Transparency Myanmar

transparency.myanmar@gmail.com

စစ်အစိုးရ၏ ကမ်းလှမ်းချက် တစ်ရပ် ဖြစ်သော နယ်စပ် ဒေသစောင့် တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး ကိစ္စအပေါ် သဘောထား ကွဲလွဲမှုနေမှုကြောင့် အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင် အဖွဲ့ ဖြစ်သော ရှမ်းပြည် မြောက်ပိုင်း တပ်ဖွဲ့ (SSA-N) အတွင်း ဂိုဏ်းနှစ်ဂိုဏ်း ကွဲမည့် အလားအလာ ရှိနေကြောင်း သိရသည်။

SSA-N ၏ တပ်မဟာ သုံးခုအနက် နှစ်ခု (တပ်မဟာ-၃ နှင့် တပ်မဟာ-၇) တို့က နယ်ခြား ဒေသစောင့် တပ်ဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေးကို သဘော တူညီသော်လည်း တပ်မဟာ-၁ က ငြင်းပယ်ခဲ့ကြောင်း Shan Herald News Agency မှ အယ်ဒီတာ Saengjuen က Irrawaddy သို့ ပြောကြားသည်။

"ကျွန်တော်တို့ ကြားတာတော့ နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး SSA-N ဟာ အဖွဲ့တွင်း နှစ်ပိုင်း ကွဲနေပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်ရေး တိုက်ပွဲအတွက် လာရောက် ပူးပေါင်းဖို့ သူတို့ကို ကြိုဆိုပါတယ်" ဟု ရှမ်းပြည် တောင်ပိုင်း တပ်ဖွဲ့ (SSA-S) မှ ပြောခွင့်ရ ပုဂ္ဂိုလ် Sai Sheng Murng က ပြောကြားသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် နှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် SSA-N တပ်မဟာ ၃ နှင့် တပ်မဟာ-၇ မှ ဗိုလ်ချုပ် Loimao နှင့် ဗိုလ်ချုပ် Gaifa တို့က ဧပြီလ ၂၂ နေ့တွင် နယ်ခြား ဒေသစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရန် သဘော တူညီခဲ့သည်။

သို့သော် ဗိုလ်ချုပ် Loimao မှာ ဗိုလ်ချုပ် Parngfa ကွပ်ကဲသော တပ်မဟာ-၁ အား နယ်ခြား ဒေသစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် အမိန့် မပေးနိုင်ခဲ့ကြောင်း Sarawin က ပြောကြားသည်။ တပ်မဟာ-၁ မှာ SSA-N တွင် အင်အား အကောင်းဆုံး တစ်စုတစ်ခု ဖြစ်ပြီး အင်အား ၂၅၀၀ ခန့်ရှိသည်။

တပ်မဟာ-၁ မှာ ရှမ်းပြည် တောင်ပိုင်း Kehsi မြို့နယ်တွင် အခြေစိုက်ပြီး တပ်မဟာ ၃ မှာ Mongyai မြို့နယ်တွင် အခြေစိုက်ကာ တပ်မဟာ ၇ မှာ သီပေါမြို့နယ်တွင် အခြေစိုက်သည်။

SSA-N သည် ၁၉၈၉ ခုနှစ်တွင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ မူလ သဘော တူညီချက်များအရ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် လက်နက် ဆက်လက် ကိုင်ဆောင်ခွင့်နှင့် စီးပွားရေး လုပ်ကိုင်ခွင့် ရရှိသည်။ အထူးသဖြင့် သစ် ထုတ်လုပ်ခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နေရာများတွင် အခွန် ကောက်ခံခွင့်တို့ ရရှိကြခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှ စကာ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအားနယ်ခြား ဒေသစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ဖိအားပေး လာခဲ့တော့သည်။ ယင်းသို့ ပြောင်းလဲ ဖွဲ့စည်းရေးအတွက် စစ်အစိုးရက သတ်မှတ် ပေးထားသော နောက်ဆုံး နေ့ရက်မှာ ဧပြီ ၂၂ ရက် ဖြစ်သည်။

နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းမည့် ကိစ္စကို ငြင်းပယ်ခဲ့သည့် အဖွဲ့အစည်းများတွင် SSA-N ၏ တပ်မဟာ ၁ လည်း အပါအဝင် ဖြစ်လာသည်။ ယင်းသို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း အမြောက်အမြားက အစိုးရ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြသောကြောင့် နှစ်ဦးနှစ်ဖက် တင်းမာမှုများ ကြီးထွားလျက် ရှိသည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment