Transparency Myanmar

transparency.myanmar@gmail.com

အီရန် နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကြောင့် ဖြစ်ပေါ်လာသော အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် အသားတကျ ဖြစ်လာမှုကို လေ့လာမိသလောက် ပြောရလျှင် ခဏတာမျှသာ ဖြစ်ပါလိမ့်မည်။

အမေရိကန် ပြည်ထောင်စုက တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်၏ ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအပေါ် ထားရှိသည့် မူဝါဒကို အမေရိကန် ပြည်ထောင်စုက ကျောထောက် နောက်ခံ ပေးလျက် ရှိသည်။ တောင်ကိုရီးယားကို ယင်းသို့ ထောက်ပံ့ပေးမှုသည် အာရှဒေသတွင် တရုတ်နိုင်ငံအား သံတမန် နည်းလမ်းအရရော မဟာဗျူဟာအရပါ အထီးကျန်ဖြစ်အောင် ကြိုးပမ်းချက် တစ်ရပ် ဖြစ်သည်ဟု ဘေဂျင်းအစိုးရက နားလည် သဘောပေါက်သည်။

မြန်မာအစိုးရ၏ နျူကလီယာဆိုင်ရာ ရည်မှန်းချက်များနှင့် ပတ်သက်၍ ထွက်ပေါ်လျက် ရှိသော စွပ်စွဲ ပြောဆိုမှုများကို ဝါရှင်တန်အစိုးရက အရေးကိစ္စရပ်ကြီး တစ်ခုအဖြစ် ထုတ်ဖော်မည်မှာ သေချာသည်။ အမေရိကန်က မြန်မာစစ်အစိုးရ၏ နျူကလီယာ အရေးကိစ္စကို အခြေခံကာ အကြောင်းကိစ္စ နှစ်ရပ် ထုတ်ဖော်ပေလိမ့်မည်။ နံပါတ်-၁ အချက်မှာ မြန်မာတွင် ယင်းသို့ နျူကလီယာ လက်နက် တပ်ဆင်ရန်အထိ လုပ်ကိုင်နေခြင်းသည် တရုတ်နိုင်ငံ၏ တာဝန်ကင်းမဲ့မှုကြောင့် ဖြစ်ပေါ်လာသော အထောက်အထား တစ်ရပ်အဖြစ် ထုတ်ဖော်ခြင်း ဖြစ်သည်။ နံပါတ်-၂ အချက်မှာ အာရှဒေသ လုံခြုံရေး ဟာကွက်ဖြစ်နေမှုကို ဖြည့်စွက်ရာတွင် အမေရိကန် ပြည်ထောင်စုက တာဝန်ယူ ဖြေရှင်းသူ အဖြစ် ထုတ်ဖော်ခြင်း ဖြစ်သည်။

မကြာသေးခင် ရက်သတ္တပတ်အတွင်း စင်ကာပူ နိုင်ငံတွင် ကျင်းပသော ရှန်ဂရီလာ ဒိုင်ယာလော့ခ် အမည်ရ လုံခြုံရေးကွန်ဖရင့်တွင်လည်း အာရှ ကာကွယ်ရေး ဝန်ကြီးများအကြား သဘောထား ကွဲလွဲမှုများ ပြတ်ပြတ်သားသား ထွက်ပေါ်ခဲ့သည်။ မည်သို့ဆိုစေ မြန်မာ နျူကလီယာ အရေးနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု၏ သဘောထားကို ဆီနိတ်တာ ဂျင်ဝက်ဘ်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခဲ့သည်။ အာရှတွင် တရုတ်နှင့် စေ့စပ်မှု ဆန့်ကျင်ရေးကို အလွန်အမင်း ထောက်ခံ ပြောဆိုသူ တစ်ဦး ဖြစ်သော မစ္စတာဂျင်ဝက်ဘ်သည် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ခဲ့သော်လည်း နျူကလီယာဆိုင်ရာ စွပ်စွဲ ပြောဆိုမှုများ ပေါ်ပေါက်လာပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

မစ္စတာဂျင်ဝက်ဘ်သည် အမေရိကန် ကွန်ဂရက်နှင့် မြန်မာနိုင်ငံ စေ့စပ် ညှိနှိုင်းရေးတွင် အဓိက ကျသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထို့ပြင် သူသည် ကာလကြာရှည်စွာ အဖြေမထွက်နိုင်ခဲ့သော မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒထက် စေ့စပ် ညှိနှိုင်းမှုကို အကောင်အထည် ဖော်နိုင်ခဲ့သည်။

Georgetown University ပေါမောက္ခ နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် မူဝါဒဆိုင်ရာ အာဏာပိုင်လည်း ဖြစ်သော David Steinberg က အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် ဘီလ် ကလင်တန်နှင့် ဂျော့ဒဗလျူဘွတ် လက်ထက်တို့၌ ရှိခဲ့သည့် သဘောထား ဖြစ်သော မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်စနစ် ပြောင်းလဲရေးထက် စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းရေးကို ပြောင်းလဲ ကျင့်သုံးနေပြီ ဖြစ်ကြောင်း Asia Time Online သို့ ပြောကြားသည်။ အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့ အပြန်အလှန် ထားရှိသော မူဝါဒကို Zero-Sum အဖြစ် မသတ်မှတ်သင့်ဟု ၎င်းက သတိပေးပြောဆိုသည်။ အမေရိကန်-မြန်မာ အပြန်အလှန် မူဝါဒ ဟူသည် မြန်မာနိုင်ငံတွင်း စီးပွားရေး၊ စွမ်းအင်နှင့် လုံခြုံရေး စသည်တို့၌ တရုတ်နိုင်ငံ၏ လွှမ်းမိုးလာမှုကို နားလည် သဘောပေါက်ရန် ဖြစ်သလို မြန်မာပြည်သူတို့၏ ဓနအင်အား ကြွယ်ဝချမ်းသာမှုကို မြှင့်တင်ရန် ဖြစ်ကြောင်း ပေါမောက္ခ David Steinberg က ပြောကြားသည်။

ဆီနိတ်တာဂျင်ဝက်ဘ်သည် အမေရိကန်၏ အာရှရေးရာ မူဝါဒတွင် အရေးပါသူ တစ်ဦး ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် မစ္စတာဂျင်ဝက်က အမေရိကန်နှင့် မြန်မာ ဆက်ဆံရေး မြှင့်တင်နိုင်ရေးအတွက် အချိတ်အဆက်များ စတင်ပြုလုပ်သည်။ မြန်မာနိုင်ငံတွင်း တရုတ်ပြည်၏ သြဇာ လွှမ်းမိုးမှုများနှင့် ကိုယ်ကျိုးအတွက် အသုံးချမှုများကို ကာကွယ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လတ်တလော ကာလအတွင်း မစ္စတာဂျင်ဝက်ဘ် ထုတ်ပြန်သော ကြေညာချက်များကို အခြေခံ၍ သုံးသပ်ရပါက မြန်မာနိုင်ငံနှင့် ပတ်သက်၍ တရုတ်-အမေရိကန် ပူးပေါင်းမှုတွင် သူနိုင်-ကိုယ်နိုင် (Win-Win) အနေအထားရမည့် သဘောမျိုး တဖြည်းဖြည်းချင်း လျော့ကျလာသည်ကို တွေ့ရသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဆပ်ကော်မတီတွင် ပြုလုပ်သော အာရှရေးရာ ကြားနာမှု အစည်းအဝေးပွဲတွင် မစ္စတာ ဂျင်ဝက်ဘ်က တရုတ်ပြည်နှင့် တရုတ်ပြည်အပေါ် ထားရှိသော အမေရိကန် မူဝါဒဆိုင်ရာ ဆန်းစစ် ဝေဖန်မှုများကို ကြေညာချက်နှင့်တကွ မိတ်ဆက် ပြောဆိုသည်။ "ဤကမ္ဘာပေါ်တွင် တရုတ်နိုင်ငံထက် စီးပွားရေးအရ၊ မဟာဗျူဟာအရ ပို၍ သာလွန်သော နိုင်ငံမရှိ" ဟု ၎င်းက ဆိုသည်။

Asia Time မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment