Transparency Myanmar

transparency.myanmar@gmail.com

Asianenergy.blogapot.com, 28th April 2010

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု FDI စုစုပေါင်း တန်ဖိုးသည် ရေအားလျှပ်စစ်၊ ရေနံနှင့် ဓါတ်ငွေ့၊ သတ္တု တူးဖောက်ရေး ကဏ္ဍများတွင် သိသိသာသာ သုံးစွဲ ထည့်ဝင်ခြင်းနှင့် အတူ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အပြီးတွင် အမေရိကန် ဒေါ်လာ ၁.၈၅ ဘီလီယံ သို့ ရောက်ရှိခဲ့သည့်ဟု တရားဝင် စာရင်း ဇယားများက ညွှန်ပြနေသည်။

မည်သို့ပင် ဖြစ်စေ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅ သန်းမျှသာ တိုးတက်ခဲ့သော်လည်း တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် ယူကေနိုင်ငံ ပြီးလျှင် မြန်မာနိုင်ငံတွင်း တတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ အဖြစ် ရပ်တည်ခဲ့သည်။

"တရုတ်နိုင်ငံရဲ့ FDI က ကျွန်တော်တို့ရဲ့ နိုင်ငံရဲ့ စုစုပေါင်း FDI တန်ဘိုးရဲ့ ၁၂ % လောက် ရှိနေပါပြီ" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  အုပ်ချုပ်မှုဆိုင်ရာ ညွှန်ကြားမှု ဦးစီးဋ္ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ကုန်သည်ကြီးများ ဟိုတယ်တွင် မကြာသေးမီက ကျင်းပသော တရုတ်-မြန်မာ စီးပွားရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၀ မတ်လ ၃၁ ရက် အထိ မြန်မာနိုင်ငံတွင်း စုစုပေါင်း FDI တန်ဘိုးမှာ အမေရိကန် ဒေါ်လာ ၁၆.၀၅ ဘီလီယံ ခန့်ရှိသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီး ဋ္ဌာနမှ စာရင်းဇယားများ အရ သိရှိရသည်။

"ထိုင်း၊ ယူကေ၊ တရုတ်၊ စင်ကာပူနဲ့ မလေးရှားတို့ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ဦးဆောင် နိုင်ငံတွေပါ" ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဋ္ဌေးချွန်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လာရောက် မြှုပ်နှံ နေသော တရုတ် ကုမ္ပဏီ ၆၃ခု ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment