Transparency Myanmar

transparency.myanmar@gmail.com

English.people.com, 9th June 2010

တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ "Seamual Undong Set Model" ပြည်ပနိုင်ငံများ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ကျွမ်းကျင်သူများကို လေ့ကျင့်ရာတွင် အကူအညီပေးမည်ဟု မြန်မာ စိုက်ပျိုးရေး အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ မြန်မာလူမျိုး ကျွမ်းကျင်သူ အများစုကို အရှေ့အာရှ တောင်ကိုရီးယား နိုင်ငံတွင် ဇွန် ၁၄ မှ ၂၃ အထိ လေ့ကျင့် သင်တန်းပေးမည်ဟု ဆိုသည်။

အဆိုပါ အစီအစဉ်ကို တောင်ကိုရီးယား အစိုးရက ၁၉၇၀ မှစ၍ အကောင်အထည် ဖော်ခဲ့ရာတွင် မြန်မာ စိုက်ပျိုးရေး ကျွမ်းကျင်သူများအား လေ့ကျင့်ပေးမှုသည် ယခု ပထမဆုံး အကြိမ် ဖြစ်လိမ့်မည်။

အဆိုပါ အစီအစဉ်မှ စုစုပေါင်း နိုင်ငံပေါင်း ၇၀ ခန့် အကျိုးကျေးဇူး ရရှိခဲ့ကြသည်ဟုလည်း သိရှိရသည်။

တစ်ချိန်တည်းတွင် ဂျပန်နိုင်ငံ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ကူညီရေး စီမံကိန်းအရ မြန်မာ အစိုးရ ဝန်ထမ်း ၂၅ ဦးကို လက်ရှိ ၂၀၁၀ - ၂၀၁၁ စီမံကိန်းနှစ်တွင် ဂျပန်နိုင်ငံသို့ လေ့လာရေး စေလွှတ်မည်ဟုလည်း အစောပိုင်း သတင်းများအရ သိရှိရသည်။

မြန်မာ သင်တန်းသားများတွင် ပညာရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနများမှ အရာရှိများ  ပါဝင်ကြသည်ဟု သိရသည်။

သင်တန်းသားများသည် မဟာဘွဲ့အတွက် ဂျပန်နိုင်ငံတွင် နှစ်နှစ်ကြာ လေ့လာသင်ယူရာတွင် လူထု မူဝါဒနှင့် အုပ်ချုပ်စီမံခန့်ခွဲမှု၊ ဥပဒေ၊ စီးပွားရေး၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု၊ နိုင်ငံတကာ ဆက်ဆံရေး၊ စိုက်ပျိုးရေး မူဝါဒ၊ သတင်း ဆက်သွယ်ရေးနှင့် နည်းပညာ စသော အဓိက ဘာသာရပ်များကို လေ့လာကြရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment