Transparency Myanmar

transparency.myanmar@gmail.com

CNN News, 20th May 2010

      ပါကစ္စတန် သမ္မတဟောင်း Pervez Musharraf သည် ပါကစ္စတန်သို့ ပြန်သွားရန် စီစဉ်လျက် ရှိပြီး၊ နိုင်ငံရေး လောကသို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်း ၎င်းက CNN သို့ ကြာသပတေးနေ့က ပြောကြားလိုက်သည်။

      Musharraf က CNN ၏ Wolf Blitzer သို့ ပြောကြားရာတွင် ၎င်းအနေဖြင့် သမ္မတ (သို့) ဝန်ကြီးချုပ် မည်သည်ကို ရည်ရွယ်သည် ဆိုသည်ကိုမူ နောင်သိရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

      သို့သော် ဝန်ကြီးချုပ် ဖြစ်လိုသည် ဆိုသည်ကိုမူ သိသိသာသာ ပြသခဲ့သည်။

      "ပါလီမန် စနစ်ဖြစ်လို့၊ ရွေးကောက်ပွဲမှာ ပါတီ အနိုင်ရဖို့ လိုပါတယ်။ ဒါမှသာ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်လို့ ရမှာပါ" ဟု Musharraf က Blitzer သို့ ပြောသည်။

      "အခြေခံအားဖြင့် ပါတီကို ဦးဆောင်တဲ့သူဟာ ဝန်ကြီးချုပ် ဖြစ်လာမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပါကစ္စတန်မှာ အဓိကကျသူက သမ္မတ မဟုတ်ဘူး။ ဝန်ကြီးချုပ် ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

      Musharraf သည် ၂၀၀၈ ခုနှစ်က ဖိအားပေးမှုများကြောင့် သမ္မတ အဖြစ်မှ နုတ်ထွက်ပေးခဲ့ပြီး၊ လွန်ခဲ့သော တစ်နှစ်ခန့်က တိုင်းပြည်မှ ထွက်သွားခဲ့သည်။ သို့သော် ၎င်းက တိုင်းပြည်သို့ ပြန်မည့် အချိန်ကိုမူ အတိအကျ ပြောကြားခြင်း မရှိပေ။

      "ပြန်မယ့် အချိန်က ပါကစ္စတန်မှာ ရွေးကောက်ပွဲ လုပ်မယ့် အချိန်နဲ့ ဆက်စပ်နေပါတယ်။ သေချာတာ တစ်ခုကတော့ သက်တမ်းစေ့ ရွေးကောက်ပွဲဖြစ်စေ၊ သက်တမ်းတစ်ဝက်မှာ လုပ်မယ့် ရွေးကောက်ပွဲ ဖြစ်စေ၊ ရွေးကောက်ပွဲ မတိုင်ခင် ကျွန်တော် တိုင်းပြည်မှာ ရှိနေမှာပါပဲ" ဟု ၎င်းက ပြောသည်။

      သက်တမ်း တစ်ဝက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လာမည့်နှစ်တွင် ဖြစ်ကြောင်း Musharraf က ပြောသည်။

      ၎င်းပြန်လာမည့် အချိန်ကို ကြေညာရန် ကိစ္စမှာမူ လုံခြုံရေး ကိစ္စအပေါ် မူတည်၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

      "ကျွန်တော့် ဇနီးနဲ့ မိသားစုက ကျွန်တော့်ထက် ပိုပြီး စိတ်ပူကြတယ်ဗျ" ဟု ၎င်းက ကြာသပတေးနေ့က ပြောခဲ့သည်။ "ဒါပေမယ့် လုံခြုံရေး ကိစ္စတွေကတော့ ထည့်စဉ်းစားရမယ်။ ဒါ့ကြောင့် ကျွန်တော် ပြန်မယ့်ရက်ကို မသတ်မှတ်ရသေးဘူး" ဟု ဆိုသည်။

      "ဒါပေမယ့် ကျွန်တော့် ရည်ရွယ်ချက်တွေကို ကြေညာပြီး စတင် အကောင်အထည် ဖော်ဖို့ကတော့ နောက်မကျပါဘူး။ မကြာခင် ပြောပါ့မယ်" ဟု ပြောသွားသည်။

      ကုလသမဂ္ဂက ပြီးခဲ့သည့်လက ထုတ်ပြန်သော အစီရင်ခံစာတွင် Musharraf အစိုးရသည် ၂၀၀၇ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း ဘာနေဇာဘူတို လုပ်ကြံခံရမှုကို အကာအကွယ် မပေးနိုင်ခဲ့ကြောင်း ဖော်ပြထားမှုအား ၎င်းက အလေးအနက်ထား ပြောကြားသွားသည်။

      "သူမကို ခြိမ်းခြောက်မှုတွေ ရှိတယ်လို့ ကျွန်တော်ကပဲ သတိပေးခဲ့တာဗျ။ ကျွန်တော်က သူမကို အဲဒီနေရာကို မသွားဖို့ တားခဲ့တော့။ နိုင်ငံရေးသမားတွေက တဖက်သတ် ကျွန်တော့်ကို သူမအပေါ် အကန့်အသတ်တွေ များတယ်လို့ စွပ်စွဲကြပြန်ရော။ ဒါပေမယ့် သူမက အဲဒီနေရာကို ထပ်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လေ" ဟု Musharraf့  ပြောသည်။

      "လုံခြုံရေးကတော့ ရဲတွေက တတ်နိုင်သလောက် ပေးခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

      ပါကစ္စတန်ရှိ စစ်သွေးကြွများကို တိုက်ခိုက်ရန် အမေရိကန် ပြည်ထောင်စုက မောင်းသူမဲ့ လေယာဉ်များ အသုံးပြုမှု အတွက် သတင်းများကို Musharraf က ဝေဖန် ပြောကြားရာတွင် အဆိုပါ လုပ်ရပ်သည် ဖြစ်လာမည့် မကောင်းသည့် အကျိုးဆက်များကို မစဉ်းစားဘဲ လုပ်သည့် လုပ်ရပ် ဖြစ်ကြောင်း၊ အရပ်သူ အရပ်သားများ၏ ပစ္စည်းများ ပျက်စီးခြင်းကြောင့် အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်များ ရိုက်ခတ်ကြောင်း ပြောသည်။

      အဆိုပါ တိုက်ခိုက်မှုများသည် ပါကစ္စတန် လူမျိုးများ၏ အတွေးအခေါ်များကို လုံးဝ ပြောင်းသွားစေကြောင်း၊ Time Square တွင် မအောင်မြင်သော ဗုံးထောင်မှုတွင် ပတ်သက်သော ပါကစ္စတန်နွယ်ဖွား အမေရိကန် နိုင်ငံသား Faisal Shazad ကို ရည်ညွန်း၍ ပြောကြားခဲ့သည်။ "မောင်းသူမဲ့ လေယာဉ်တွေနဲ့ မစဉ်းစား မဆင်ခြင်ဘဲ ဗုံးကြဲမှုတွေကြောင့် Faisal Shahad အဲဒီလို ဖြစ်သွားလားလို့ ကျွန်တော် စဉ်းစားနေတာဗျ" ဟု ၎င်းက ပြောကြားခဲ့သည်။

      အင်တာနက်တွင် Prophet Mohammed ဆိုသည့် အဖွဲ့ကြောင့် ယခုအပတ်တွင် ပါကစ္စတန် အစိုးရက Facebook သို့ မဝင်ရောက်နိုင်ရန် ပိတ်ထားခြင်းအား Musharraf က ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

      "Prophet Mohammed ဓာတ်ပုံက မရှိနိုင်ပါဘူး။ ကာတွန်းပုံကတော့ ထားလိုက်ပါတော့။ ကံမကောင်းတာပါပဲ။ ကျွန်တော်တို့ သိရမယ်။ ဒါဟာ အရေးကြီးတဲ့ ကိစ္စပါ။ မီဒီယာရဲ့ လွတ်လပ်ခွင့်၊ မိန့်ခွန်းရဲ့ လွတ်လပ်စေမှုတွေ အတွက် သန်းပေါင်းများစွာသော လူတွေရဲ့ ခံစားမှုတွေကို ကျွန်တော်တို့ မထိခိုက်စေချင်ပါဘူး" ဟု ၎င်းက ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment