Transparency Myanmar

transparency.myanmar@gmail.com

အမျိုးသားဒီမိုကရေစီအင်အားစု

National Democratic Force (NDF)

ကြေငြာချက်အမှတ် (၁/၂၀၁၀)

မေ (၁၀) ရက်၊ ၂၀၁၀

၁။ ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှု သမိုင်းတွင် လွန်စွာအရေးကြီးသည့် အလှည့်အပြောင်း ကာလတစ်ရပ်ကို ဖြတ်သန်းနေရသည့် အချိန်ဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးကို ကြိုးပမ်းမှုတွင် အများပြည်သူက စိတ်ချယုံကြည်စွာ တာဝန်ပေးအပ်ခြင်းခံရပြီး နှစ်ပေါင်းနှစ်ဆယ်ကျော် အခက်အခဲပေါင်းစုံ ရင်ဆိုင်ရပ်တည်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးဆောင်ပါတီ အခန်းကဏ္ဍသည် လစ်ဟာ သွားခဲ့ရပြီ ဖြစ်ပါသည်။

၃။ ဤ လစ်ဟာသွားသည့် ကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လက်ရှိနိုင်ငံရေး အခြေအနေ၏ တောင်းဆိုချက်နှင့်အညီ ပြည်သူ့အကျိုးစီးပွားဦးထိပ်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးစိတ်ဓါတ်ကို သယ်ဆောင်လျှက်၊ အဖွဲ့ချုပ်အဖွဲ့ဝင်ဟောင်းများ၊ အဖွဲ့ချုပ်လူငယ်ဟောင်းများနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် ကြိုးပမ်းလိုသော အင်အားစုများ အညီအညွတ် ပေါင်းစုလက်တွဲ၍ အမျိုးသား ဒီမိုကရေစီ အင်အားစု(National Democratic Force) အမည်ဖြင့် ပါတီတစ်ရပ်ကို ဖွဲ့စည်း တည်ထောင်သွားမည် ဖြစ်ပါသည်။

၎။ ယနေ့ မြန်မာနိုင်ငံပြည်သူလူထု၏ အဓိက မျှော်မှန်းချက်မှာ လူမှုဒုက္ခ အပေါင်းမှ ကင်းဝေးပြီး တိုင်းရင်းသား လူမျိုးများ အားလုံးအတွက် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တန်းတူညီမျှမှု ရှိသည့် ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး ပေါ်ထွန်းလာရေးဖြစ်ပါသည်။ ဤရည်မှန်းချက် အကောင်အထည် ပေါ်လာစေရန် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဖြစ်မနေ ဦးစွာ ကြိုးပမ်းဆောင်ရွက်ရမည်ဟု ကျွန်ုပ်တို့ အလေးအနက် ယုံကြည်ပါသည်။

၅။ သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) သည် ပြည်သူတို့၏ မျှော်မှန်းချက်များ ပြည့်ဝနိုင်ရေးအတွက် ပြည်သူနှင့်အတူ တစ်သားတည်းရပ်တည်၍ ငြိမ်းချမ်းစွာ လက်တွဲ ဆောင်ရွက်သွားရန် အခိုင်အမာ သံန္နိဋ္ဌာန် ချမှတ်ထားကြောင်း အသိပေးကြေငြာအပ်ပါသည်။

                                                                                                                                                                         နိုင်ငံရေးဦးဆောင်အဖွဲ့

အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment