က အိမ်နီးခြင်းနိုင်ငံများတွင် လုပ်ငန်းချဲ့ထွင်ရန် အပိုင်းလိုက် လေ့လာနေခြင်းမှာ အိန္ဒိယ နိုင်ငံတွင် စီမံကိန်းများ တိုးတက်မှု နှေးကွေးသောကြောင့် ဖြစ်သည်။ယခင်နှစ် ကနဦးက အများပိုင် ပြုလုပ်မှုမှ ရူပီးငွေ ၄၀ ဘီလျံ (ဒေါ်လာ ၈၉၉ သန်း) တိုးပွားခဲ့သော NHPC သည် ဘူတန်နိုင်ငံတွင်လည်း စွမ်းအင်စီမံကိန်းများ ဆောင်ရွက်ရန် စီစဉ်နေပါသည်။

          အဆိုပါ ရေအားလျှပ်စစ် ထုတ်လုပ်ရေးကုမ္ပဏီ၏ လက်ရှိ တပ်ဆင်ပြီး ထုတ်လုပ်နိုင်စွမ်းမှာ ၅၁၇၅ မဂ္ဂါဝပ် ဖြစ်၍ လောင်စာ ရင်းမြစ်အားလုံးမှ အိန္ဒိယ စုစုပေါင်း ဓါတ်အားထုတ်လုပ်မှု၏ ၃ ရာနှုန်းကျော်မျှသာ ရှိသည်ကို တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံ၏ ခန့်မှန်းရေအားလျှပ်စစ် ထုတ်လုပ်မှုမှာ ၁၄၈၇၀၁ မဂ္ဂါဝပ်ရှိသည် ဟု အငယ်တန်းစွမ်းအင် ဝန်ကြီး ဘာရပ်ဆင်း ဆိုလန်ကီ က ဒီဇင်ဘာလတွင် ပါလီမန်သို့ ပြောကြားခဲ့သည်။

          သို့ရာတွင် အပိုဆောင်း ရေအားလျှပ်စစ် ထုတ်လုပ်နိုင်စွမ်း၏ တိုးတက်မှု မှာ နှေးကွေးနေခဲ့ပြီး ယင်းသို့ ဖြစ်ရခြင်းမှာ ရေလှောင်တမံများဆောက်လုပ်မှုကြောင့် နေရာဖယ်ပေးရသည့် ဒေသခံများ၏  နေရာချထားမှု ပြဿနာများ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှု များကြောင့် ဖြစ်ပါသည်။ ဝန်ကြီး ဆိုလန်ကီ၏ ပြောကြားချက်အရ ၁၂၀၀၀ မဂ္ဂဝပ် ထပ်မံ ထုတ်လုပ်နိုင်စွမ်းရှိမည့် ရေအားလျှပ်စစ် စီမံကိန်း ၁၅ခု သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဆိုင်ရာ အတည်ပြုချက်များကို စောင့်ဆိုင်းနေသည်ဟု သိရှိရပါသည်။

          NHPC သည် ဓါတ်အားထုတ်လုပ်မှု ၅၁၀ မဂ္ဂါဝပ် နှင့် ၅၂၀ မဂ္ဂါဝပ် အသီးသီးရှိသော ရေအားလျှပ်စစ် စီမံကိန်း ၂ခုကို တည်ဆောက်ရန် မြန်မာနိုင်ငံတွင် လေ့လာနေသည်ဟု Mr. Garg က ပြောဆိုပါသည်။ စီမံကိန်းများအတွက် အခြားကုမ္ပဏီ တစ်ခုခုနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ရန် NHPC က ဆုံးဖြတ်ရခြင်းမရှိသေးဟု ၎င်းက ပြောပါသည်။

          ဧပြီလ ၁ ရက်တွင် စတင်မည့် ယခု ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓါတ်အား ကီလိုဝပ် နာရီပေါင်း ၁၈ ဘီလျံ ထုတ်လုပ်ရန် ကုမ္ပဏီက ရည်မှန်းထားပါသည်။ပြီးခဲ့သောနှစ်က ကီလိုဝပ် နာရီပေါင်း ၁၇ ဘီလျံ ထုတ်လုပ်နိုင်ခဲ့ပြီး ရည်မှန်းထားသော ကီလိုဝပ် နာရီပေါင်း ၁၇.၂ ဘီလျံ ကို မပြည့်မီခဲ့ဟု Mr. Grag က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment