Transparency Myanmar

transparency.myanmar@gmail.com

Monsters and Critics,29th April 2010

ယခုနှစ် အတွင်းကျင်းပမည့် ရက်မသတ်မှတ်ရသေးသော ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အတွက် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က နိုင်ငံရေးပါတီသစ် တစ်ခုကို ကြာသပတေးနေ့တွင် မှတ်ပုံတင်ခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အခြား ဝန်ကြီး၊ ဒုဝန်ကြီး ၂၇ ဦးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ဝင်ကာ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည်ဟု မြန်မာ့ရုပ်သံက ထုတ်လွှင့် ကြေညာလိုက်ပါသည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အခြား အစိုးရ ဝန်ကြီး ၂၂ ဦးသည် ၎င်းတို့၏ စစ်ဖက်ရာထူးများကို တနင်္လာနေ့က စွန့်လွှတ်ခဲ့ကြပြီး ရွေးကောက်ပွဲဝင်ရန် လိုအပ်သော အရပ်သား အဖြစ် ပြောင်းလဲခဲ့ကြသည်ဟု ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

၎င်းတို့၏ပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDa) ကို ပုံစံသစ် ပြောင်းခြင်းဟု ယုံကြည်ရပြီး လူဦးရေ ၅၆သန်းရှိသော မြန်မာနိုင်ငံတွင် သန်း၂၀ကျော်မှာ အဆိုပါ စစ်ဖက်လိုလားသော usDa အသင်းဝင်များ ဖြစ်ကြသည်။

မြန်မာစစ်ဖက် အုပ်ချုပ်သူများက ၎င်းတို့၏ အဆင့်၇ဆင့် ဒီမိုကရေစီ လမ်းညွှန်မြေပုံ အရ ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ကတိပေးထားသော်လည်း ယခုတိုင် ရက်မသတ်မှတ် ရသေးပါ။ ကိုယ်စားလှယ် လောင်းများ စစ်ဖက် ရာထူး ဆက်ယူထားခြင်းကိုလည်း ခွင့်ပြုခြင်းမရှိပါ။

ယခု စစ်ဖက် ရာထူး စွန့်သူများတွင် နိုင်ငံခြားရေး ဝန်ကြီး ဗိုလ်ချုပ် ဥာဏ်ဝင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီး ဗိုလ်ချုပ်ကြီး ဇော်မင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ် ခင်မောင်မြင့်၊ ဘဏ္ဍာ အခွန်ဝန်ကြီး ဗိုလ်ချုပ် လှထွန်း၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်း တို့ပါဝင်ကြမည်ဟုအမည် မဖော်လိုသူ အစိုးရ အရာရှိ တစ်ဦးက ပြောကြားသည်။

အထက်ပါ စာရင်းတွင် ပြည်ထဲရေး ဝန်ကြီးး၊လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး၊ ဒုဝန်ကြီး ၄ ဦး၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ဝင် ၄ ဦးနှင့် ညွှန်ကြားရေးမှူးချုပ် ၂ဦး တို့ပါဝင်သည်ဟု သိရသည်။

ပြီးခဲ့သော မတ်လတွင် အစိုးရက ထုတ်ပြန်ခဲ့သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတွင် အဓိက အတိုက်အခံ NLD ပါတီအား ၎င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရန် (သို့) ရွေးကောက်ပွဲ မဝင်ရန် ၂ ခု အနက် တစ်ခုကို ရွေးချယ်ရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။

အဆိုပါ ပါတီမှတ်ပုံတင် ဥပဒေ အရ လက်ရှိပြစ်ဒဏ် ကျခံနေရသူ မည်သူကိုမဆို ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီသို့ ဝင်ခွင့်မပြုပါ။ ဒေါ်အောင်ဆန်းစုကြည်သည် လောလောဆယ်တွင် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ၁၈လ ကျခံနေရသူ ဖြစ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲများတွင် ပြည်လုံးကျွတ် အောင်ပွဲခံခဲ့သော NlD ပါတီက ယခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ် ရွေးချယ်ခဲ့သည်။

NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိသော ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမှုရှိမည် မဟုတ်သလို တိုင်းပြည်၏ အနာဂါတ် နိုင်ငံရေး အပေါ် စစ်တပ်က ထိန်းချုပ်ရန် ရည်ရွယ်သော အတုအယောင် ဒီမိုကရေစီ ကျင့်စဉ် တစ်ခုသာ ဖြစ်လိမ့်မည်ဟု အကဲခတ်များက ယုံကြည်ထားကြပါသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂  မှ စ၍ စစ်အာဏာရှင်များ အုပ်ချုပ်ခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment