Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 12th June 2010

မြန်မာ အစိုးရသည် သောကြာနေ့က ၎င်းအနေဖြင့် နျူကလီယာဗုံး ပြုလုပ်ရန် ရည်ရွယ်ချက် မရှိကြောင်း သောကြာနေ့က ပြောကြားလိုက်ပြီး၊ အနောက်နိုင်ငံများက မြောက်ကိုရီးယားနှင့် နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ် ပူပန်မှုများကို ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နျူကလီယာ လက်နက် အစီအစဉ်များ စတင်လျက် ရှိကြောင်း သတင်းများအရ အမေရိကန်က ပြုံးယမ်းနှင့် စစ်ရေးအရ ဆက်ဆံမှုများ တိုးတက်လာခြင်းအား စိုးရိမ် ပူပန်မျှုများ ရှိလာသည်ဟု ဆိုသည့်နောက်တွင် မြန်မာ အစိုးရက အထက်ပါ အတိုင်းဖြင့် ငြင်းဆိုမှုများ ထွက်ပေးလာခြင်း ဖြစ်သည်။

နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သော သတင်း ကြေညာချက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းများမှာ အခြေအမြစ် မရှိသော စွပ်စွဲချက်များသာ ဖြစ်ပြီး နိုင်ငံရေးအရ ဆွဲဆောင်ထားခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်က ဆက်လက် ပြောကြားရာတွင် မကြာသေးမီက နျူကလီယာ စွပ်စွဲချက်များသည် ယခု နှစ်မကုန်မီ ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဖြစ်ပေါ်လာနိုင်သည့် အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံကြား ဆွေးနွေးပွဲ အသစ်တဖန် ဖြစ်ပေါ်မှုကို ဖျက်လိုဖျက်ဆီး ပြုလုပ်သော ရည်ရွယ်ချက် ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည်နှင့် အညီ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များနှင့် ကြေညာချက်များကို အမြဲတမ်း လေးစားလိုက်နာသည့် နိုင်ငံ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ စွပ်စွဲချက်များသည် ယခုနှစ် ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီရေး ကြိုးစားနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေး လုပ်ငန်းစဉ်များ အင်အားချိနဲ့အောင် ပြုလုပ်ရန် ရည်ရွယ်ပုံရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ မှတ်ချက်ပေးရခြင်းမှာ မကြာသေးမီက နော်ဝေး အခြေစိုက် သတင်းဌာန ဖြစ်သော ဒီမိုကရက်တစ် မြန်မာအသံ (DVB) မှ သတင်းကားတွင် မြန်မာနိုင်ငံသည် နျူကလီယာ ဗုံးလုပ်ရန် ကြိုးစားနေသည်ဟု စွပ်စွဲထားသောကြောင့် ဖြစ်သည်။

DVB ၏ သတင်းကားတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ စစ်တပ် အရာရှိဟောင်းနှင့် နှစ်ပေါင်း များစွာ စုဆောင်းထားသော ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ဖော်ပြထားသည်။ ထို့အပြင် ထောင်ပေါင်းများစွာသော ဓာတ်ပုံများ၊ အခြား ထွက်ပြေးလာသူများက ယူဆောင်လာသော အစိုးရ၏ နျူကလီယာ အစီအစဉ်များနှင့် မြောက်ကိုရီးယား၏ အကူအညီဖြင့်ဟု စွပ်စွဲထားသော လျှို့ဝှက် မြေအောက် ဥမင်လိုဏ်များ ကိစ္စအား ဖော်ထုတ်ထားသော သက်သေ အထောက်အထားများကို ဖော်ပြထားသည်။

နှစ်ပေါင်းကြာအောင် စုံစမ်း စစ်ဆေးမှုများတွင် မြန်မာနိုင်ငံ၏ နျူကလီယာ တပ်ရင်းတွင် ဒုတပ်ရင်းမှူး ဖြစ်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ယူဆောင်လာသော ရာပေါင်းများစွာသော ဖိုင်များနှင့် အခြား အထောက်အထားများ ပါဝင်သည်။

"သူတို့ဟာ တကယ်ပဲ နျူကလီယာဗုံး ပြုလုပ်လိုပါတယ်။ ဒါဟာ သူတို့ရဲ့ အဓိက ရည်မှန်းချက်ပါ" ဟု ၎င်းက ပြောခဲ့သည်ဟု ကိုးကား ဖော်ပြခဲ့သည်။

အဆိုပါ စွပ်စွဲချက်များကြောင့် အမေရိကန် ဆီနိတ်တာ Jim Webb သည် ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အား ဖျက်သိမ်းခဲ့ပြီး၊ အဆိုပါ လုပ်ရပ်သည် မိုက်မဲရာ ကျပြီး၊ ဆိုးဝါးသော အခြေအနေများကိုသာ ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ရှိချက်များတွင် မြန်မာ အစိုးရသည် နျူကလီယာ အစီအစဉ်များ တိုးတက်ရေး အတွက် မြောက်ကိုရီးယားနှင့် ဆက်စပ်လုပ်ကိုင်နေကြောင်း ဖြစ်နိုင်သည့် စွပ်စွဲချက် အသစ်များ ပါဝင်ကြောင်း Webb က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် လွန်ခဲ့သော ဇွန်လက မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားသော လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားမှုအား ချိုးဖောက်သည်ဟု စွပ်စွဲမှုများ ရှိလာခဲ့သည်။

ပြီးခဲ့သည့် မေလ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell မြန်မာနိုင်ငံသို့ သွားရောက်စဉ်က မြောက်ကိုရီးယားမှ လက်နက်များ တင်ပို့ထားသည်ဟု သံသယရှိသဖြင့် စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့သည်။

သမ္မတ Obama အစိုးရသည် ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ အပေါ် အထီးကျန်ပြုမှုသည် အောင်မြင်မှုမရသဖြင့် စစ်အစိုးရ အုပ်ချုပ်သူများနှင့် ဆွေးနွေးရန် စတင်ပြုလုပ်ခဲ့သည်။

သို့သော် ဝါရှင်တန်သည် မြန်မာ အစိုးရ၏ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲ ပြင်ဆင်မှုများ အပေါ်နှင့် နျူကလီယာ အပေါ် စိုးရိမ်ရမှုများ တိုးတက်လာခြင်း အပေါ် ထိရောက်စွာ ဝေဖန်ခဲ့သည်။

၁၉၈၃ ခုနှစ်တွင် မြောက်ကိုရီးယား အေးဂျင့်များသည် တောင်ကိုရီးယား သမ္မတ ချွန်ဒူးဒမ် မြန်မာနိုင်ငံသို့ လာရောက်စဉ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုကြောင့် မြန်မာနိုင်ငံနှင့် ပြုံးယမ်းတို့ ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်။ အဆိုပါ လုပ်ကြံရန် ကြိုးစားမှုတွင် လူ ၂၁ ဦး သေဆုံးခဲ့သည်။

သို့သော် နှစ်နိုင်ငံစလုံးအား အမေရိကန်က သီးခြား ကွဲထွက်နေသော အာဏာရှင်များ အဖြစ် တံဆိပ်ကပ်ခဲ့ရာ မကြာသေးမီနှစ်များ အတွင်းက နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ထူထောင်ရန် ကြိုးစားခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ်တွင် ရှားရှားပါးပါး ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်ရာ၊ ဝေဖန်သူများက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်း မပြုနိုင်အောင် ဥပဒေဖြင့် တားဆီးထားသောကြောင့် အလိမ်အညာ ရွေးကောက်ပွဲဟု ဝေဖန်နေကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment