Transparency Myanmar

transparency.myanmar@gmail.com

21 May 2010 , DVB News

          ယခုသီတင်းပတ်အစောပိုင်းတွင် ထိုင်းမြန်မာနယ်စပ်၌ မြန်မာစစ်တပ်မှ တပ်ကြပ်တစ်ဦး၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများကပြောကြားသည်။

          အင်္ဂါနေ့က ဖြစ်ပွားသော ပစ်ခတ်မှုမှာ သံလွင်မြစ်မြန်မာဖက်ကမ်း၊ ထိုင်းအနောက်မြောက်ပိုင်း မဲဆရီမြို့အနီးတွင်ဖြစ်သည်။ မြန်မာစစ်သားမှာ မြစ်ကိုဖြတ်ကူး၍ တာဝန်ထမ်းဆောင်နေသော အမှတ် ၃၄၃ ခြေလျှင်တပ်ရင်းမှဖြစ်သည်ဟုသိရသည်။

          ၎င်းတို့၏ စခန်းအနီးမှ မြေမြှုပ်မိုင်းနင်းမိသော တပ်သား ၂ ဦးကို ခရီးကြုံတင်ရန် ထိုင်းစစ်သားက ငြင်းဆန်ခဲ့ခြင်းကြောင့် မြန်မာတပ်ကြပ်က ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု မဲဆရီ အနီး မဲဆမ်လိပ် ကျေးရွာမှ ဒေသခံကပြောကြားပါသည်။

          "ထိုင်းသစ်တောအရာရှိ အုပ်စုကို မြစ်အထက်ပိုင်းရွာကိုပို့ပေးဖို့ ထိုင်းစစ်လှေ ၃ စင်း ဥတုတ (တပ်ရင်း ၃၄၃အနီး) ရွာနားက ဖြတ်သွားတုန်းမှာ မိုင်းနင်းမိတဲ့စစ်သားနှစ်ယောက်ကို ခေါ်တင် သွားပေးဖို့ မြန်မာစစ်သားက အကူအညီတောင်းတာပါ"ဟု ၎င်းကဆိုပါသည်။

          ထိုင်းစက်လှေတွေက မြစ်အထက်ပိုင်းကိုသူတို့အရာရှိတွေကို ပို့ပေးဖို့တာဝန်ရှိနေလို့ ငြင်းဆန် လိုက်တာပါ။ မြန်မာစကားပြောတတ်တဲ့ ထိုင်းစစ်သား "အာယောင်း"က မြစ်ကမ်းပေါ်က မြန်မာစစ် သားကို စကားပြောပြီး နောက်ပြန်အလှည့်မှ သေနတ်နဲ့အချက်ပေါင်းများစွာအပစ်ခံရတာပါဟု ၎င်းရွာ သားကရှင်းပြပါသည်။

          သေနပ်ပစ်ခံရသောအာယောင်းသည် မြန်မာစစ်သားများနှင့် ခင်မင်ရင်းနှီးသူဖြစ်ပြီး ယခင်က လည်း အကူအညီပေးခဲ့သူဖြစ်သည်ဟုဆိုပါသည်။ သေနတ်ဖြင့်ပစ်သော မြန်မာတပ်ကြပ်မှာ ထိုအချိန် က အရက်သောက်ထားသည်ဟုသိရှိရသည်။

          DVB က ထိုင်းအာဏာပိုင်များထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

          အဆိုပါဖြစ်ရပ်မျိုးမှာ နယ်စပ်ဒေသတွင် မကြာခဏဖြစ်ပွားတတ်သည်ဟု ထိုင်းအခြေစိုက်  CIDKP ကရင်ကော်မတီမှ စောစတိမ်ကပြောကြားပါသည်။

          ဒါမျိုးက ခဏခဏဖြစ်ပါတယ်။ ဖြစ်ပြီးကာစ တစ်ရက်၊ နှစ်ရက်တော့ မြစ်ထဲကို မသွားရဲကြဘူး၊ ပြဿနာပြီးသွားရင်တော့ နှစ်ဖက်စလုံးက အရင်အတိုင်းမြစ်ကို ပြန်သုံးကြတာပါပဲ ဟု ၎င်းက မှတ်ချက်ပေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment