Transparency Myanmar

transparency.myanmar@gmail.com

VOA News, 8th June 2010

မြန်မာနိုင်ငံသည် နျူကလီယာ အစီအစဉ် တိုးတက် ဖွံ့ဖြိုးစေရန် မြောက်ကိုရီးယားနှင့် ပူးပေါင်း လုပ်ဆောင်နေသည်ဟု တင်ပြလာသော အစီရင်စာများကို စုံစမ်း စစ်ဆေးရန် ဝါရင့် အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အား တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ သွားရန် စီစဉ်ထားသော ခရီးစဉ်ကို ဆီနိတ်တာ Jim Webb ပယ်ဖျက်ခဲ့ခြင်းမှာ နော်ဝေး အခြေစိုက် အုပ်စု DVB ထံမှ စွပ်စွဲချက်များကြောင့် ဖြစ်သည်။ နျူကလီယာ အစီအစဉ်တွင် တာဝန် ထမ်းဆောင်ခဲ့ပြီးမှ မြန်မာနိုင်ငံမှ ထွက်ပြေး ခိုလှုံလာသော ဗိုလ်မှူးအဆင့်ရှိ မြန်မာ အရာရှိက ၎င်း၏ ပြောကြားချက်များကို အထောက်အကူ ဖြစ်စေမည့် အထောက်အထားများကို ယူဆောင်လာခဲ့သည်ဟု DVB က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ နျူကလီယာ အေဂျင်စီက တနင်္လာနေ့တွင် ပြောကြားရာ၌ အစီရင်ခံစာကို အကဲဖြတ် စစ်ဆေးနေကြောင်းနှင့် အကယ်၍ လိုအပ်ပါက မြန်မာနိုင်ငံမှ "ထုချေ ရှင်းလင်းမှု" ကို ရရှိအောင် ကြိုးစားမည်ဟု ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရန် Jim Webb က အိုဘားမား အစိုးရကို တောင်းဆိုခဲ့သည်။ ၎င်းက အဆိုပါ ရာထူး အတွက် လက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး Eric John ကို အကြုံပြုခဲ့သည်။

Jim Webb သည် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၏ အရှေ့အာရှ ဆပ်ကော်မတီ ဥက္ကဌ ဖြစ်သည်။

၎င်းသည် မနှစ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ် တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သလို၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အင်းလျားကန်စောင်း နေအိမ်သို့ တရားမဝင် ရေကူးဝင်ရောက်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော အမေရိကန် လူမျိုး John Yettaw ကိုလည်း လွတ်မြောက်အောင် ကယ်ထုတ်သွားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment