Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ မြန်မာအာဏာပိုင်များက စစ်အစိုးရ၏ နျူကလီယာ အစီအစဉ်များကို ထုတ်ဖော်ခဲ့သူ ပြည်ပြေး စစ်ဘက်အရာရှိ၏ မိသားစုဝင်များအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။

The Irrawaddy သတင်းဌာန အဆိုအရ မြန်မာစစ်တပ်မှ ထွက်ပြေးသွားသူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ မိသားစုဝင်များကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့် လေ့လာနေပြီး ၎င်းတို့ အနေဖြင့် အိမ်ပြင်သို့ ထွက်လိုပါက ခွင့်ပြုချက် ရယူရန် လိုအပ်ကြောင်း သိရသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ထုတ်ဖော်ခဲ့သော သတင်းကို အခြေခံပြီး နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က မြန်မာ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သော အစီရင်ခံချက် တစ်ရပ်ကို ထုတ်လွှင့်ခဲ့သည်။ ယင်းအစီရင်ခံချက်ကို Al Jazeera သတင်းဌာနက ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ထုတ်လွှင့်ပြသခဲ့သည်။

အဆိုပါ အစီရင်ခံချက်အရ ရုရှားနိုင်ငံတွင် ဒုံးကျည်နည်းပညာ သွားရောက် သင်ကြားခဲ့ဖူးသူ စစ်အင်ဂျင်နီယာ အရာရှိ ဗိုလ်မှူးစိုင်းသိန်းဝင်းသည် လူအမြောက်အမြား သေစေနိုင်သော လက်နက် ထုတ်လုပ်နိုင်ရန် တည်ဆောက်ထားသော စက်ရုံများတွင် လုပ်ကိုင်ပြီးနောက် ပြည်ပသို့ ထွက်ပြေးသွားသည်။ VOA သတင်းဌာန၊ မြန်မာ့ရေးရာ အစီအစဉ်က မြန်မာ အာဏာပိုင်များသည် မြေအောက် လိုဏ်ခေါင်းများ တည်ဆောက်ရာတွင် ပါဝင်ခဲ့သူများနှင့် ပြည်ပသို့ နျူကလီယာ စီမံကိန်းဖြင့် သွားရောက်ခဲ့သူ စစ်ဘက်အရာရှိ များကိုလည်း စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း သတင်း ပေးပို့သည်။

Radio Australia News မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment