Transparency Myanmar

transparency.myanmar@gmail.com

AFP, 16th June 2010

ဗုဒ္ဓဟူးနေ့က ရာသီဥတု ဆိုးဝါးမှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စစ်ဖက် ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ ၄ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည် ဟု သက်ဆိုင်ရာ အရာရှိများက ပြောကြားသည်။

Mi-1 အမျိုးအစား စစ်ဖက် ရဟတ်ယာဉ်သည် ရှမ်းပြည်နယ် အနောက်ပိုင်း ပင်းတယမြို့အနီး တောအုပ်ထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

လိုက်ပါလာသူ လေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တစ်ဦးကို အနီးမှ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ရဟတ်ယာဉ် ပျက်ကျမှု အတွက် ရာသီဥတု ဆိုးဝါးမှုကိုသာ အပြစ်တင်ရမည် ဖြစ်ကြောင်း နောက်ထပ် စစ်ဖက် အရာရှိ တစ်ဦးက ပြောကြားခဲ့သော်လည်း သေဆုံးသူများ၏ ကိုယ်ရေး အချက်အလက် အသေးစိတ်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပါ။

လျှို့ဝှက်တတ်သော မြန်မာ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ စစ်ဖက် စစ်ဆင်ရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ထုတ်ဖော် ပြောဆိုမှု မရှိသလောက် နည်းပါးလှသော်လည်း ၂၀၀၉ ဒီဇင်ဘာလက  လေယာဉ်မောင်း ပိုင်းလော့ တစ်ဦး သေဆုံးခဲ့သည့် တရုတ်နိုင်ငံလုပ် ဂျက်တိုက်လေယာဉ် မတော်တဆ ပျက်ကျမှုကိုမူ နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment