Transparency Myanmar

transparency.myanmar@gmail.com

CNN News, 8th May 2010

ထိုင်းအစိုးရ ဆန့်ကျင် ဆန္ဒပြသူများ စခန်းချနေသည့် နယ်မြေများတွင် စနေနေ့ မနက် အစောပိုင်းတွင်မှ ပြီးဆုံးသွားခဲ့သည့် ညလုံးပေါက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ရဲအရာရှိ ၂ ဦး သေဆုံးကာ လူ ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ပထမဆုံး တိုက်ခိုက်မှု အဖြစ် ပစ်ခတ် မောင်းထုတ်ခဲ့ရာတွင် ရဲအရာရှိ ၂ ဦး သေဆုံးခဲ့သည်။ အဓိကရုဏ်း နှိမ်နင်းရေး ရဲများ စောင့်ကြပ်နေသော ဘန်ကောက် စီးပွားရေး ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အစိုးရ အီရာဝမ် အရေးပေါ် စင်တာက ပြောကြားသည်။

စနေနေ့ မနက် အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များထံ လက်ပစ်ဗုံး များစွာဖြင့် ပစ်ပေါက်ခဲ့ကြပြီး၊ ဆန္ဒပြသူများ စခန်းချနေသော မြို့လည် နယ်မြေကို စစ်တပ်က ဝိုင်းရံထားသည်ဟု သိရှိရသည်။ ယခု တိုက်ခိုက်မှုတွင် ၈ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်ဟု အရေးပေါ် စင်တာက ပြောသည်။

အစိုးရ ဆန့်ကျင် ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် ဘန်ကောက်မြို့လည်တွင် တစ်လကျော် ရပ်ဆိုင်းသွားအောင် ပြုလုပ်ခဲ့ကြပြီး ဝန်ကြီးချုပ် အဘီဆစ် အစိုးရ နှုတ်ထွက်ရန် ဖိအားပေးခဲ့ကြကာ အဘီဆစ် အစိုးရသည် တရားမဝင်၊ ဒီမိုကရေစီ နည်းမကျဟု စွပ်စွဲခဲ့ကြသည်။ ၎င်းစွပ်စွဲချက်များသည် အခြေအမြစ် မရှိဟု အဘီဆစ်က ပြန်လည် တုန့်ပြန်သည်။

ရှပ်နီဝတ် အုပ်စုဟု ကျော်ကြားသော ဆန္ဒပြသူများသည် ထိုင်းနိုင်ငံကို ၂၀၀၁ မှ ၂၀၀၆ အထိ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူများ ဖြစ်ပြီး သက်ဆင်သည် ၂၀၀၆ သွေးမြေမကျ စစ်တပ် အာဏာသိမ်းမှုတွင် ပြည်ပသို့ တိမ်းရှောင်ခဲ့သည်။

ရှပ်နီ ခေါင်းဆောင်များက အစိုးရနှင့် သဘော တူညီချက် ရရှိခဲ့သည်ဟု အင်္ဂါနေ့က ကြေညာခဲ့သော်လည်း လွှတ်တော် ဖျက်သိမ်းမှုကို ဝန်ကြီးချုပ်က မကြေညာမချင်း ဆန္ဒပြမှုများကို အဆုံးသတ်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

ဘန်ကောက်မြို့လည် ဈေးဝယ်ရပ်ကွက်နှင့် အဓိက တိုးရစ်စ် နယ်မြေများကို ဆန္ဒပြသူများက သိမ်းပိုက်ထားချိန်မှစ၍ ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများတွင် အရပ်သားနှင့် စစ်သား ၂ ဒါဇင်ကျော် သေဆုံးခဲ့ပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment