Transparency Myanmar

transparency.myanmar@gmail.com

Deutsche Presse, 3rd June 2010

ဥရောပ သမဂ္ဂ၏ အိမ်နီးချင်းများ ဖြစ်သော အိုက်စလန်မှသည် အာမေးနီးယား အထိ ပါဝင်သော နိုင်ငံများသည် မြန်မာအစိုးရ အပေါ် ကုန်သွယ်ရေးနှင့် ပြည်ဝင် ဗီဇာ ပိတ်ပင်ရေးကို ဆက်လက် ကျင့်သုံးမည့် အီးယူ အဖွဲ့၏ ဆုံးဖြတ်ချက်အား လက်မှတ် ရေးထိုးခဲ့ကြသည် ဟု အီးယူက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာ အစိုးရကို ဒီမိုကရေစီ စနစ်သို့ ဦးတည်စေရန် တွန်းအားပေးသည့် အနေဖြင့် ၂၀၀၆ ခုနှစ်တွင် အီးယူက အရေးယူ ပိတ်ဆို့မှုများကို ပထမဆုံး ချမှတ်ခဲ့သည်။ ပြီးခဲ့သော ဧပြီလတွင် အဆိုပါ အရေးယူ ပိတ်ဆို့မှုများကို တစ်နှစ် ထပ်မံ သက်တမ်း တိုးလိုက်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အနေအထား တိုးတက်မှု မရှိသကဲ့သို့ ဒီမိုကရေစီ လုပ်ငန်းစဉ်သို့ ရှေ့ရှုသည့် ကြီးကြီးမားမား တိုးတက် ပြောင်းလဲမှု ပျောက်ဆုံးနေသည် ဟု  ဝေဖန် ကန့်ကွက်ခဲ့သည်။

အယ်ဘေးနီးယား၊ အာမေးနီးယား၊ ဘော့စနီးယား၊ ခရိုအေးရှား၊ ဂျော်ဂျီယာ၊ အိုက်စလန်၊ လိုင်ချင်စတိန်း၊ မက်ဆီဒိုနီးယား၊ မော်လ်ဒိုဗာ၊ မွန်တီနီဂရိုး နှင့် နော်ဝေ စသော နိုင်ငံများက "မြန်မာ အစိုးရ အပေါ် အရေးယူ ပိတ်ဆို့မှုများ၏ ရည်ရွယ်ချက်များကို သဘောတူ ညီမျှကြသည်'' ဟု ကြေညာခဲ့ကြပြီး ၎င်းတို့ နိုင်ငံများ၏ အမျိုးသား မူဝါဒများနှင့် ကိုက်ညီအောင် ဆောင်ရွက်ကြလိမ့်မည် ဟု အီးယူ ကြေညာချက်တွင် ဖော်ပြထားသည်။

ဖော်ပြပါ အရေးယူ ပိတ်ဆို့မှုများတွင် ပါဝင်သည့် အစီအစဉ်များမှာ မြန်မာနိုင်ငံမှ သစ်နှင့် သတ္တု တင်သွင်းမှု တားမြစ်ခြင်း၊ လက်နက် တင်ပို့မှု တားမြစ်ခြင်း၊ စစ်အစိုးရ ဆက်စပ် ကုမ္ပဏီ ၁၂၀၀ နှင့် ငွေကြေး ဆက်နွယ်မှု တားမြစ်ခြင်း၊ စစ်အစိုးရ အဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပါဝင်သော လူ ၄၀၀ ခန့်ကို ပြည်ဝင် ဗီဇာ ပိတ်ပင်ခြင်း စသည်တို့ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment