Transparency Myanmar

transparency.myanmar@gmail.com

DVB News, By Francis Wade, 29th April 2010

မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ ကုန်သည်များသည် မြန်မာစစ်တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား စစ်ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် နယ်စပ်ကို ဖြတ်၍ ကုန်ပစ္စည်း တင်သွင်းခြင်းများကို ရပ်ဆိုင်းခဲ့ကြပါသည်။

ယမန်နေ့က တိုင်းရင်းသား အဖွဲ့များ အနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သတ်မှတ်ထားသော နောက်ဆုံးရက် ပြည့်ခဲ့ရာ တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ တိုင်းရင်းသား အဖွဲ့များသည် တရုတ်နှင့် လည်းကောင်း၊ ထိုင်းနှင့်လည်းကောင်း နယ်စပ်များကို ချုပ်ကိုင်ထားပါသည်။

နယ်စပ်ကုန်သွယ်ရေးမှာ ပြီးခဲ့သည့် အပတ်က သိသိသာသာ လျော့နည်းသွားခဲ့ပါသည်။ မြန်မာနှင့် ထိုင်း အတွက် ပစ္စည်းများ အသွင်း အထုတ် ပြုလုပ်ရာတွင် ထင်ရှားသော တာချီလိတ်မြို့မှ ကုန်သည်တစ်ဦးက ပြောကြားရာတွင် ထိုင်းလူမျိုး အနည်းငယ်သာ ဖြတ်သန်းသွားလာနေသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ ထိုသတင်းမျိုးကို မိုင်းယောင်းနှင့် ကျိုင်းတုံတို့မှလည်းရရှိခဲ့ပါသည်။

''လုံခြုံရေးက ပိုမို တင်းကြပ်လာပါတယ်။ နယ်စပ်စစ်ဆေးရေး စခန်းတွေမှာ အရင်နဲ့မတူတဲ့ စစ်သားတွေ အများကြီးချထားတာကိုတွေ့ရပါတယ်။ သူတို့ဟာ စစ်ဆေးရေး ဂိတ်တွေမှာရော လမ်းတွေမှာပါ ကားတွေကို စစ်ပါတယ်။ တာချိတ်လိတ်နဲ့မယ်ဆိုင် ကူးတဲ့ တံတားကို ဒီနေ့ပိတ်မယ်လို့ ပြောနေကြတယ် '' ဟု၎င်းကပြောပါသည်။

တချိန်တည်းမှာပင် ကျိုင်းတုံတွင် နေထိုင်သူ တစ်ဦးက DVBသို့ ပြောကြားရာတွင် မြန်မာစစ်တပ်မှ တပ်မှူးတစ်ဦးသည် မိုင်းလား အထူးဒေသသို့ သွားရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် တွေဝေနေသော မိုင်းလား လက်နက်ကိုင် အဖွဲ့နှင့် တွေ့ဆုံခဲ့သည် ဟု ဆိုပါသည်။

အဆိုပါ တွေ့ဆုံမှုသည် ဒေသခံများအား သတိပေး တပ်လှန့်လိုက်သလို ဖြစ်ကာ အနီးဝန်းကျင် ဒေသများသို့ ထွက်ပြေးခဲ့ကြပါသည်။ ''မိုင်းလားမှာရှိတဲ့ အစိုးရဝန်ထမ်းတွေ ကျိုင်းတုံကို ပြန်လာတာ နှစ်ရက်လောက်ရှိပြီ။ နှစ်ဖက်တွေ့ဆုံမှုမှာ အဆင်မပြေရင် ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်နေကြတယ်'' ဟုဒေသခံ တစ်ဦးကပြောပါသည်။

''အစိုးရရော မိုင်းလား အဖွဲ့ကရော အစိုးရ ဝန်ထမ်းတွေကို တစ်ခုခု ဖြစ်ခဲ့ရင် တာဝန် မယူဘူးလို့ ပြောနေပါတယ်'' ဟု ကျိုင်းတုံမှ ဒေသခံ တစ်ဦးက ပြောပါသည်။ မြန်မာစစ်တပ်မှ မော်တော်ယာဉ်များ ကျိုင်းတုံမှ မိုင်းလားဒေသသို့ ညဖက်များတွင် စေလွှတ်ခဲ့သည်ဟု ၎င်းကပြောပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment