Transparency Myanmar

transparency.myanmar@gmail.com

Mizzima, 22nd April 2010

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) သည် အစိုးရက မြန်မာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သတ်မှတ် ပေးထားသော နောက်ဆုံးရက်ကို ကျော်လွန်ခဲ့ပြီး ဖြစ်ရာ KIO က လက်မခံဘဲ ပယ်ချခဲ့သည် ဟု သိရသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့မှ ဗိုလ်မှူးကြီး သက်ပုံတို့ အပါအဝင် အစိုးရ စစ်တပ်မှ ကိုယ်စားလှယ် လေးဦးနှင့် KIO မှ ဥက္ကဌ Layauk Zauhara ၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာနှင့် ဒုဦးစီးချုပ် ဗိုလ်မှူးကြီး ဂမ်မော်တို့သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တစ်နာရီခွဲကြာ ကြာသပတေးနေ့ နံနက်က တွေ့ဆုံခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် KIO သည် အစိုးရ၏ အစီအစဉ်ကို လက်မခံကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့က သူတို့ကို လက်မခံကြောင်း ပြောခဲ့ပါတယ်။ ကချင် လူထုကရော KIO အောက်ဆုံးက အဖွဲ့ဝင်များကပါ အစိုးရရဲ့ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံဘူးလို့ ပြောခဲ့ပါတယ်" ဟု အစည်းအဝေးတွင် ပါဝင်သော ကိုယ်စားလှယ် တစ်ဦးက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

KIO က ထပ်တလဲလဲ ပြောခဲ့သည်မှာ ၎င်းတို့ ကချင်တပ်ရင်း အနေဖြင့် ဖက်ဒရယ် စစ်တပ် အဖြစ်သာ ပူးပေါင်းမည့် အစီအစဉ်ကိုသာ ခိုင်ခိုင်မာမာ ရပ်တည်မည် ဖြစ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် စိုးဝင်းက KIO ၏ ပြန်ကြားချက်ကို နေပြည်တော်သို့ တင်ပြပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု အဆိုပါ ကိုယ်စားလှယ်က ပြောသည်။

KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး Sin Wah က ပြောကြားရာတွင် ၎င်းတို့ အဖွဲ့အနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်းသာ အဖြေရှာလိုကြောင်း ပြောကြားခဲ့သည်။

"အစိုးရက ကျွန်တော်တို့ကို တိုက်ခိုက်လာမှာကတော့ သူတို့သဘောပါပဲ။ ဘာမှ မပြောလိုပါဘူး။ ကျွန်တော်တို့ကတော့ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုတာပါပဲ" ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

KIO သည် အင်အား ၂၀၀၀၀ ခန့် ရှိပြီး ပုံမှန် စစ်သား ၈၀၀၀ ခန့် ရှိသည်။ KIO က နေပြည်တော်သို့ စစ်ရေး အသုံးမပြုရန် သတိပေးထားသည်။

အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များသို့ ပြီးခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်မှစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ရာဇသံ ၃ ခု ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကလည်း KIO နှင့်အတူ အစိုးရ၏ ရာဇသံကို ပယ်ချခဲ့သည်။

"ဒီနေ့က အစိုးရကို အကြောင်းပြန်ရမှာ နောက်ဆုံးနေ့လေ။ ဒါပေမယ့် သူတို့ လိုချင်တာနဲ့ ကျွန်တော်တို့ ဖြစ်ချင်တာက တခြားစီ ဖြစ်နေတယ်။ ကျွန်တော်တို့ အချက် ကိုးချက် အဆိုပြု တင်ပြတာကို သူတို့က ရှစ်ချက် ပယ်ချတယ်။ သူတို့က ကျွန်တော်တို့ရဲ့ အချုပ်အချာ နယ်မြေ ပိုင်ဆိုင်ခွင့်ကို လက်မခံတော့ ကျွန်တော်တို့ ဘာမှ ဆက်ပြောစရာ မလိုတော့ပါဘူး" ဟု UWSA အရာရှိ တစ်ဦးက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment