Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံမှတစ်ဆင့် ဖြတ်သန်းသွားပြီး ဘင်္ဂလားဒေ့ရှ်သို့ ဖောက်လုပ်မည့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ လမ်းဆက်သွယ် ဖောက်လုပ်ရေး အဆိုပြုလွှာကို တရုတ်အစိုးရက သဘော တူညီလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဒုတိယသမ္မတ Xi Jinping ၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ပြီးဆုံးပြီးနောက် ဝန်ကြီးချုပ် Sheikh Hasina က အဆိုပါ လမ်းဖောက်လုပ်ရေး လုပ်ငန်း အပြီးသတ် ဆောင်ရွက်ရန် တရုတ်အစိုးရက သဘော တူညီလိုက်ကြောင်း ထုတ်ဖော် ကြေညာသည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ငွေကြေး စိုက်ထုတ်မှုဖြင့် ဖောက်လုပ်မည့် အဆိုပါ ဘင်္ဂလားဒေ့ရှ် - မြန်မာ လမ်းမ စီမံကိန်းအတွက် ဒီဇိုင်း ရေးဆွဲမှုများ ပြုလုပ်လျက် ရှိကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပါလီမန်သို့ ပြောကြားသည်။ လမ်းဖောက်လုပ်ရေး စီမံကိန်းကို အပိုင်း နှစ်ပိုင်း ခွဲကာ အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သူမက ဆိုသည်။

ပထမ တစ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Ramuမြို့ မှ Gudum မြို့သို့ ဖောက်လုပ်မည် ဖြစ်ကြောင်း ဒုတိယ အပိုင်းမှာ ကီလိုမီတာ ၂၃ ရှည်လျားပြီး မြန်မာနိုင်ငံတွင် Taungbro မှ Bolibazar သို့ ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒါကာ အစိုးရသည် ယခုအခါ ဘင်္ဂလားဒေ့ရှ် ပြည်သူများ၏ အကျိုးစီးပွားအတွက် တရုတ်နိုင်ငံ အပါအဝင် အရှေ့တောင် အာရှ (အာဆီယံ) နိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ချိတ်ဆက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းလျက် ရှိကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပြောသည်။

"အဆိုပြုထားတဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း အကျိုး ဖြစ်ထွန်းမှုတွေ ဖြစ်စေမယ်။ မော်တော်ကားလမ်းတွေနဲ့ ရထားလမ်း ဆက်သွယ်ရေး ကွန်ယက်တွေ အာဆီယံနိုင်ငံတွေ အကြား ထွက်ပေါ်လာမှာ ဖြစ်ပါတယ်" ဟု Sheikh Hasina က ပြောကြားသည်။

တရုတ် အပါအဝင် အခြားသော အရှေ့တောင် အာရှ နိုင်ငံများနှင့် ပူးပေါင်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်းများကို အပြန်အလှန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သူမက ဖြည့်စွက် ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် အမျိုးသမီး ဝန်ကြီးချုပ် Sheikh Hasina သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် အာဏာ ပြန်လည်ရရှိခဲ့သည်။ သူမသည် ထိုအချိန်မှ စကာ အိန္ဒိယ၊ တရုတ်နှင့် အခြား တောင်အာရှ နိုင်ငံများ ဖြစ်သော နီပေါ၊ ဘူတန် စသည့်နိုင်ငံတို့နှင့် ကုန်သွယ်ရေး လုပ်ငန်းများ ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ကားနှင့် ရထားလမ်းများ ချိတ်ဆက် ဖောက်လုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ယခု ကားလမ်း ဖောက်လုပ်ပြီးသွားပါက ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ တစ်ဆင့် ကုန်သွယ်မှု ပြုလုပ်နိုင်မည် ဖြစ်သည်။ လမ်းဖောက်လုပ်ရေး ဒုတိယအပိုင်း ဖြစ်သည့် Bolibazar နှင့် Kyanktow လမ်းပိုင်းကို မြန်မာအစိုးရက ဖောက်လုပ်မည် ဖြစ်သည်။ Kyanktow နှင့် တရုတ်နိုင်ငံ ကူမင်းမြို့အကြား လမ်းပန်း ဆက်သွယ်မှု ရှိကြောင်း ဝန်ကြီးချုပ် Hasina က ဆိုသည်။

Xinhua သတင်းကို ဘာာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment