Transparency Myanmar

transparency.myanmar@gmail.com

VOA news, 29th April 2010

(နိုင်ငံတကာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆိုင်ရာ အမေရိကန် ပြည်ထောင်စု ကော်မရှင်မှ ထုတ်ပြန်သော နှစ်လည် အစီရင်ခံစာ မျက်နှာဖုံး ဆောင်းပါးဖြစ်သည်။)

မြန်မာ စစ်ဖက်အစိုးရသည် ကမ္ဘာအဆိုးဆုံး လူ့အခွင့်အရေး ချိုးဖောက်သူများထဲတွင် တစ်ဦး အဖြစ်ပါဝင်နေဆဲ ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စု အစိုးရက လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ပတ်သက်၍ သတင်း ထုတ်ပြန်သည်။

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန် ကော်မရှင်က ကြာသပတေးနေ့တွင် ထုတ်ပြန်သော နှစ်လည် အစီရင်ခံစာတွင် မြန်မာ အစိုးရသည် ၂၀၀၇ ခုနှစ်က အစိုးရ ဆန့်ကျင်သော ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက်ပိုင်း ဗုဒ္ဓဘာသာဝင်များ အပေါ် ဆက်လက် ချုပ်ချယ် ဖိနှိပ်နေဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာတွင် မြန်မာ မူဆလင်များ အပေါ် ဖိနှိပ်မှုကိုလည်း ဖော်ပြထားပြီး အထူးသဖြင့် ရိုဟင်ဂျာ လူမျိုးစု အပေါ်တွင် ဖြစ်ကြောင်း၊ ၎င်းတို့ကို မြန်မာ အစိုးရက နိုင်ငံသား အဖြစ် အသိအမှတ် မပြုကြောင်း တင်ပြထားသည်။

ဒီမိုကရေစီ စနစ် ပြန်လည် တည်ဆောက်ရေး အတွက် စစ်ဖက် အုပ်ချုပ်သူများအား တိုက်တွန်း အားပေးနေချိန်တွင် အရေးယူ ပိတ်ဆို့ မှုများဖြင့်လည်း မြန်မာ အစိုးရကို ဖိအားပေးသင့်သည်ဟု ကော်မရှင်က အမေရိကန် ပြည်ထောင်စုကို အကြံပေးပါသည်။ ထို့အပြင် သံတမန်ဆိုင်ရာ ဆောင်ရွက်ချက်များကို ညှိနှိုင်းရန်နှင့် အာရှနှင့် ဥရောပ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအရာရှိ တစ်ယောက်ကို အမေရိကန်ပြည်ထောင်စု အနေဖြင့် ခန့်အပ်သင့်သည်ဟုလည်း အစီရင်ခံစာတွင် တိုက်တွန်းထားပါသည်။

အမေရိကန်ပြည်ထောင်စုသည် ၁၉၉၂မှစ၍ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ရာထူးကို ခန့်ထားခြင်း မရှိတော့ပါ။

လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ငြိမ်းချမ်းစွာ ကျင့်သုံးနေကြောင်း ပြသသည့် အနေဖြင့် အထိန်းသိမ်းခံ ဘုန်းတော်ကြီးများ လွှတ်ပေးရန် အတွက် မြန်မာ အစိုးရနှင့် ကြိုးစားညှိနှိုင်းရေးကို အမေရိကန် အစိုးရအား အစီရင်ခံစာတွင် တိုက်တွန်းထားပါသည်။ ထို အစီရင်ခံစာတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးရန် တောင်းဆိုထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment