Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 11th May 2010

ထိပ်တန်း အမေရိကန် သံတမန်သည် မြန်မာနိုင်ငံ ခရီးစဉ် အပြီးတွင် အင်္ဂါနေ့က တရုတ် အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးရန် ဘေဂျင်းမြို့သို့ ရောက်ရှိလာသည်။ စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သော စိုးရိမ်ဖွယ် အချက်များကို ၎င်းက ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ၏ တရုတ်နိုင်ငံ မြို့တော်သို့ ခရီးစဉ်သည် အမြန်ဆုံး ဖြစ်ပြီး၊ ညနေပိုင်းတွင် ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သံရုံးပြောခွင့်ရ အမျိုးသမီးက AFP သို့ ပြောကြားခဲ့ပြီး၊ အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပါ။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဝါရှင်တန်တွင် ပြောကြားရာ၌ Campbell သည် ထိပ်တန်း တရုတ် တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိကြောင်း ပါဝင်သော်လည်း၊ ဆွေးနွေးမည့် အကြောင်းအရာ များကိုမူ ဖော်ပြခြင်း မရှိခဲ့ပါ။

Campbell သည် မြန်မာနိုင်ငံတွင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ တရုတ် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေးလိမ့်မည် ဖြစ်သည်။

Campbell က ၎င်း၏ သတင်း ထုတ်ပြန်ချက်တွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေမှုများကို စိတ်ပျက်မိကြောင်းနှင့် တရားဝင်မှု မရှိသည့် ရွေးကောက်ပွဲ မဖြစ်စေရေး အတွက် ပြင်ဆင်မှုများ ချက်ချင်း ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

အမေရိကန် ကိုယ်စားလှယ်သည် ပြီးခဲ့သည့် အပတ်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ ခရီးစဉ်နှင့် ပတ်သက်၍လည်း ဆွေးနွေးလိမ့်မည်ဟု ယူဆရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment